ပေါင်သန်း ၁၅၀ သုံးပြီး ဆုဖလားမဆွတ်ခူးနိုင်လျှင် ဘာစီလိုနာရဲ့ထုတ်ပယ်ခံရမယ့် ဇာဗီး

ဘာစီလိုနာဂန္ထဝင်ဇာဗီးကနွေရာသီတုန်းကကစားသမားများခေါ်ယူအားဖြည့်ရန်ပေါင်သန်း၁၅၀ကျော်အသုံးပြုပြီးယခုရာသီတွင်ဆုဖလားလက်မဲ့ရာသီနှင့်ကြုံရလျှင်ဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံလာရမည်ဖြစ်ကြောင်းဝန်ခံလာပါတယ်။

ဘာစီလိုနာဟာချန်ပီယံလိဂ်မှစောစောစီးစီးထွက်ခွာရမယ့်အခြေအနေကြုံနေရပြီး တနင်္ဂနွေနေ့တုန်းက El Clasico တွင်လည်း၃-၁ဖြင့်ရှုံးနိမ့်ပြီးနောက် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာအားရီးရဲလ်မက်ဒရစ်ကိုလွဲပြောင်းပေးထားရပါတယ်။

အသက်၄၂နှစ်ရှိဇာဗီးဟာကစားသမားဘဝတုန်းကနူးကမ့်တွင်၁၇နှစ်ကြာကစားစဉ်အတွင်းဆုဖလား၂၅လုံးဆွတ်ခူးနိုင်ခဲ့ကာနိုဝင်ဘာလတုန်းကနည်းပြအဖြစ်တကျော့ပြန်ရောက်လာသူဖြစ်ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများကြုံတွေ့နေရပေမဲ့လည်းနွေရာသီတုန်းကလီဝန်ဒေါ့စကီး၊ဂျူးစ်ခွန်ဒီ၊ရာဖင်ညာ၊ခရစ်တင်ဆင်၊ဖရန့်ကက်ဆီတို့ကိုပေါင်သန်း၁၅၀ကျော်အသုံးပြုကာခေါ်ယူပြီး ယူနိုက်တက်ခေါ်ယူရန်ကြိုးပမ်းတဲ့ဖရန်ကီဒီဂျောင်ကိုမရောင်းချခဲ့ပါဘူး။

ဒါကြောင့်လည်းဇာဗီးက “တကယ်လို့ကျွန်တော်တို့ဆုဖလားမရယူနိုင်ရင်တော့ဥက္ကဌပြောသလိုပဲအကျိုးဆက်ရှိလာပါမယ်။ပထမဆုံးကျွန်တော်ပေါ့။တကယ်လို့ကျွန်တော်တို့ဆုဖလားမရရင်နောက်နည်းပြတစ်ယောက်ရောက်လာပါမယ်။ဒါပေမဲ့ကျွန်တော့်ဘက်ကတော့ဒီအလုပ်ဖြစ်မြောက်လာအောင်အစွမ်းကုန်လုပ်ပါမယ်။ဒီအသင်းရဲ့အခြေအနေကလည်းဒီလိုကြုံနေတာပါ။ကျွန်တော်တို့တာထွက်ကောင်းပေမဲ့အခုအရမ်းကောင်းမနေပါဘူး။ကျွန်တော်တို့တဆင့်ချင်းသွားပါမယ်။လာလီဂါမှာထိပ်ဆုံးကအသင်းနဲ့သုံးမှတ်ကွာနေတယ်။ကျွန်တော်တို့ဆက်သွားရပါမယ်။ဒီကကာလရှည်ကစားရတာပါ။ရပ်တန့်ပစ်လို့မရပါဘူး။အောင်မြင်မှုသို့သွားရာမှာလမ်းမှာရှုံးနိမ့်မှုဆိုတာသေးသေးလေးပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ေပါင္သန္း ၁၅၀ သုံးၿပီး ဆုဖလားမဆြတ္ခူးႏိုင္လွ်င္ ဘာစီလိုနာရဲ႕ထုတ္ပယ္ခံရမယ့္ ဇာဗီး

ဘာစီလိုနာဂႏၴဝင္ဇာဗီးကေႏြရာသီတုန္းကကစားသမားမ်ားေခၚယူအားျဖည့္ရန္ေပါင္သန္း၁၅၀ေက်ာ္အသုံးျပဳၿပီးယခုရာသီတြင္ဆုဖလားလက္မဲ့ရာသီႏွင့္ႀကဳံရလွ်င္ဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံလာရမည္ျဖစ္ေၾကာင္းဝန္ခံလာပါတယ္။

ဘာစီလိုနာဟာခ်န္ပီယံလိဂ္မွေစာေစာစီးစီးထြက္ခြာရမယ့္အေျခအေနႀကဳံေနရၿပီး တနဂၤေႏြေန႔တုန္းက El Clasico တြင္လည္း၃-၁ျဖင့္ရႈံးနိမ့္ၿပီးေနာက္ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးေနရာအားရီးရဲလ္မက္ဒရစ္ကိုလြဲေျပာင္းေပးထားရပါတယ္။

အသက္၄၂ႏွစ္ရွိဇာဗီးဟာကစားသမားဘဝတုန္းကႏူးကမ့္တြင္၁၇ႏွစ္ၾကာကစားစဥ္အတြင္းဆုဖလား၂၅လုံးဆြတ္ခူးႏိုင္ခဲ့ကာႏိုဝင္ဘာလတုန္းကနည္းျပအျဖစ္တေက်ာ့ျပန္ေရာက္လာသူျဖစ္ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႀကဳံေတြ႕ေနရေပမဲ့လည္းေႏြရာသီတုန္းကလီဝန္ေဒါ့စကီး၊ဂ်ဴးစ္ခြန္ဒီ၊ရာဖင္ညာ၊ခရစ္တင္ဆင္၊ဖရန႔္ကက္ဆီတို႔ကိုေပါင္သန္း၁၅၀ေက်ာ္အသုံးျပဳကာေခၚယူၿပီး ယူႏိုက္တက္ေခၚယူရန္ႀကိဳးပမ္းတဲ့ဖရန္ကီဒီေဂ်ာင္ကိုမေရာင္းခ်ခဲ့ပါဘူး။

ဒါေၾကာင့္လည္းဇာဗီးက “တကယ္လို႔ကြၽန္ေတာ္တို႔ဆုဖလားမရယူႏိုင္ရင္ေတာ့ဥကၠဌေျပာသလိုပဲအက်ိဳးဆက္ရွိလာပါမယ္။ပထမဆုံးကြၽန္ေတာ္ေပါ့။တကယ္လို႔ကြၽန္ေတာ္တို႔ဆုဖလားမရရင္ေနာက္နည္းျပတစ္ေယာက္ေရာက္လာပါမယ္။ဒါေပမဲ့ကြၽန္ေတာ့္ဘက္ကေတာ့ဒီအလုပ္ျဖစ္ေျမာက္လာေအာင္အစြမ္းကုန္လုပ္ပါမယ္။ဒီအသင္းရဲ႕အေျခအေနကလည္းဒီလိုႀကဳံေနတာပါ။ကြၽန္ေတာ္တို႔တာထြက္ေကာင္းေပမဲ့အခုအရမ္းေကာင္းမေနပါဘူး။ကြၽန္ေတာ္တို႔တဆင့္ခ်င္းသြားပါမယ္။လာလီဂါမွာထိပ္ဆုံးကအသင္းနဲ႔သုံးမွတ္ကြာေနတယ္။ကြၽန္ေတာ္တို႔ဆက္သြားရပါမယ္။ဒီကကာလရွည္ကစားရတာပါ။ရပ္တန႔္ပစ္လို႔မရပါဘူး။ေအာင္ျမင္မႈသို႔သြားရာမွာလမ္းမွာရႈံးနိမ့္မႈဆိုတာေသးေသးေလးပါ”လို႔ေျပာၾကားသြားပါတယ္။