ပေါင်သန်း ၃၀၀ သုံးစွဲကာ ဆိုးလ်ရှားအား ထိပ်တန်းကစားသမား ၄ ဦး ခေါ်ယူပေးသွားမယ့် သရဲနီ

မန်ယူဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းကိုကြီးမားတဲ့အပြောင်းအလဲတစ်ချို့ပြုလုပ်ရန်စီစဉ်နေပြီးနည်းပြအိုလီဂန်းနားဆိုးလ်ရှားအတွက်အပြောင်းအရွှေ့စရိတ်အလုံအလောက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဆိုးလ်ရှားဟာကြားရက်တုန်းကယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ဗီလာရီးရဲလ်အားရှုံးနိမ့်ကာမန်ယူနည်းပြဘဝပထမဆုံးဆုဖလားနှင့်လွဲချော်ခဲ့ရပြန်ပါတယ်။

အသက်၄၈နှစ်ရှိဆိုးလ်ရှားဟာပိုလန်ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှခြေစွမ်းနဲ့ပတ်သက်ပြီးပရိသတ်များ၊ကစားသမားဟောင်းများရဲ့အပြစ်တင်ဝေဖန်ခြင်းခံနေရပါတယ်။

မန်ယူဟာယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်ခဲ့ပေမယ့်ပရီးမီးယားလိဂ်တွင်အမှတ်ပေးဇယားအဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ကာလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားပါတယ်။

မန်ယူဟာယူရိုပါလိဂ်တွင်ဒုတိယဖြင့်သာကျေနပ်ရပေမယ့်ဆိုးလ်ရှားကိုစာချုပ်သစ်ချုပ်ဆိုသွားမယ့်အပြင်နွေရာသီမှာထိပ်တန်းကစားသမားလေးဦးခေါ်ယူပေးသွားပါမယ်။

ဆိုးလ်ရှားဟာယခုနွေရာသီမှာဗီလာရီးရဲလ်ခံစစ်မှူးပေါလ်တောရက်စ်၊ဝက်စ်ဟမ်းကွင်းလယ်ကစာသမားဒက်လန်းရိုက်စ်၊ဒေါ့မွန်တောင်ပံကစားသမားဂျာဒွန်ဆန်ချိုနှင့်စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းတို့အားခေါ်ယူရေးကြိုးပမ်းသွားပါမယ်။

မန်ယူဟာဆိုးလ်ရှားပစ်မှတ်ထားနေတဲ့ကစားသမားလေးဦးအားခေါ်ယူရန်ပြောင်းရွှေ့ကြေးပေါင်သန်း၃၀၀အထိအသုံးပြုရဖို့ရှိနေပါတယ်။

ဆိုးလ်ရှားပစ်မှတ်ထားနေတဲ့ကစားသမားများထဲမှာအိုးထရက်ဖို့ဒ်သို့ရောက်လာဖို့အခြေအနေအကောင်းဆုံးကတော့ဆန်ချိုဖြစ်ကာဟယ်ရီကိန်းမှာတော့ခေါ်ယူနိုင်ဖို့ခက်ခဲနေပါတယ်။

ဆန်ချိုဟာပြီးခဲ့တဲ့နွေရာသီကတည်းကမန်ယူသို့ရောက်လုနီးပါးဖြစ်ခဲ့သူဖြစ်ပြီးဒေါ့မွန်ဘက်ကပေါင်၁၀၈သန်းတောင်းဆိုမှုကြောင့်ပျက်ပြယ်ခဲ့တာပါ။

ဒါပေမယ့်ယခုနွေရာသီမှာတော့ဒေါ့မွန်ဟာအသက်၂၁နှစ်ရှိအင်္ဂလန်တောင်ပံကစားသမားကိုပေါင်သန်း၈၀ဝန်းကျင်ဖြင့်ရောင်းချသွားဖို့အဆင်သင့်ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်ဟယ်ရီကိန်းမှာမန်စီးတီးသို့ပြောင်းမယ်လို့သတင်းထွက်နေပါတယ်။မန်စီးတီးဟာအဂူရိုရဲ့နေရာတွင်အစားထိုးဖို့တိုက်စစ်မှူးသစ်ရှာဖွေနေပါတယ်။

မန်ယူဟာဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဒက်လန်းရိုက်စ်အားခေါ်ယူရေးအတွက်ချဲလ်ဆီးနှင့်အပြိုင်ကြိုးပမ်းရဖို့ရှိပါတယ်။ဝက်စ်ဟမ်းဟာဒက်လန်းရိုက်စ်အတွက်ပေါင်သန်း၁၀၀အထိအလိုရှိနေပါတယ်။မန်ယူအနေဖြင့်ဝက်စ်ဟမ်းတွင်အငှားချထားတဲ့လင်ဂတ်ကိုအသုံးချကာခေါ်ယူနိုင်ဖို့တော့ရှိနေပါတယ်။

အခြားတစ်ဖက်တွင်မန်ယူအနေဖြင့်ဗီလာရီးရဲလ်မှစပိန်နောက်ခံလူတောရက်စ်ကိုပြောင်းရွှေ့ကြေးယူရိုသန်း၃၀ခန့်ဖြင့်ခေါ်ယူနိုင်ဖို့တော့ရှိပါတယ်။ဒါပေမယ့်တောရက်စ်ကိုရီးရဲလ်မက်ဒရစ်ကခေါ်ယူလိုနေရာမန်ယူအတွက်ယှဉ်ပြိုင်ရခက်ခဲနေပါတယ်။

ZawGyi

ေပါင္သန္း ၃၀၀ သုံးစြဲကာ ဆိုးလ္ရွားအား ထိပ္တန္းကစားသမား ၄ ဦး ေခၚယူေပးသြားမယ့္ သရဲနီ

မန္ယူဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းကိုႀကီးမားတဲ့အေျပာင္းအလဲတစ္ခ်ိဳ႕ျပဳလုပ္ရန္စီစဥ္ေနၿပီးနည္းျပအိုလီဂန္းနားဆိုးလ္ရွားအတြက္အေျပာင္းအေ႐ႊ႕စရိတ္အလုံအေလာက္ေပးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

ဆိုးလ္ရွားဟာၾကားရက္တုန္းကယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ဗီလာရီးရဲလ္အားရႈံးနိမ့္ကာမန္ယူနည္းျပဘဝပထမဆုံးဆုဖလားႏွင့္လြဲေခ်ာ္ခဲ့ရျပန္ပါတယ္။

အသက္၄၈ႏွစ္ရွိဆိုးလ္ရွားဟာပိုလန္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲစဥ္မွေျခစြမ္းနဲ႔ပတ္သက္ၿပီးပရိသတ္မ်ား၊ကစားသမားေဟာင္းမ်ားရဲ႕အျပစ္တင္ေဝဖန္ျခင္းခံေနရပါတယ္။

မန္ယူဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္ခဲ့ေပမယ့္ပရီးမီးယားလိဂ္တြင္အမွတ္ေပးဇယားအဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့ကာလာမယ့္ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိထားပါတယ္။

မန္ယူဟာယူ႐ိုပါလိဂ္တြင္ဒုတိယျဖင့္သာေက်နပ္ရေပမယ့္ဆိုးလ္ရွားကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမယ့္အျပင္ေႏြရာသီမွာထိပ္တန္းကစားသမားေလးဦးေခၚယူေပးသြားပါမယ္။

ဆိုးလ္ရွားဟာယခုေႏြရာသီမွာဗီလာရီးရဲလ္ခံစစ္မႉးေပါလ္ေတာရက္စ္၊ဝက္စ္ဟမ္းကြင္းလယ္ကစာသမားဒက္လန္း႐ိုက္စ္၊ေဒါ့မြန္ေတာင္ပံကစားသမားဂ်ာဒြန္ဆန္ခ်ိဳႏွင့္စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းတို႔အားေခၚယူေရးႀကိဳးပမ္းသြားပါမယ္။

မန္ယူဟာဆိုးလ္ရွားပစ္မွတ္ထားေနတဲ့ကစားသမားေလးဦးအားေခၚယူရန္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၃၀၀အထိအသုံးျပဳရဖို႔ရွိေနပါတယ္။

ဆိုးလ္ရွားပစ္မွတ္ထားေနတဲ့ကစားသမားမ်ားထဲမွာအိုးထရက္ဖို႔ဒ္သို႔ေရာက္လာဖို႔အေျခအေနအေကာင္းဆုံးကေတာ့ဆန္ခ်ိဳျဖစ္ကာဟယ္ရီကိန္းမွာေတာ့ေခၚယူႏိုင္ဖို႔ခက္ခဲေနပါတယ္။

ဆန္ခ်ိဳဟာၿပီးခဲ့တဲ့ေႏြရာသီကတည္းကမန္ယူသို႔ေရာက္လုနီးပါးျဖစ္ခဲ့သူျဖစ္ၿပီးေဒါ့မြန္ဘက္ကေပါင္၁၀၈သန္းေတာင္းဆိုမႈေၾကာင့္ပ်က္ျပယ္ခဲ့တာပါ။

ဒါေပမယ့္ယခုေႏြရာသီမွာေတာ့ေဒါ့မြန္ဟာအသက္၂၁ႏွစ္ရွိအဂၤလန္ေတာင္ပံကစားသမားကိုေပါင္သန္း၈၀ဝန္းက်င္ျဖင့္ေရာင္းခ်သြားဖို႔အဆင္သင့္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရွင္ဟယ္ရီကိန္းမွာမန္စီးတီးသို႔ေျပာင္းမယ္လို႔သတင္းထြက္ေနပါတယ္။မန္စီးတီးဟာအဂူ႐ိုရဲ႕ေနရာတြင္အစားထိုးဖို႔တိုက္စစ္မႉးသစ္ရွာေဖြေနပါတယ္။

မန္ယူဟာဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ဒက္လန္း႐ိုက္စ္အားေခၚယူေရးအတြက္ခ်ဲလ္ဆီးႏွင့္အၿပိဳင္ႀကိဳးပမ္းရဖို႔ရွိပါတယ္။ဝက္စ္ဟမ္းဟာဒက္လန္း႐ိုက္စ္အတြက္ေပါင္သန္း၁၀၀အထိအလိုရွိေနပါတယ္။မန္ယူအေနျဖင့္ဝက္စ္ဟမ္းတြင္အငွားခ်ထားတဲ့လင္ဂတ္ကိုအသုံးခ်ကာေခၚယူႏိုင္ဖို႔ေတာ့ရွိေနပါတယ္။

အျခားတစ္ဖက္တြင္မန္ယူအေနျဖင့္ဗီလာရီးရဲလ္မွစပိန္ေနာက္ခံလူေတာရက္စ္ကိုေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၃၀ခန႔္ျဖင့္ေခၚယူႏိုင္ဖို႔ေတာ့ရွိပါတယ္။ဒါေပမယ့္ေတာရက္စ္ကိုရီးရဲလ္မက္ဒရစ္ကေခၚယူလိုေနရာမန္ယူအတြက္ယွဥ္ၿပိဳင္ရခက္ခဲေနပါတယ္။