ပေါင် ၄၀၀၀၀ တန် လုံခြုံရေးခွေးတစ်ကောင်ဝယ်ယူလိုက်တဲ့ မန်စီးတီးစတားဝေါလ်ကား

မန်စီးတီးစတားကိုင်လီဝေါလ်ကားဟာဘောလုံးသမားများရဲ့နေအိမ်များစွာစီးနင်းဖောက်ထွင်းမှုများခံရပြီးနောက် ပေါင်၄၀၀၀၀တန်ဖိုးရှိဒိုဘာမန်းလုံခြုံရေးခွေးတစ်ကောင်ဝယ်ယူလိုက်ပါတယ်။

အသက်၃၀နှစ်ရှိအင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူဟာခွေးအမည်ကိုအပိုလိုဟုအမည်ပေးထားပါတယ်။အပိုလိုကနာမည်ကြီးမင်းသားရမ်ဘိုရဲ့Rocky လက်ဝှေ့ဇာတ်ကားမှပြိုင်ဘက်ရဲ့အမည်ဖြစ်ပါတယ်။

သတင်းရင်းမြစ်က “ခွေးကလေ့ကျင့်ပေးနေတုန်းဘဲရှိပါသေးတယ်။ဒါပေမယ့်ပြီးတော့မယ်။ကိုင်လီအတွက်ကောင်း မွန်တဲ့ငွေသုံးစွဲမှုဖြစ်လာပါလိမ့်မယ်။သူကသူ့မိသားစုလုံခြုံရေးအတွက်ကုန်ချင်သလောက်ကုန်သုံးစွဲသွားပါမယ်။အပိုလိုကအကူအညီများစွာပေးနိုင်ပါတယ်။သူ့ကခြံရှေ့လုံခြုံရေးကိုတာဝန်ယူပါလိမ့်မယ်။ဒါပေမယ့်သူဟာပုံမှန်ဆိုသလိုအတွင်းပိုင်းကိုလည်းစစ်ဆေးပေးပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ဝေါလ်ကားဟာချီရှိုင်းယားတွင်နေထိုင်သူဖြစ်ပါတယ်။မကြာသေးမီတုန်းကအဲဗာတန်အရန်ဂိုးသမားရိုဘင်အိုလ်ဆင်ရဲ့မိသားစုဝင်များဟာနေအိမ်အတွင်းသို့ဓားပြများဝင်ရောက်ကာဓားပြတိုက်ခြင်းခံခဲ့ရပြီးအဖိုးတန်လက်ဝတ်ရတနာပစ္စည်းများဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်းအဲဗာတန်နည်းပြအန်ဆယ်လော့တီရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရပြီးမီးခံသေတ္တာတစ်လုံး ပါသွားခဲ့ပါတယ်။

ဝေါလ်ကားဟာလက်စတာရှိုင်းယားအခြေစိုက် Chaperone K9 ထံမှ ခွေးဝယ်ယူခဲ့တာဖြစ်ပါတယ်။ K9 ဟာ မန်ယူစတားရပ်ရှ်ဖို့ဒ်၊မန်စီးတီးစတားစတာလင်းတို့အတွက်လည်းခွေးရောင်းချထားပါတယ်။

ZawGyi

ေပါင္ ၄၀၀၀၀ တန္ လုံၿခဳံေရးေခြးတစ္ေကာင္ဝယ္ယူလိုက္တဲ့ မန္စီးတီးစတားေဝါလ္ကား

မန္စီးတီးစတားကိုင္လီေဝါလ္ကားဟာေဘာလုံးသမားမ်ားရဲ႕ေနအိမ္မ်ားစြာစီးနင္းေဖာက္ထြင္းမႈမ်ားခံရၿပီးေနာက္ ေပါင္၄၀၀၀၀တန္ဖိုးရွိဒိုဘာမန္းလုံၿခဳံေရးေခြးတစ္ေကာင္ဝယ္ယူလိုက္ပါတယ္။

အသက္၃၀ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ညာေနာက္ခံလူဟာေခြးအမည္ကိုအပိုလိုဟုအမည္ေပးထားပါတယ္။အပိုလိုကနာမည္ႀကီးမင္းသားရမ္ဘိုရဲ႕Rocky လက္ေဝွ႔ဇာတ္ကားမွၿပိဳင္ဘက္ရဲ႕အမည္ျဖစ္ပါတယ္။

သတင္းရင္းျမစ္က “ေခြးကေလ့က်င့္ေပးေနတုန္းဘဲရွိပါေသးတယ္။ဒါေပမယ့္ၿပီးေတာ့မယ္။ကိုင္လီအတြက္ေကာင္း မြန္တဲ့ေငြသုံးစြဲမႈျဖစ္လာပါလိမ့္မယ္။သူကသူ႔မိသားစုလုံၿခဳံေရးအတြက္ကုန္ခ်င္သေလာက္ကုန္သုံးစြဲသြားပါမယ္။အပိုလိုကအကူအညီမ်ားစြာေပးႏိုင္ပါတယ္။သူ႔ကၿခံေရွ႕လုံၿခဳံေရးကိုတာဝန္ယူပါလိမ့္မယ္။ဒါေပမယ့္သူဟာပုံမွန္ဆိုသလိုအတြင္းပိုင္းကိုလည္းစစ္ေဆးေပးပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ေဝါလ္ကားဟာခ်ီရႈိင္းယားတြင္ေနထိုင္သူျဖစ္ပါတယ္။မၾကာေသးမီတုန္းကအဲဗာတန္အရန္ဂိုးသမား႐ိုဘင္အိုလ္ဆင္ရဲ႕မိသားစုဝင္မ်ားဟာေနအိမ္အတြင္းသို႔ဓားျပမ်ားဝင္ေရာက္ကာဓားျပတိုက္ျခင္းခံခဲ့ရၿပီးအဖိုးတန္လက္ဝတ္ရတနာပစၥည္းမ်ားဆုံးရႈံးခဲ့ရပါတယ္။

ၿပီးခဲ့တဲ့လတုန္းကလည္းအဲဗာတန္နည္းျပအန္ဆယ္ေလာ့တီရဲ႕ေနအိမ္ေဖာက္ထြင္းခံခဲ့ရၿပီးမီးခံေသတၱာတစ္လုံး ပါသြားခဲ့ပါတယ္။

ေဝါလ္ကားဟာလက္စတာရႈိင္းယားအေျခစိုက္ Chaperone K9 ထံမွ ေခြးဝယ္ယူခဲ့တာျဖစ္ပါတယ္။ K9 ဟာ မန္ယူစတားရပ္ရွ္ဖို႔ဒ္၊မန္စီးတီးစတားစတာလင္းတို႔အတြက္လည္းေခြးေရာင္းခ်ထားပါတယ္။