ပေါင် ၇ သန်းယူပြီး အာဆင်နယ်မှ ထွက်ခွာသွားတော့မယ့် အိုဇေးလ်

မီဆတ်အိုဇေးလ်နှင့်အာဆင်နယ်တို့ဟာစာချုပ်အားနှစ်ဦးသဘောတူဖျက်သိမ်းမှုပြုလုပ်ရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိဂျာမနီလက်ရွေးစင်ဟောင်းဟာအာဆင်နယ်နှင့်ခြောက်လကျန်စာချုပ်အားဖျက်သိမ်းရန်သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီးမကြာမီရက်ပိုင်းအတွင်းမှာတူရကီကလပ်ဖီနာဘာချီသို့ပြောင်းသွားပါမယ်။

အိုဇေးလ်ဟာလက်ကျန်စာချုပ်သက်တမ်းအတွက်အာဆင်နယ်ထံမှပေါင်၇သန်းအထိရရှိပါမယ်။

အာဆင်နယ်တွင်တစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀ရရှိနေတဲ့အိုဇေးလ်ဟာပြီးခဲ့တဲ့မတ်လကတည်းကအာဆင်နယ်တွင် ကစားခွင့်ဆုံးရှုံးလာသူဖြစ်ပြီးစာချုပ်သက်တမ်းကုန်ဆုံးတဲ့လာမယ့်နွေရာသီအထိလုပ်ခနှင့်သစ္စာရှိကြေးရယူရန်ဆုံး ဖြတ်ထားသူလည်းဖြစ်ပါတယ်။

ယခုအခါအာဆင်နယ်ဟာအိုဇေးလ်ကိုလက်ကျန်စာချုပ်သက်တမ်းအတွက်နစ်နာကြေးပေးကာစာချုပ်ဖျက်သိမ်းရန်သဘောတူညီလိုက်ပြီဖြစ်ပါတယ်။

အိုဇေးလ်ဟာတူရကီကလပ်ဖီနာဘာချီသို့ပြောင်းရန်သဘောတူညီမှုရရှိထားပြီးဖြစ်သူဖြစ်ပြီးယခုရက်ပိုင်းအတွင်မှာဖီနာဘာချီသို့ပြောင်းသွားပါမယ်။

ZawGyi






