ပေါလ်ပေါ့ဘာမှာ အသက် ၃၅ နှစ်အရွယ်အထိ အရည်မရမဖတ်မရအရာများလုပ်နေလိမ့်မယ့် ပေါလ်စခိုးဝေဖန်

ပေါလ်စခိုးကပေါလ်ပေါ့ဘာမှာအသက်၃၅နှစ်အရွယ်အထိအရည်မရအဖတ်အရာများကိုလုပ်ဆောင်နေလိမ့်မည်လို့ အတ္တလန္တာနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင်ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာအီတလီတွင်ကစားတဲ့ပွဲစဉ်တွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေခဲ့ရပြီးဒုတိယပိုင်းတွင်နီမင်ဂျာမာတစ်နှင့်လူစားလဲခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်လည်းပေါလ်စခိုးကပေါ့ဘာမှာရင့်ကျက်တဲ့အရွယ်အထိကွင်းထဲမှာရူးရူးမိုက်မိုက်အရာများလုပ်ဆောင်နေမည်ဖြစ်သောကြောင့်နောက်မှအမြဲထိန်းကျောင်းပေးရလိမ့်မယ်လို့ပြောကြားလာတာဖြစ်ပါတယ်။

ပေါလ်စခိုးက “ပေါ့ဘာမှာအမြဲတမ်းသူနဲ့အတူတစ်ယောက်ယောက်ရှိနေဖို့လိုအပ်ပါတယ်။သူအရမ်းလေးစားတဲ့သူမျိုးပေါ့။သူ့နောက်မှာအတွေ့အကြုံရှိတဲ့သူတွေလိုအပ်တယ်။သူ့အသက်ဘယ်လောက်လဲ။၂၈နှစ်လား။ဒီအသက်အရွယ်ကရင့်ကျက်တဲ့ကစားသမားတစ်ယောက်အရွယ်မျိုးဖြစ်နေပါပြီ။ဒါပေမယ့်သူကအသက်၃၅နှစ်အထိလူတွေစောင့်ရှောက်ထိန်းကျောင်းမှုလိုအပ်တဲ့သူမျိုးပါ။သူကဘောလုံးရတာနဲ့ရူးမိုက်တဲ့အရာတွေလုပ်နေတုန်းပါ။သူဘယ်တော်ကောင်းတတ်ကြောင်းပြချင်နေတုန်းပါ။သူ့အတွက်အကြီးမားဆုံးကအာရုံစိုက်မှုပါ။သူကအမြဲတမ်းလိုလိုအာရုံစိုက်မှုပျောက်နေတတ်တယ်။ဂျူဗင်တပ်မှာတုန်းကသူအရမ်းကောင်းခဲ့တယ်။ဒါကြောင့်လည်းသူ့ကိုခေါ်ယူခဲ့တာ။ဂျူဗင်တပ်မှာတုန်းသူ့ဝန်းကျင်မှာပီယာလို၊ချီရယ်လီနီ၊ဘိုနုချီ၊ဘူဖွန်တို့လိုအတွေ့အကြုံရင့်တဲ့သူတွေရှိတဲ့အပြင်ဒေါသကြီးတဲ့နည်းပြလည်းရှိတယ်။သူ့ကိုအသက်၃၅နှစ်အရွယ်ထိဂရုစိုက်နေရလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သက်တမ်းတိုးရန်ငြင်းဆိုနေသူလည်းဖြစ်ပါတယ်။သူဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေပြီးသူ့ကိုဂျူဗင်တပ်၊ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့စိတ်ဝင်စားနေပါတယ်။

ZawGyi

ေပါလ္ေပါ့ဘာမွာ အသက္ ၃၅ ႏွစ္အ႐ြယ္အထိ အရည္မရမဖတ္မရအရာမ်ားလုပ္ေနလိမ့္မယ့္ ေပါလ္စခိုးေဝဖန္

ေပါလ္စခိုးကေပါလ္ေပါ့ဘာမွာအသက္၃၅ႏွစ္အ႐ြယ္အထိအရည္မရအဖတ္အရာမ်ားကိုလုပ္ေဆာင္ေနလိမ့္မည္လို႔ အတၱလႏၲာႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးတြင္ေဝဖန္တိုက္ခိုက္လိုက္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာအီတလီတြင္ကစားတဲ့ပြဲစဥ္တြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနခဲ့ရၿပီးဒုတိယပိုင္းတြင္နီမင္ဂ်ာမာတစ္ႏွင့္လူစားလဲျခင္းခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းေပါလ္စခိုးကေပါ့ဘာမွာရင့္က်က္တဲ့အ႐ြယ္အထိကြင္းထဲမွာ႐ူး႐ူးမိုက္မိုက္အရာမ်ားလုပ္ေဆာင္ေနမည္ျဖစ္ေသာေၾကာင့္ေနာက္မွအၿမဲထိန္းေက်ာင္းေပးရလိမ့္မယ္လို႔ေျပာၾကားလာတာျဖစ္ပါတယ္။

ေပါလ္စခိုးက “ေပါ့ဘာမွာအၿမဲတမ္းသူနဲ႔အတူတစ္ေယာက္ေယာက္ရွိေနဖို႔လိုအပ္ပါတယ္။သူအရမ္းေလးစားတဲ့သူမ်ိဳးေပါ့။သူ႔ေနာက္မွာအေတြ႕အႀကဳံရွိတဲ့သူေတြလိုအပ္တယ္။သူ႔အသက္ဘယ္ေလာက္လဲ။၂၈ႏွစ္လား။ဒီအသက္အ႐ြယ္ကရင့္က်က္တဲ့ကစားသမားတစ္ေယာက္အ႐ြယ္မ်ိဳးျဖစ္ေနပါၿပီ။ဒါေပမယ့္သူကအသက္၃၅ႏွစ္အထိလူေတြေစာင့္ေရွာက္ထိန္းေက်ာင္းမႈလိုအပ္တဲ့သူမ်ိဳးပါ။သူကေဘာလုံးရတာနဲ႔႐ူးမိုက္တဲ့အရာေတြလုပ္ေနတုန္းပါ။သူဘယ္ေတာ္ေကာင္းတတ္ေၾကာင္းျပခ်င္ေနတုန္းပါ။သူ႔အတြက္အႀကီးမားဆုံးကအာ႐ုံစိုက္မႈပါ။သူကအၿမဲတမ္းလိုလိုအာ႐ုံစိုက္မႈေပ်ာက္ေနတတ္တယ္။ဂ်ဴဗင္တပ္မွာတုန္းကသူအရမ္းေကာင္းခဲ့တယ္။ဒါေၾကာင့္လည္းသူ႔ကိုေခၚယူခဲ့တာ။ဂ်ဴဗင္တပ္မွာတုန္းသူ႔ဝန္းက်င္မွာပီယာလို၊ခ်ီရယ္လီနီ၊ဘိုႏုခ်ီ၊ဘူဖြန္တို႔လိုအေတြ႕အႀကဳံရင့္တဲ့သူေတြရွိတဲ့အျပင္ေဒါသႀကီးတဲ့နည္းျပလည္းရွိတယ္။သူ႔ကိုအသက္၃၅ႏွစ္အ႐ြယ္ထိဂ႐ုစိုက္ေနရလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သက္တမ္းတိုးရန္ျငင္းဆိုေနသူလည္းျဖစ္ပါတယ္။သူဟာလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနၿပီးသူ႔ကိုဂ်ဴဗင္တပ္၊ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာတို႔စိတ္ဝင္စားေနပါတယ္။