ပေါင် ၅၁.၅ သန်းဖြင့် ပီအက်စ်ဂျီသို့ ပြောင်းတော့မယ့် အင်တာမီလန်စတား

ပီအက်စ်ဂျီဟာအာဆင်နယ်အားကျော်ဖြတ်ကာအင်တာမီလန်ညာနောက်ခံလူဟာကီမီအားခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

ပီအက်စ်ဂျီဟာရိုးမားမှအငှားဖြင့်လာရောက်ကစားနေတဲ့ဖလိုရန်ဇီကိုအပြီးသတ်မခေါ်ယူရန်ဆုံးဖြတ်ခဲ့တဲ့အပြင်အကယ်ဒမီထွက်ကိုလင်းဒက်ဘ်ဘာမှာလည်းအပြည့်အဝအားကိုးရခြင်းမရှိမှုနဲ့အတူညာနောက်ခံလူမဖြစ်မနေခေါ်ယူရမယ့်အခြေအနေမှာရှိနေခဲ့ပါတယ်။

အင်တာမီလန်ဟာလည်းဘဏ္ဍာရေးပြဿနာများကြောင့်ယခုနွေရာသီတွင်ကစားသမားရောင်းချမှုမှငွေပေါင်၇၇သန်းမှပေါင်၈၈သန်းအကြားရရှိရန်လိုအပ်နေခဲ့ပါတယ်။

ယခုအခါအင်တာမီလန်နှင့်ပီအက်စ်ဂျီတို့ဟာဟာကီမီအားပေါင်၅၁.၅သန်းဖြင့်အရောင်းအဝယ်တည့်သွားပြီဖြစ်ကြောင်းသိရပါတယ်။

ဟာကီမီဟာပြီးခဲ့တဲ့နှစ်နွေတုန်းကမှရီးရဲလ်မက်ဒရစ်မှအင်တာသို့ပေါင်၃၄.၃သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီးအင်တာမီလန်ဟာသူ့ပြောင်းအရွှေ့အတွက်ပေါင်၁၆.၅သန်းအမြတ်ရရှိလာပါမယ်။

အသက်၂၂နှစ်ရှိမော်ရိုကိုလက်ရွေးစင်ညာနောက်ခံလူဟာယခုနွေရာသီမှာနည်းပြကွန်တီထွက်ခွာပြီးနောက်အင်တာမီလန်မှထွက်ခွာတဲ့ဒုတိယယောက်မြောက်ဖြစ်လာပါမယ်။

ZawGyi






