ပေါင် ၁၁၄၀၀၀ တန် ရွှေ Rolex နာရီကို ထုတ်ကြွားလာတဲ့ ယူနိုက်တက်စတားဟောင်းခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပတ္တမြားနှင့်ကျောက်မျက်ရတနာတို့ပါဝင်တဲ့ပေါင်၁၁၄၀၀၀တန်Rolex နာရီဖြင့်ဗီဒီယိုရိုက်ကူးမှုပြုလုပ်လာပါတယ်။

အသက်၃၈နှစ်ရှိAl Nassr စတားဟာဆော်ဒီကလပ်ရဲ့ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်တွင်သူ့ရဲ့တန်ဖိုးကြီးနာရီကိုထုတ်ကြွားလာတာလည်းဖြစ်ပါတယ်။

ရွှေဝါရောင် Rolex နာမည်က Rolex GMT-Master II ဖြစ်ပါတယ်။ယင်းနာရီတွင်အနီရောင်နှင့်အပြာရောင်ကျောက်မြက်ရတနာတို့ဖြင့်စီချယ်ထားတဲ့ Pepsi Bezel ပါဝင်ပါတယ်။

ရော်နယ်ဒိုနှင့်သူ့ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာတန်ဖိုးကြီးလက်ဝတ်ရတနာများကိုသဘောကျသူများလည်းဖြစ်ပါတယ်။

၂၀၂၀ခုနှစ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုဟာရွှေဖြူ၁၈ကာရက်နှင့်စိန်တို့ပါဝင်တဲ့ပေါင်၃၇၀၀၀၀တန် Rolex နာရီကိုဝတ်ဆင်ခဲ့ပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့နှစ်တုန်းကလည်းဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာပေါင်၁.၆သန်းတန်ဖိုးရှိလက်ဝတ်ရတနာများဝတ်ဆင်ပြီးပရိသတ်များကိုကြွားခဲ့ဖူးပါတယ်။

ZawGyi

ေပါင္ ၁၁၄၀၀၀ တန္ ေ႐ႊ Rolex နာရီကို ထုတ္ႂကြားလာတဲ့ ယူႏိုက္တက္စတားေဟာင္းခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပတၱျမားႏွင့္ေက်ာက္မ်က္ရတနာတို႔ပါဝင္တဲ့ေပါင္၁၁၄၀၀၀တန္Rolex နာရီျဖင့္ဗီဒီယို႐ိုက္ကူးမႈျပဳလုပ္လာပါတယ္။

အသက္၃၈ႏွစ္ရွိAl Nassr စတားဟာေဆာ္ဒီကလပ္ရဲ႕ဓာတ္ပုံႏွင့္ဗီဒီယိုဖိုင္တြင္သူ႔ရဲ႕တန္ဖိုးႀကီးနာရီကိုထုတ္ႂကြားလာတာလည္းျဖစ္ပါတယ္။

ေ႐ႊဝါေရာင္ Rolex နာမည္က Rolex GMT-Master II ျဖစ္ပါတယ္။ယင္းနာရီတြင္အနီေရာင္ႏွင့္အျပာေရာင္ေက်ာက္ျမက္ရတနာတို႔ျဖင့္စီခ်ယ္ထားတဲ့ Pepsi Bezel ပါဝင္ပါတယ္။

ေရာ္နယ္ဒိုႏွင့္သူ႔ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္တို႔ဟာတန္ဖိုးႀကီးလက္ဝတ္ရတနာမ်ားကိုသေဘာက်သူမ်ားလည္းျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုဟာေ႐ႊျဖဴ၁၈ကာရက္ႏွင့္စိန္တို႔ပါဝင္တဲ့ေပါင္၃၇၀၀၀၀တန္ Rolex နာရီကိုဝတ္ဆင္ခဲ့ပါတယ္။

ဒါ့အျပင္ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္းေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ဟာေပါင္၁.၆သန္းတန္ဖိုးရွိလက္ဝတ္ရတနာမ်ားဝတ္ဆင္ၿပီးပရိသတ္မ်ားကိုႂကြားခဲ့ဖူးပါတယ္။