ပေါင်သန်း ၄၀၀ အသုံးပြုကာ ကစားသမားများခေါ်ယူထားမှုနဲ့အတူ ဆုဖလား ရယူပေးရတော့မည်ဟု ဆိုးလ်ရှားဝန်ခံ

အိုလီဂန်းနားဆိုးလ်ရှားကပေါင်သန်း၄၀၀အသုံးပြုကာကစားသမားများခေါ်ယူအားဖြည့်ထားမှုနဲ့အတူဆုဖလားများရယူပေးရေးဖိအားများရှိနေပြီဖြစ်ကြောင်းဝန်ခံပြောကြားသွားပါတယ်။

နော်ဝေလူမျိုးနည်းပြဟာယခုနွေရာသီတွင်ဗာရိန်း၊ဆန်ချိုနှင့်ရော်နယ်ဒိုတို့ကိုပေါင်သန်း၁၃၀အသုံးပြုကာခေါ်ယူထားမှုအပါအဝင်၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတွင်မန်ယူနည်းပြရာထူးကိုရယူပြီးနောက်ပေါင်သန်း၄၀၀နီးပါးအထိအသုံးပြုကာကစားသမားများခေါ်ယူအားဖြည့်ခဲ့ပါတယ်။

မန်ယူဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်က ကစားသမားများစွာကိုပေါင်သန်း၄၀၀အသုံးပြုကာခေါ်ယူထားမှုနဲ့အတူဆိုးလ်ရှားအနေဖြင့်မန်ယူအတွက်ဆုဖလားရယူပေးရတော့မည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားကလည်း “အသင်းရဲ့ထောက်ပံ့မှုရရှိမှုနဲ့အတူဒီရာသီ(သို့မဟုတ်)လာမယ့်ရာသီမှာဆုဖလားတစ်လုံးရယူပေးရမယ်လို့သူကပြောလာတာလား မှန်ပါတယ်။တိုးတက်မှု၊အဆင့်ဆင့်လုပ်ဆောင်မှုကကောင်းပါတယ်။ကျွန်တော်လည်းထောက်ခံအားပေးမှုရပါတယ်။အစီအစဉ်အတိုင်းဘဲဆက်ပြီးတော့လုပ်ရပါမယ်။ဒါပေမယ့်ရလဒ်တစ်ခုကတော့လိုအပ်ပါတယ်။အနိုင်ယူရပါမယ်။အနိုင်ရအတွက်နိုးထရပါမယ်။ကျွန်တော်တို့ဟာကစားသမားခေါ်ယူမှု၊ခြေစွမ်းပိုကောင်းလာမှုနဲ့အတူပိုကောင်းလာပါတယ်။ပြီးတော့မျှော်လင့်ချက်ကလည်းမြင့်မားလာပါတယ်။အနိုင်ယူဖို့ကျွန်တော်တို့ရောက်လာတာပါ။နှစ်ကြိမ်မတွေးပါဘူး။ဂယ်ရီ(နဗီးလ်)လည်းသိပါတယ်”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာယနေ့မှာအိုးထရက်ဖို့ဒ်မှာမေလတုန်းကယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ဗီလာရီးရဲလ်အားရင်ဆိုင်ကစားရပါမယ်။၎င်းတို့ဟာအုပ်စုအဖွင့်ပွဲတွင်ယန်းဘွိုင်းစ်အားရှုံးနိမ့်ထားရာဗီလာရီးရဲလ်အားအနိုင်ရရှိရန်လိုအပ်နေပါတယ်။

ZawGyi

ေပါင္သန္း ၄၀၀ အသုံးျပဳကာ ကစားသမားမ်ားေခၚယူထားမႈနဲ႔အတူ ဆုဖလား ရယူေပးရေတာ့မည္ဟု ဆိုးလ္ရွားဝန္ခံ

အိုလီဂန္းနားဆိုးလ္ရွားကေပါင္သန္း၄၀၀အသုံးျပဳကာကစားသမားမ်ားေခၚယူအားျဖည့္ထားမႈနဲ႔အတူဆုဖလားမ်ားရယူေပးေရးဖိအားမ်ားရွိေနၿပီျဖစ္ေၾကာင္းဝန္ခံေျပာၾကားသြားပါတယ္။

ေနာ္ေဝလူမ်ိဳးနည္းျပဟာယခုေႏြရာသီတြင္ဗာရိန္း၊ဆန္ခ်ိဳႏွင့္ေရာ္နယ္ဒိုတို႔ကိုေပါင္သန္း၁၃၀အသုံးျပဳကာေခၚယူထားမႈအပါအဝင္၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတြင္မန္ယူနည္းျပရာထူးကိုရယူၿပီးေနာက္ေပါင္သန္း၄၀၀နီးပါးအထိအသုံးျပဳကာကစားသမားမ်ားေခၚယူအားျဖည့္ခဲ့ပါတယ္။

မန္ယူဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္က ကစားသမားမ်ားစြာကိုေပါင္သန္း၄၀၀အသုံးျပဳကာေခၚယူထားမႈနဲ႔အတူဆိုးလ္ရွားအေနျဖင့္မန္ယူအတြက္ဆုဖလားရယူေပးရေတာ့မည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဆိုးလ္ရွားကလည္း “အသင္းရဲ႕ေထာက္ပံ့မႈရရွိမႈနဲ႔အတူဒီရာသီ(သို႔မဟုတ္)လာမယ့္ရာသီမွာဆုဖလားတစ္လုံးရယူေပးရမယ္လို႔သူကေျပာလာတာလား မွန္ပါတယ္။တိုးတက္မႈ၊အဆင့္ဆင့္လုပ္ေဆာင္မႈကေကာင္းပါတယ္။ကြၽန္ေတာ္လည္းေထာက္ခံအားေပးမႈရပါတယ္။အစီအစဥ္အတိုင္းဘဲဆက္ၿပီးေတာ့လုပ္ရပါမယ္။ဒါေပမယ့္ရလဒ္တစ္ခုကေတာ့လိုအပ္ပါတယ္။အႏိုင္ယူရပါမယ္။အႏိုင္ရအတြက္ႏိုးထရပါမယ္။ကြၽန္ေတာ္တို႔ဟာကစားသမားေခၚယူမႈ၊ေျခစြမ္းပိုေကာင္းလာမႈနဲ႔အတူပိုေကာင္းလာပါတယ္။ၿပီးေတာ့ေမွ်ာ္လင့္ခ်က္ကလည္းျမင့္မားလာပါတယ္။အႏိုင္ယူဖို႔ကြၽန္ေတာ္တို႔ေရာက္လာတာပါ။ႏွစ္ႀကိမ္မေတြးပါဘူး။ဂယ္ရီ(နဗီးလ္)လည္းသိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားရဲ႕မန္ယူဟာယေန႔မွာအိုးထရက္ဖို႔ဒ္မွာေမလတုန္းကယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္ခဲ့တဲ့ဗီလာရီးရဲလ္အားရင္ဆိုင္ကစားရပါမယ္။၎တို႔ဟာအုပ္စုအဖြင့္ပြဲတြင္ယန္းဘြိဳင္းစ္အားရႈံးနိမ့္ထားရာဗီလာရီးရဲလ္အားအႏိုင္ရရွိရန္လိုအပ္ေနပါတယ္။