ဒဏ်ရာကြောင့်နှစ်ပတ်နားရမယ့် ရိုးမားတိုက်စစ်မှူးဒီဇီကို

ရိုးမားတိုက်စစ်မှူးအေဒင်ဒီဇီကိုဟာကြွက်သားဒဏ်ရာပြဿနာကြောင့်နှစ်ပတ်ခန့်အနားယူရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ဘော့စနီးယားတိုက်စစ်မှူးဟာကြားရက်တုန်းကစပို့တင်းဘရာဂါနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်ဂိုးသွင်းနိုင်ခဲ့ သော်လည်းဒုတိယပိုင်းတွင်ဘယ်ဖက်ပေါင်ကြွက်သားဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ဒီဇီကိုဟာလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းကရိုးမားနည်းပြဖွန်ဆီကာနှင့်အဆင်မပြေဖြစ်မှုကြောင့် အသင်းတွင်ကစားခွင့်ပျောက်ဆုံးနေခဲ့သူဖြစ်ပြီးဖေဖော်ဝါရီလတွင်မှပြန်လည်ကစားခွင့်ရရှိလာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာတနင်္ဂနွေနေ့တွင်အေစီမီလန်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်အပြင်လာမယ့်အပတ်တွင်ကစားရမယ့်ဖီအိုရင်တီး နား၊ဂျီနိုအာတို့နှင့်ရင်ဆိုင်ရမယ့်ပွဲစဉ်များကိုလည်းလွဲချော်ပါမယ်။

ဒါပေမယ့်သူဟာရှက်တာဒိုးနက်စ်နှင့်ရင်ဆိုင်ကစားရမယ့်ယူရိုပါလိဂ်၁၆သင်းအဆင့်ပွဲစဉ်တွင်ပြန်လည်ကစားလာ နိုင်ဖို့ရှိပါတယ်။

ZawGyi

ဒဏ္ရာေၾကာင့္ႏွစ္ပတ္နားရမယ့္ ႐ိုးမားတိုက္စစ္မႉးဒီဇီကို

႐ိုးမားတိုက္စစ္မႉးေအဒင္ဒီဇီကိုဟာႂကြက္သားဒဏ္ရာျပႆနာေၾကာင့္ႏွစ္ပတ္ခန႔္အနားယူရေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။ေဘာ့စနီးယားတိုက္စစ္မႉးဟာၾကားရက္တုန္းကစပို႔တင္းဘရာဂါႏွင့္ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ဂိုးသြင္းႏိုင္ခဲ့ ေသာ္လည္းဒုတိယပိုင္းတြင္ဘယ္ဖက္ေပါင္ႂကြက္သားဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။

ဒီဇီကိုဟာလြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ခန႔္တုန္းက႐ိုးမားနည္းျပဖြန္ဆီကာႏွင့္အဆင္မေျပျဖစ္မႈေၾကာင့္ အသင္းတြင္ကစားခြင့္ေပ်ာက္ဆုံးေနခဲ့သူျဖစ္ၿပီးေဖေဖာ္ဝါရီလတြင္မွျပန္လည္ကစားခြင့္ရရွိလာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာတနဂၤေႏြေန႔တြင္ေအစီမီလန္ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္အျပင္လာမယ့္အပတ္တြင္ကစားရမယ့္ဖီအိုရင္တီး နား၊ဂ်ီႏိုအာတို႔ႏွင့္ရင္ဆိုင္ရမယ့္ပြဲစဥ္မ်ားကိုလည္းလြဲေခ်ာ္ပါမယ္။

ဒါေပမယ့္သူဟာရွက္တာဒိုးနက္စ္ႏွင့္ရင္ဆိုင္ကစားရမယ့္ယူ႐ိုပါလိဂ္၁၆သင္းအဆင့္ပြဲစဥ္တြင္ျပန္လည္ကစားလာ ႏိုင္ဖို႔ရွိပါတယ္။