ပေါင် ၄ သိန်းတန် Ferrari လျှပ်စစ်ကားဝယ်ပြီး ကိုယ့်ကိုယ်ကို မွေးနေ့လက်ဆောင်ပေးလိုက်တဲ့ ဇလာတန်

ဇလာတန်အီဘရာဟီမိုဗစ်ဟာအသက်၄၀နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ကိုယ့်ကိုယ်ကို Ferrari ကားသစ်ဝယ်ပြီးလက်ဆောင်ပြန်ပေးလိုက်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ပေါင် ၄သိန်းတန် Ferrari ရဲ့ပထမဆုံး Hybrid-Electric ကားဖြစ်တဲ့ Ferrari sf90 Stradale ဝယ်ယူလိုက်တာဖြစ်ပြီးယင်းကားမှာ211mph အထိမောင်းနှင်နိုင်တဲ့ကားဖြစ်ပါတယ်။

ဆွီဒင်ဂန္ထဝင်တိုက်စစ်မှူးဟာ အင်စတာဂရမ်မှာ သူ့ရဲ့ကားသစ်ကြီးကို ဓာတ်ပုံရိုက်ကူးပြီး Happy Birthday to Zlatan ဆိုပြီးတင်ကာပရိသတ်များကိုအသိပေးလိုက်တာဖြစ်ပါတယ်။

ဆွီဒင်ကစားသမားဟာအသက်၃၈နှစ်နှင့်အသက်၃၉နှစ်ပြည့်မွေးနေ့တုန်းကလည်းကားတစ်စီးစီဝယ်ယူပြီးကိုယ့်ကိုယ်ကိုမွေးနေ့လက်ဆောင်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

သူဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကပေါင်၁.၄သန်းတန် Ferrari Monza SP2 ကားဝယ်ယူခဲ့သလို လွန်ခဲ့တဲ့နှစ်တုန်းကလည်း Porsche 911 Targa 4S Heritage Design Edition ဝယ်ယူခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ Lamborghini Urus SUV ၊ Ferrari Enzo ၊ Audi S8 ၊ Lamborghini Gallardo ၊ Maserati GranTurismo၊ Porsche 918 Spyder တို့ကိုလည်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ZawGyi

ေပါင္ ၄ သိန္းတန္ Ferrari လွ်ပ္စစ္ကားဝယ္ၿပီး ကိုယ့္ကိုယ္ကို ေမြးေန႔လက္ေဆာင္ေပးလိုက္တဲ့ ဇလာတန္

ဇလာတန္အီဘရာဟီမိုဗစ္ဟာအသက္၄၀ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ကိုယ့္ကိုယ္ကို Ferrari ကားသစ္ဝယ္ၿပီးလက္ေဆာင္ျပန္ေပးလိုက္ပါတယ္။

အီဘရာဟီမိုဗစ္ဟာ ေပါင္ ၄သိန္းတန္ Ferrari ရဲ႕ပထမဆုံး Hybrid-Electric ကားျဖစ္တဲ့ Ferrari sf90 Stradale ဝယ္ယူလိုက္တာျဖစ္ၿပီးယင္းကားမွာ211mph အထိေမာင္းႏွင္ႏိုင္တဲ့ကားျဖစ္ပါတယ္။

ဆြီဒင္ဂႏၴဝင္တိုက္စစ္မႉးဟာ အင္စတာဂရမ္မွာ သူ႔ရဲ႕ကားသစ္ႀကီးကို ဓာတ္ပုံ႐ိုက္ကူးၿပီး Happy Birthday to Zlatan ဆိုၿပီးတင္ကာပရိသတ္မ်ားကိုအသိေပးလိုက္တာျဖစ္ပါတယ္။

ဆြီဒင္ကစားသမားဟာအသက္၃၈ႏွစ္ႏွင့္အသက္၃၉ႏွစ္ျပည့္ေမြးေန႔တုန္းကလည္းကားတစ္စီးစီဝယ္ယူၿပီးကိုယ့္ကိုယ္ကိုေမြးေန႔လက္ေဆာင္ေပးခဲ့ဖူးသူျဖစ္ပါတယ္။

သူဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကေပါင္၁.၄သန္းတန္ Ferrari Monza SP2 ကားဝယ္ယူခဲ့သလို လြန္ခဲ့တဲ့ႏွစ္တုန္းကလည္း Porsche 911 Targa 4S Heritage Design Edition ဝယ္ယူခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ဟာ Lamborghini Urus SUV ၊ Ferrari Enzo ၊ Audi S8 ၊ Lamborghini Gallardo ၊ Maserati GranTurismo၊ Porsche 918 Spyder တို႔ကိုလည္းပိုင္ဆိုင္ထားသူျဖစ္ပါတယ္။