ဧပြီလအထိ လီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်အနားယူရမည်

လီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒန်ဟင်ဒါဆင်ဟာအဲဗာတန်နှင့်ပွဲစဉ်တုန်းကရရှိတဲ့ပေါင်ခြံဒဏ်ရာကြောင့်၁၀ပတ်အထိအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၀နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့အပတ်စနေနေ့တုန်းကအဲဗာတန်ကို ၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့မာဆေးလ်ဆိုက်ဒါဘီပွဲပထမပိုင်းတွင်ဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။ဟင်ဒါဆင်ဒဏ်ရာရရှိမှုက လီဗာပူးအတွက်ခံစစ်ပြဿနာကိုပိုမိုမြင့်မားလာနေစေပါတယ်။

သူဟာဗန်ဒိုက်၊မာတစ်၊ ဂိုမက်ဇ်၊ဖာဘင်ဟိုတို့နဲ့အတူအနားယူနေရပါတယ်။သူဟာအဓိကနောက်ခံလူများဒဏ်ရာ ကြောင့်အနားယူနေရစဉ်အတွင်းဗဟိုခံစစ်မှာဆင်းကစားနေတဲ့သူလည်းဖြစ်ပါတယ်။

ဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ဟင်ဒါဆင်ဟာလာမယ့်လတွင်ကစားရမယ့်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ များကိုလည်းလွဲချော်ပါမယ်။အင်္ဂလန်ဟာလာမယ့်လမှာဆန်မာရီနို၊အယ်ဘေးနီးယား၊ပိုလန်တို့နှင့်ကမ္ဘာ့ဖလားခြေ စစ်ပွဲကစားရပါမယ်။

သူဟာတနင်္ဂနွေနေ့တွင်ချဲလ်ဆီးနှင့်ကစားရမယ့်အရေးပါတဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကိုလွဲမည့်အပြင် လိုက်ဇစ်နှင့် ချန်ပီယံလိဂ်၁၆သင်းအဆင့်ရှုံးထွက်အဆင့်ပွဲစဉ်ကိုလည်းလွဲချော်ပါမယ်။

ZawGyi

ဧၿပီလအထိ လီဗာပူးအသင္းေခါင္းေဆာင္ဟင္ဒါဆင္အနားယူရမည္

လီဗာပူးအသင္းေခါင္းေဆာင္ေဂ်ာ္ဒန္ဟင္ဒါဆင္ဟာအဲဗာတန္ႏွင့္ပြဲစဥ္တုန္းကရရွိတဲ့ေပါင္ၿခံဒဏ္ရာေၾကာင့္၁၀ပတ္အထိအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၀ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာၿပီးခဲ့တဲ့အပတ္စေနေန႔တုန္းကအဲဗာတန္ကို ၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့မာေဆးလ္ဆိုက္ဒါဘီပြဲပထမပိုင္းတြင္ဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။ဟင္ဒါဆင္ဒဏ္ရာရရွိမႈက လီဗာပူးအတြက္ခံစစ္ျပႆနာကိုပိုမိုျမင့္မားလာေနေစပါတယ္။

သူဟာဗန္ဒိုက္၊မာတစ္၊ ဂိုမက္ဇ္၊ဖာဘင္ဟိုတို႔နဲ႔အတူအနားယူေနရပါတယ္။သူဟာအဓိကေနာက္ခံလူမ်ားဒဏ္ရာ ေၾကာင့္အနားယူေနရစဥ္အတြင္းဗဟိုခံစစ္မွာဆင္းကစားေနတဲ့သူလည္းျဖစ္ပါတယ္။

ဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ခဲ့ရတဲ့ဟင္ဒါဆင္ဟာလာမယ့္လတြင္ကစားရမယ့္အဂၤလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲ မ်ားကိုလည္းလြဲေခ်ာ္ပါမယ္။အဂၤလန္ဟာလာမယ့္လမွာဆန္မာရီႏို၊အယ္ေဘးနီးယား၊ပိုလန္တို႔ႏွင့္ကမာၻ႔ဖလားေျခ စစ္ပြဲကစားရပါမယ္။

သူဟာတနဂၤေႏြေန႔တြင္ခ်ဲလ္ဆီးႏွင့္ကစားရမယ့္အေရးပါတဲ့ပရီးမီးယားလိဂ္ပြဲစဥ္ကိုလြဲမည့္အျပင္ လိုက္ဇစ္ႏွင့္ ခ်န္ပီယံလိဂ္၁၆သင္းအဆင့္ရႈံးထြက္အဆင့္ပြဲစဥ္ကိုလည္းလြဲေခ်ာ္ပါမယ္။