ပေါင် ၈.၅ သန်းတန် Bugatti Centodieci ကို တစ်နာရီမိုင် ၂၀ နှုန်းနဲ့ မောင်းနှင်ရတော့မယ့် ခရစ္စတီယာနိုရော်နယ်ဒို

စူပါကားများကိုချစ်မြတ်နိုးတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့စူပါပြိုင်ကားများကို တစ်နာရီမိုင်၂၀နှုန်းဖြင့်မောင်းနှင်ရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာသို့ရောက်လာပြီးနောက်ချီရှိုင်းယားမှပေါင်၆သန်းတန်အဖိုးတန်ဇိမ်ခံအိမ်ကြီးမှာနေထိုင်နေပါတယ်။

ရော်နယ်ဒိုနေထိုင်တဲ့နေရာကဆိတ်ငြိမ်အေးချမ်းတဲ့နေရာဖြစ်လို့တန်ဖိုးကြီးပြိုင်ကားများကိုမောင်းနှင်ဖို့အကောင်းဆုံးနေရာဆိုရင်လည်းမမှားပါဘူး။

ရော်နယ်ဒိုဟာပြိုင်ကားချစ်သူပီပီ ပေါင်၁.၄သန်းတန် Ferrari Monza ၊ ပေါင် ၂.၁၅ သတန်းတန် Bugatti Chiron ၊ ပေါင်၁.၇သန်းတန် Bugatti Veyron Grand Sport အပါအဝင် စုစုပေါင်း ပေါင်၁၇သတန်းကျော်တန်ဖိုးရှိ ပြိုင်ကားများကိုပိုင်ဆိုင်သူဖြစ်ပါတယ်။

ဒါပေမယ့်ရော်နယ်ဒိုနေထိုင်ရာချီရိုင်းယားမှအယ်ဒါလေအိတ်မှကောင်စီတာဝန်ရှိသူများကကျေးရွာနေလူအများရဲ့တောင်းဆိုမှုကြောင့်ကားမောင်းနှင်တဲ့အခါတစ်နာရီမိုင်၂၀နှဒန်းပဲသတ်မှတ်ထားပါတယ်။

ယင်းသို့အခြေအနေများကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့အပျံစားပြိုင်ကားများကိုသတ်မှတ်မိုင်နှုန်းအတိုင်းသာမောင်းနှင်ရတော့မှာဖြစ်ပါတယ်။ရော်နယ်ဒိုဟာပြိုင်ကားကြီးကိုမိုင်နှုန်း၂၀နှုန်းဖြင့်ပျင်းရိဖွယ်ရာမောင်းနှင်ရတော့မှာဖြစ်ပါတယ်။

ZawGyi

ေပါင္ ၈.၅ သန္းတန္ Bugatti Centodieci ကို တစ္နာရီမိုင္ ၂၀ ႏႈန္းနဲ႔ ေမာင္းႏွင္ရေတာ့မယ့္ ခရစၥတီယာႏိုေရာ္နယ္ဒို

စူပါကားမ်ားကိုခ်စ္ျမတ္ႏိုးတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕စူပါၿပိဳင္ကားမ်ားကို တစ္နာရီမိုင္၂၀ႏႈန္းျဖင့္ေမာင္းႏွင္ရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာသို႔ေရာက္လာၿပီးေနာက္ခ်ီရႈိင္းယားမွေပါင္၆သန္းတန္အဖိုးတန္ဇိမ္ခံအိမ္ႀကီးမွာေနထိုင္ေနပါတယ္။

ေရာ္နယ္ဒိုေနထိုင္တဲ့ေနရာကဆိတ္ၿငိမ္ေအးခ်မ္းတဲ့ေနရာျဖစ္လို႔တန္ဖိုးႀကီးၿပိဳင္ကားမ်ားကိုေမာင္းႏွင္ဖို႔အေကာင္းဆုံးေနရာဆိုရင္လည္းမမွားပါဘူး။

ေရာ္နယ္ဒိုဟာၿပိဳင္ကားခ်စ္သူပီပီ ေပါင္၁.၄သန္းတန္ Ferrari Monza ၊ ေပါင္ ၂.၁၅ သတန္းတန္ Bugatti Chiron ၊ ေပါင္၁.၇သန္းတန္ Bugatti Veyron Grand Sport အပါအဝင္ စုစုေပါင္း ေပါင္၁၇သတန္းေက်ာ္တန္ဖိုးရွိ ၿပိဳင္ကားမ်ားကိုပိုင္ဆိုင္သူျဖစ္ပါတယ္။

ဒါေပမယ့္ေရာ္နယ္ဒိုေနထိုင္ရာခ်ီ႐ိုင္းယားမွအယ္ဒါေလအိတ္မွေကာင္စီတာဝန္ရွိသူမ်ားကေက်း႐ြာေနလူအမ်ားရဲ႕ေတာင္းဆိုမႈေၾကာင့္ကားေမာင္းႏွင္တဲ့အခါတစ္နာရီမိုင္၂၀ႏွဒန္းပဲသတ္မွတ္ထားပါတယ္။

ယင္းသို႔အေျခအေနမ်ားေၾကာင့္ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕အပ်ံစားၿပိဳင္ကားမ်ားကိုသတ္မွတ္မိုင္ႏႈန္းအတိုင္းသာေမာင္းႏွင္ရေတာ့မွာျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာၿပိဳင္ကားႀကီးကိုမိုင္ႏႈန္း၂၀ႏႈန္းျဖင့္ပ်င္းရိဖြယ္ရာေမာင္းႏွင္ရေတာ့မွာျဖစ္ပါတယ္။