ပေါင် ၂.၃သန်းတန် ဇိမ်ခံအိမ်မှ တင်းနစ်ကွင်းနှင့်တိုးချဲ့အဆောက်အဦကို ဖျက်ရန် ရော်နယ်ဒိုအမိန့်ပေးခံရ

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီရှိသူပိုင်နေအိမ်များထဲမှတစ်လုံးတွင် ခွင့်ပြုချက်မရယူဘဲတည်ဆောက်ထားတဲ့တင်းနစ်ကွင်းနှင့်တိုးချဲ့အဆောက်အဦတို့အားဖြိုချရန်အမိန့်ပေးခြင်းခံခဲ့ရပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့လတုန်းကလည်းလစ္စဘွန်းရှိကွန်ဒိုအပေါ်တွင် အခေါင်မိုးမှန်ခန်းအားမဖျက်လျှင်တရားစွဲခံရမယ်လို့ အာဏာပိုင်များရဲ့အမိန့်ပေးမှုကြောင့်ဖျက်ခဲ့ရသူလည်းဖြစ်ပါတယ်။

ယခုအခါ တင်းနစ်ကွင်းနှင့်တိုးချဲ့အဆောက်အဦကိုဖျက်ရန်အမိန့်ပေးခံရတဲ့နေအိမ်မှာပေါ်တူဂီမြောက်ပိုင်းဂီရက်စ်အနီးရှိပေါင်၂.၃သန်းတန်မြစ်ကမ်းနဘေးဇိမ်ခံအိမ်ဖြစ်ပါတယ်။

မြို့တော်ကောင်စီကခရစ္စတီယာနိုရော်နယ်ဒိုဟာတင်းနစ်ကွင်းနှင့်အိမ်ဖော်များနေရန်ဆောက်ထားတဲ့အဆောက်အဦကိုဖျက်ရန်သဘောတူညီထားကြောင်းအတည်ပြုထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတကျော့ပြန်ခရီးတွင်၆ဂိုးအထိသွင်းယူထားနိုင်သော်လည်းပရီးမီးယားလိဂ်တွင်မန်ယူအသင်းရုန်းကန်ရမှုနဲ့အတူ ဝေဖန်မှုများနှင့်ကြုံနေရသူလည်းဖြစ်ပါတယ်။

ZawGyi





