ပေါလ်ပေါ့ဘာအတွက် အံ့ဩစရာကောင်းတဲ့ဈေးနှုန်းသတ်မှတ်လာတဲ့ သရဲနီ

မန်ယူဟာကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာအားအံ့ဩစရာကောင်းလောက်အောင် ဈေးနှုန်းလျှော့ချကာပြောင်းရွှေ့ကြေးသတ်မှတ်လာပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်ကွင်းလယ်ကစားသမားဟာမန်ယူနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူဖြစ်ပါတယ်။မန်ယူဟာပေါ့ဘာကိုစာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှုများပြုလုပ်နေပြီးအကယ်၍စာချုပ်သစ်မချုပ်ဆိုနိုင်ပါကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာစေမှာမဟုတ်ဘဲယခုနွေမှာရောင်းချပါမယ်။

မန်ယူဟာ၂၀၁၆ခုနှစ်တုန်းကဂျူဗင်တပ်မှပေါလ်ပေါ့ဘာကိုပြန်လည်ခေါ်ယူစဉ်ကပြောင်းရွှေ့ကြေးပေါင်၈၉သန်းသုံးစွဲခဲ့ရပါတယ်။

ပေါ့ဘာဟာမန်ယူသို့ပြန်လည်ရောက်လာပြီးနောက်ပိုင်းတွင်ဆက်တိုက်ခြေစွမ်းပြကစားနိုင်ရန်ရုန်းကန်ရပါတယ်။ဒါပေမယ့်သူဟာပြင်သစ်နှင့်အတူယူရို၂၀၂၀ပြိုင်ပွဲမှာအကောင်းဆုံးပုံစံဖြင့်ကစားနိုင်ခဲ့ရာဥရောပတလွှားမှထိပ်သီးကလပ်များရဲ့စိတ်ဝင်စားခြင်းခံလာရပါတယ်။

L’Equipe ရဲ့ဖော်ပြချက်အရမန်ယူဟာပေါလ်ပေါ့ဘာကိုပြောင်းရွှေ့ကြေးပေါင်သန်း၅၀ ရရှိလျှင်ရောင်းချသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါပမာဏမှာပေါ့ဘာရဲ့ပါရမီ၊ကော်မာရှယ်တန်ဖိုးတို့နှင့်နှိုင်းယှဉ်လျှင်အလွန်နည်းပါးတဲ့ပမာဏဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူဟာပေါ့ဘာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရနိုင်တဲ့အခြေအနေကြောင့်ယခုကဲ့သို့သက်သာတဲ့နှုန်းထားဖြင့်ရောင်းချဖို့စီစဉ်လာတာပါ။

မန်ယူဟာပေါလ်ပေါ့ဘာရဲ့နေရာမှာရန်းနက်စ်မှပြင်သစ်ကွင်းလယ်ကစားသမားလေးကာမာဗန်ကာနှင့်အစားထိုးရန်စီစဉ်ထားပါတယ်။ဒါ့အပြင်မန်ယူဟာရီးရဲလ်မက်ဒရစ်ဟိုနောက်ခံလူဗာရိန်းကိုလည်းခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ZawGyi

ေပါလ္ေပါ့ဘာအတြက္ အံ့ဩစရာေကာင္းတဲ့ေဈးႏႈန္းသတ္မွတ္လာတဲ့ သရဲနီ

မန္ယူဟာကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာအားအံ့ဩစရာေကာင္းေလာက္ေအာင္ ေဈးႏႈန္းေလွ်ာ့ခ်ကာေျပာင္းေ႐ႊ႕ေၾကးသတ္မွတ္လာပါတယ္။

အသက္၂၈ႏွစ္ရွိျပင္သစ္ကြင္းလယ္ကစားသမားဟာမန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့သူျဖစ္ပါတယ္။မန္ယူဟာေပါ့ဘာကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနၿပီးအကယ္၍စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ပါကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာေစမွာမဟုတ္ဘဲယခုေႏြမွာေရာင္းခ်ပါမယ္။

မန္ယူဟာ၂၀၁၆ခုႏွစ္တုန္းကဂ်ဴဗင္တပ္မွေပါလ္ေပါ့ဘာကိုျပန္လည္ေခၚယူစဥ္ကေျပာင္းေ႐ႊ႕ေၾကးေပါင္၈၉သန္းသုံးစြဲခဲ့ရပါတယ္။

ေပါ့ဘာဟာမန္ယူသို႔ျပန္လည္ေရာက္လာၿပီးေနာက္ပိုင္းတြင္ဆက္တိုက္ေျခစြမ္းျပကစားႏိုင္ရန္႐ုန္းကန္ရပါတယ္။ဒါေပမယ့္သူဟာျပင္သစ္ႏွင့္အတူယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာအေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္ခဲ့ရာဥေရာပတလႊားမွထိပ္သီးကလပ္မ်ားရဲ႕စိတ္ဝင္စားျခင္းခံလာရပါတယ္။

L’Equipe ရဲ႕ေဖာ္ျပခ်က္အရမန္ယူဟာေပါလ္ေပါ့ဘာကိုေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၅၀ ရရွိလွ်င္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါပမာဏမွာေပါ့ဘာရဲ႕ပါရမီ၊ေကာ္မာရွယ္တန္ဖိုးတို႔ႏွင့္ႏႈိင္းယွဥ္လွ်င္အလြန္နည္းပါးတဲ့ပမာဏျဖစ္ပါတယ္။

ဒါေပမယ့္မန္ယူဟာေပါ့ဘာကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရႏိုင္တဲ့အေျခအေနေၾကာင့္ယခုကဲ့သို႔သက္သာတဲ့ႏႈန္းထားျဖင့္ေရာင္းခ်ဖို႔စီစဥ္လာတာပါ။

မန္ယူဟာေပါလ္ေပါ့ဘာရဲ႕ေနရာမွာရန္းနက္စ္မွျပင္သစ္ကြင္းလယ္ကစားသမားေလးကာမာဗန္ကာႏွင့္အစားထိုးရန္စီစဥ္ထားပါတယ္။ဒါ့အျပင္မန္ယူဟာရီးရဲလ္မက္ဒရစ္ဟိုေနာက္ခံလူဗာရိန္းကိုလည္းေခၚယူရန္ႀကိဳးပမ္းေနပါတယ္။