ပေါင်သန်း ၅၀ တန် ဘင်ဝှိုက်ကြောင့် အာဆင်နယ်ကို အသင်းတိုင်းက အမြင့်ဘောနဲ့ ဂိုးသွင်းဖို့ ကြိုးပမ်းလာတော့မည်

လီဗာပူးဂန္ထဝင်နောက်ခံလူဂျင်မီကာရေဂါကအာဆင်နယ်ဗဟိုနောက်ခံလူဘင်းဝှိုက်ကြောင့် အသင်းတိုင်းကအခွင့်ကောင်းယူအသုံးချရန်ကြိုးပမ်းလာတော့မည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ပရီးမီးယားလိဂ်တန်းတက်ဘရန့်ဖို့ဒ်ဟာဆာဂျီကာနို့စ်နှင့်ခရစ္စတီယန်နော်ဂတ်တို့သွင်းယူတဲ့ဂိုးဖြင့်အာဆင်နယ်ကိုအနိုင်ရရှိခဲ့ပြီးယခုနွေရာသီတွင်ဘရိုက်တန်မှပေါင်သန်း၅၀ဖြင့်ပြောင်းလာတဲ့ဗဟိုနောက်ခံလူဘင်ဝှိုက်ရဲ့အာဆင်နယ်အတွက်ပထမဆုံးကစားတဲ့ပွဲမှာစိတ်ပျက်စရာနဲ့ကြုံခဲ့ရပါတယ်။

ဘင်ဝှိုက်ဟာဘရိုက်တန်မှာကစားတုန်းကသုံးယောက်နောက်တန်းစနစ်ဖြင့်ကစားခဲ့ရသော်လည်းအာဆင်နယ်တွင်မူလေးယောက်နောက်တန်းစနစ်ဖြင့်ကစားရရာဘရိုက်တန်နှင့်ပွဲစဉ်တွင်အမြင့်ဘောရှင်းထုတ်နိုင်ရန်အတွက်များစွာရုန်းကန်ခဲ့ရပါတယ်။

ကာရေဂါက “သူဟာဘရိုက်တန်မှာတုန်းကနောက်တန်းသုံးယောက်စနစ်နဲ့ကစားခဲ့ရတာပါ။သူဘေးနားမှာရှိတဲ့ကစားတဲ့နောက်တန်းနှစ်ယောက်ကလူကောင်းကြီးတဲ့ဝက်ဘ်စတားနဲ့ဒန့်ခ်တို့ဖြစ်ပါတယ်။ဒီတော့သူအနေနဲ့ရှေ့သို့ဘောလုံးသယ်ပြီးကစားနိုင်ပါတယ်။ပြီးတော့အလွတ်တည်ကန်ဘောသို့မဟုတ်လက်ပစ်ဘောရှည်အတွက်ပြဿနာမဟုတ်ပါဘူး။ဒါပေမယ့်နောက်တန်းလေးယောက်စနစ်နဲ့ဗဟိုနောက်ခံလူနှစ်ယောက်နဲ့ကစားတဲ့အခါမှာတော့အမြင့်ဘောကောင်းဖို့လိုပါတယ်။ကျွန်တော့်တုန်းကဆိုရင်လည်းကျွန်တော်ကအမြင့်ဘောမကောင်းပါဘူး။ဆာမီဟစ်ပီယာကသူ့အလုပ်ကိုတာဝန်ကျေကျေနဲ့လုပ်တယ်။ကျွန်တော့်ခေါင်းယှဉ်တိုက်မှု၆၀-၇၀ရာခိုင်နှုန်းအနိုင်ရဖို့မျှော်လင့်နေခဲ့ရတာပါ။သူ(ဘင်ဝှိုက်)ကအရပ်တိုတော့ဒါကပြဿနာဖြစ်နေပါတယ်။လူတွေဟာဒီညပွဲကိုကြည့်ကြမှာပါ။ဘင်ဝှိုက်ကိုအမြင့်ဘောနဲ့ရင်ဆိုင်ရုံဘဲဆိုတာတွေးကြမှာပါ။ဒီညမှာလိုဘဲအမြင့်ဘောသုံးပြီးပျော်ရွှင်မှုရှာသွားမှာပေါ့”လို့ပြောကြားသွားပါတယ်။

ပရီးမီးယားလိဂ်တွင်ဖရန့်ဖို့ဒ်ကိုရှုံးနိမ့်ခဲ့တဲ့အာတီတာရဲ့အာဆင်နယ်ဟာလာမယ့်ပရီးမီးယားနှစ်ပွဲမှာချဲလ်ဆီး၊မန်စီးတီးတို့နှင့်ဆက်တိုက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ေပါင္သန္း ၅၀ တန္ ဘင္ဝႈိက္ေၾကာင့္ အာဆင္နယ္ကို အသင္းတိုင္းက အျမင့္ေဘာနဲ႔ ဂိုးသြင္းဖို႔ ႀကိဳးပမ္းလာေတာ့မည္

လီဗာပူးဂႏၴဝင္ေနာက္ခံလူဂ်င္မီကာေရဂါကအာဆင္နယ္ဗဟိုေနာက္ခံလူဘင္းဝႈိက္ေၾကာင့္ အသင္းတိုင္းကအခြင့္ေကာင္းယူအသုံးခ်ရန္ႀကိဳးပမ္းလာေတာ့မည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ပရီးမီးယားလိဂ္တန္းတက္ဘရန႔္ဖို႔ဒ္ဟာဆာဂ်ီကာႏို႔စ္ႏွင့္ခရစၥတီယန္ေနာ္ဂတ္တို႔သြင္းယူတဲ့ဂိုးျဖင့္အာဆင္နယ္ကိုအႏိုင္ရရွိခဲ့ၿပီးယခုေႏြရာသီတြင္ဘ႐ိုက္တန္မွေပါင္သန္း၅၀ျဖင့္ေျပာင္းလာတဲ့ဗဟိုေနာက္ခံလူဘင္ဝႈိက္ရဲ႕အာဆင္နယ္အတြက္ပထမဆုံးကစားတဲ့ပြဲမွာစိတ္ပ်က္စရာနဲ႔ႀကဳံခဲ့ရပါတယ္။

ဘင္ဝႈိက္ဟာဘ႐ိုက္တန္မွာကစားတုန္းကသုံးေယာက္ေနာက္တန္းစနစ္ျဖင့္ကစားခဲ့ရေသာ္လည္းအာဆင္နယ္တြင္မူေလးေယာက္ေနာက္တန္းစနစ္ျဖင့္ကစားရရာဘ႐ိုက္တန္ႏွင့္ပြဲစဥ္တြင္အျမင့္ေဘာရွင္းထုတ္ႏိုင္ရန္အတြက္မ်ားစြာ႐ုန္းကန္ခဲ့ရပါတယ္။

ကာေရဂါက “သူဟာဘ႐ိုက္တန္မွာတုန္းကေနာက္တန္းသုံးေယာက္စနစ္နဲ႔ကစားခဲ့ရတာပါ။သူေဘးနားမွာရွိတဲ့ကစားတဲ့ေနာက္တန္းႏွစ္ေယာက္ကလူေကာင္းႀကီးတဲ့ဝက္ဘ္စတားနဲ႔ဒန႔္ခ္တို႔ျဖစ္ပါတယ္။ဒီေတာ့သူအေနနဲ႔ေရွ႕သို႔ေဘာလုံးသယ္ၿပီးကစားႏိုင္ပါတယ္။ၿပီးေတာ့အလြတ္တည္ကန္ေဘာသို႔မဟုတ္လက္ပစ္ေဘာရွည္အတြက္ျပႆနာမဟုတ္ပါဘူး။ဒါေပမယ့္ေနာက္တန္းေလးေယာက္စနစ္နဲ႔ဗဟိုေနာက္ခံလူႏွစ္ေယာက္နဲ႔ကစားတဲ့အခါမွာေတာ့အျမင့္ေဘာေကာင္းဖို႔လိုပါတယ္။ကြၽန္ေတာ့္တုန္းကဆိုရင္လည္းကြၽန္ေတာ္ကအျမင့္ေဘာမေကာင္းပါဘူး။ဆာမီဟစ္ပီယာကသူ႔အလုပ္ကိုတာဝန္ေက်ေက်နဲ႔လုပ္တယ္။ကြၽန္ေတာ့္ေခါင္းယွဥ္တိုက္မႈ၆၀-၇၀ရာခိုင္ႏႈန္းအႏိုင္ရဖို႔ေမွ်ာ္လင့္ေနခဲ့ရတာပါ။သူ(ဘင္ဝႈိက္)ကအရပ္တိုေတာ့ဒါကျပႆနာျဖစ္ေနပါတယ္။လူေတြဟာဒီညပြဲကိုၾကည့္ၾကမွာပါ။ဘင္ဝႈိက္ကိုအျမင့္ေဘာနဲ႔ရင္ဆိုင္႐ုံဘဲဆိုတာေတြးၾကမွာပါ။ဒီညမွာလိုဘဲအျမင့္ေဘာသုံးၿပီးေပ်ာ္႐ႊင္မႈရွာသြားမွာေပါ့”လို႔ေျပာၾကားသြားပါတယ္။

ပရီးမီးယားလိဂ္တြင္ဖရန႔္ဖို႔ဒ္ကိုရႈံးနိမ့္ခဲ့တဲ့အာတီတာရဲ႕အာဆင္နယ္ဟာလာမယ့္ပရီးမီးယားႏွစ္ပြဲမွာခ်ဲလ္ဆီး၊မန္စီးတီးတို႔ႏွင့္ဆက္တိုက္ရင္ဆိုင္ကစားရပါမယ္။