ပေါင်ခြံဒဏ်ရာကြောင့် သုံးလကြာနားခဲ့ရပြီးနောက် အီမီလီစမစ်ရိုး လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ

အာဆင်နယ်စတားအီမီလီစမစ်ရိုးဟာပေါင်ခြံဒဏ်ရာကြောင့်စက်တင်ဘာလကတည်းကအနားယူခဲ့ရပြီးနောက်လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၂နှစ်ရှိအီမီလီစမစ်ရိုးဟာယခုလအစောပိုင်းမှစတင်ကာအပေါ့စားလေ့ကျင့်ခန်းများပြုလုပ်လာခဲ့တဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့သူဟာပြီးခဲ့တဲ့အပတ်မှစတင်ကာအာဆင်နယ်ကစားဖော်များနှင့်အတူလေ့ကျင့်ခန်းဆင်းလာနိုင်ခဲ့တာဖြစ်ပြီးနှစ်သစ်ကူးနေ့တွင်ဘရိုက်တန်ကိုအဝေးကွင်းသို့သွားရောက်ကစားရမဲ့ပွဲမှာအာဆင်နယ်အရန်ခုံမှာထိုင်လာနိုင်ဖို့ရှိနေပါတယ်။

အာဆင်နယ်နည်းပြအာတီတာက “ပြီးခဲ့တဲ့အပတ်ကနေစပြီးသူဟာကြီးမားတဲ့ခြေလှမ်းလာနိုင်တယ်။အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်အချို့မှာပါဝင်လာနိုင်တယ်။အားလုံးအဆင်ပြေနေတယ်။မကြာခင်ပြန်ကစားလာနိုင်ဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အီမီလီစမစ်ရိုးပြန်ကစားလာနိုင်မှုကတိုက်စစ်မှူးဂါဘရီရယ်ဂျေဆူးကို လအတန်ကြာဆုံးရှုံးရမဲ့အာဆင်နယ်အတွက်သတင်းကောင်းဖြစ်နေပါတယ်။

ဂျေဆူးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ရရှိခဲ့တဲ့ဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီးနောက်သုံးလကြာအနားယူရပါမယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲ၁၅ပွဲကစားပြီးချိန်တွင်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပါတယ်။

ZawGyi

ေပါင္ၿခံဒဏ္ရာေၾကာင့္ သုံးလၾကာနားခဲ့ရၿပီးေနာက္ အီမီလီစမစ္႐ိုး ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီ

အာဆင္နယ္စတားအီမီလီစမစ္႐ိုးဟာေပါင္ၿခံဒဏ္ရာေၾကာင့္စက္တင္ဘာလကတည္းကအနားယူခဲ့ရၿပီးေနာက္ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၂ႏွစ္ရွိအီမီလီစမစ္႐ိုးဟာယခုလအေစာပိုင္းမွစတင္ကာအေပါ့စားေလ့က်င့္ခန္းမ်ားျပဳလုပ္လာခဲ့တဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့သူဟာၿပီးခဲ့တဲ့အပတ္မွစတင္ကာအာဆင္နယ္ကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္းဆင္းလာႏိုင္ခဲ့တာျဖစ္ၿပီးႏွစ္သစ္ကူးေန႔တြင္ဘ႐ိုက္တန္ကိုအေဝးကြင္းသို႔သြားေရာက္ကစားရမဲ့ပြဲမွာအာဆင္နယ္အရန္ခုံမွာထိုင္လာႏိုင္ဖို႔ရွိေနပါတယ္။

အာဆင္နယ္နည္းျပအာတီတာက “ၿပီးခဲ့တဲ့အပတ္ကေနစၿပီးသူဟာႀကီးမားတဲ့ေျခလွမ္းလာႏိုင္တယ္။အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္အခ်ိဳ႕မွာပါဝင္လာႏိုင္တယ္။အားလုံးအဆင္ေျပေနတယ္။မၾကာခင္ျပန္ကစားလာႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အီမီလီစမစ္႐ိုးျပန္ကစားလာႏိုင္မႈကတိုက္စစ္မႉးဂါဘရီရယ္ေဂ်ဆူးကို လအတန္ၾကာဆုံးရႈံးရမဲ့အာဆင္နယ္အတြက္သတင္းေကာင္းျဖစ္ေနပါတယ္။

ေဂ်ဆူးဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ရရွိခဲ့တဲ့ဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရၿပီးေနာက္သုံးလၾကာအနားယူရပါမယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲ၁၅ပြဲကစားၿပီးခ်ိန္တြင္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္ေနပါတယ္။