ပေါင်ခြံခွဲစိတ်ကုသရမှုကြောင့် မန်ယူနှင့်စကော့တလန်ပွဲများကို မက်တိုမီနေးလွဲမည်

မန်ယူအလယ်တန်းကစားသမာစကော့မက်တိုမီနေးဟာပေါင်ခြံဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရမှုကြောင့်ကာလတစ်ခုအနားယူရတော့မှာဖြစ်ပါတယ်။

စကော့တလန်လက်ရွေးစင်ကစားသမားဟာအသေးစားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိစကော့မက်တိုမီနေးဟာလိဒ်အား၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ပွဲထွက်ကစားခဲ့သလိုဆောက်သမ်တန်နှင့်သရေကျတဲ့ပွဲတွင်ပွဲချိန်၇၆မိနစ်မှာအရန်အဖြစ်ဝင်ရောက်ကစားခဲ့ပါတယ်။

မက်တိုမီနေးဟာယခုအပတ်အကုန်တွင်ကစားရမယ့်ဝုဗ်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုလွဲချော်ပါမယ်။ဒါ့အပြင်သူဟာဒိန်းမတ်၊မော်ဒိုဗာ၊အင်ဒိုရာတို့နှင့်ရင်ဆိုင်ကစားရမယ့်စကော့တလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုလွဲချော်ပါမယ်။

သူဟာလာမယ့်စက်တင်ဘာလ၁၁ရက်နေ့မှာနယူးကာဆယ်နှင့်ကစားရမယ့်ပွဲမှာပါဝင်လာနိုင်မလားမရေရာသေးပါဘူး။

ZawGyi





