ပေါင်၆သန်းအထိတိုးမြှင့်ကာ ယူရို ၂၀၂၄ အထိအင်္ဂလန်ကို ဦးဆောင်မယ့် စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ဆောက်ဂိတ်

ဂါရတ်ဆောက်ဂိတ်ဟာတစ်နှစ်လုပ်ခပေါင်၆သန်းအထိတိုးမြှင့်ရရှိမယ့် စာချုပ်အားအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့်ချုပ်ဆိုလိုက်ပါတယ်။ဂါရတ်ဆောက်ဂိတ်ဟာယင်းစာချုပ်ကြောင့်၂၀၂၄ခုနှစ်အထိအင်္ဂလန်အသင်းကိုဦးဆောင်သွားတော့မှာဖြစ်ပါတယ်။

ဂါရတ်ဆောက်ဂိတ်ဟာနွေရာသီတုန်းကယူရို၂၀၂၀ပြိုင်ပွဲတွင်၁၉၆၆ကမ္ဘာ့ဖလားနောက်ပိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာပြိုင်ပွဲဗိုလ်လုပွဲသို့ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး၂၀၁၈ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းဆီမီးဖိုင်နယ်သို့ပို့ဆောင်ခဲ့သူဖြစ်ပါတယ်။

အသက်၅၁နှစ်ရှိဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ပြီးနောက်အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နှင့်ဆွေးနွေးကာစာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာယခင်တုန်းကတစ်နှစ်လုပ်ခပေါင်၃သန်းသာရရှိလာခဲ့သူဖြစ်ပြီးစာချုပ်သစ်ကြောင့်လုပ်ခနှစ်ဆတိုးမြှင့်ရရှိလာမယ့်အပြင်အပိုဆုကြေးများလည်းခံစားခွင့်ရရှိလာဦးမှာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကိုယူရို၂၀၂၄ပြိုင်ပွဲအထိကိုင်တွယ်မယ့်စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့်ကလပ်နည်းပြလောကသို့ဝင်ရောက်နိုင်ဆဲဖြစ်ပါတယ်။သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာအင်္ဂလန်မှနုတ်ထွက်ကာကလပ်နည်းပြလောကသို့ပြန်လည်ဝင်ရောက်နိုင်တုန်းဖြစ်ပါတယ်။

ZawGyi

ေပါင္၆သန္းအထိတိုးျမႇင့္ကာ ယူ႐ို ၂၀၂၄ အထိအဂၤလန္ကို ဦးေဆာင္မယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ေဆာက္ဂိတ္

ဂါရတ္ေဆာက္ဂိတ္ဟာတစ္ႏွစ္လုပ္ခေပါင္၆သန္းအထိတိုးျမႇင့္ရရွိမယ့္ စာခ်ဳပ္အားအဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ခ်ဳပ္ဆိုလိုက္ပါတယ္။ဂါရတ္ေဆာက္ဂိတ္ဟာယင္းစာခ်ဳပ္ေၾကာင့္၂၀၂၄ခုႏွစ္အထိအဂၤလန္အသင္းကိုဦးေဆာင္သြားေတာ့မွာျဖစ္ပါတယ္။

ဂါရတ္ေဆာက္ဂိတ္ဟာေႏြရာသီတုန္းကယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္၁၉၆၆ကမာၻ႔ဖလားေနာက္ပိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ႏိုင္ငံတကာၿပိဳင္ပြဲဗိုလ္လုပြဲသို႔ပို႔ေဆာင္ေပးခဲ့သူျဖစ္ၿပီး၂၀၁၈႐ုရွားကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ခဲ့သူျဖစ္ပါတယ္။

အသက္၅၁ႏွစ္ရွိေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲေျခစစ္ပြဲေအာင္ျမင္ေအာင္စြမ္းေဆာင္ၿပီးေနာက္အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ႏွင့္ေဆြးေႏြးကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာယခင္တုန္းကတစ္ႏွစ္လုပ္ခေပါင္၃သန္းသာရရွိလာခဲ့သူျဖစ္ၿပီးစာခ်ဳပ္သစ္ေၾကာင့္လုပ္ခႏွစ္ဆတိုးျမႇင့္ရရွိလာမယ့္အျပင္အပိုဆုေၾကးမ်ားလည္းခံစားခြင့္ရရွိလာဦးမွာျဖစ္ပါတယ္။

ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကိုယူ႐ို၂၀၂၄ၿပိဳင္ပြဲအထိကိုင္တြယ္မယ့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ေပမယ့္ကလပ္နည္းျပေလာကသို႔ဝင္ေရာက္ႏိုင္ဆဲျဖစ္ပါတယ္။သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာအဂၤလန္မွႏုတ္ထြက္ကာကလပ္နည္းျပေလာကသို႔ျပန္လည္ဝင္ေရာက္ႏိုင္တုန္းျဖစ္ပါတယ္။