ပေါ့စတားရှာကီရာနှင့် ချစ်ကြိုက်ပြီးနောက်ပိုင်းတွင် ဂွါဒီယိုလာနှင့်ဆက်ဆံရေး လုံးဝ ပြောင်းလဲသွားခဲ့ကြောင်း ပီကေးဖွင့်ဟလာ

ဂါရတ်ပီကေးကပေါ့စတားရှာကီရာနှင့်စတင်ချစ်ကြိုက်ပြီးနောက်ပိုင်းတွင်ပက်ဂွါဒီယိုလာနှင့်ဆက်ဆံရေးအပေါ်ဖွင့်ချပြောကြားလာပါတယ်။

အသက်၃၄နှစ်ရှိနောက်ခံလူဟာရှာကီရာနှင့်ချစ်ကြိုက်ပြီးနောက်ပိုင်းတွင်နည်းပြဂွါဒီယိုလာနှင့်ဆက်ဆံရေးအခြေအနေမှာလုံးဝပြောင်းလဲသွားခဲ့ပြီးဘာစီလိုနာမှထွက်ခွာရန်အထိစဉ်းစားခဲ့ပါတယ်။

ပီကေးဟာ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ကိုလံဘီယာပေါ့စတားနှင့်တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။

ပီကေးက “သူနဲ့အရေးပါတဲ့အခြေအနေတစ်ခုအထိတင်းမာခဲ့ကြတာပါ။အဝတ်အစားလဲခန်းမှာတော့ပုံမှန်လိုပဲဖြစ်ခဲ့တယ်။ဟိုဆေးမော်ရင်ဟိုနဲ့ယှဉ်ပြိုင်မှုကလည်းအရမ်းကို စိတ်ပင်းပန်စေပါတယ်။ပက်ကဖြစ်ပျက်တာတွေအားလုံးကိုထိန်းချုပ်ချင်ပါတယ်။ကျွန်တော်ရှာကီရာနဲ့စပြီးတော့တွဲတယ်။အဲဒီမှာကျွန်တော်တို့အကြားဆက်ဆံရေးကလုံးဝပြောင်းလဲသွားခဲ့တော့တာပဲ။အခုတော့ပြန်ကောင်းနေပါပြီ။ဖိအားတွေအရမ်းများခဲ့တယ်။လေ့ကျင့်ရေးကွင်းမှာအားလုံးအပြည့်စုံဆုံးဖြစ်အောင်လုပ်တယ်။အဲဒီတုန်းက၂၀၁၁-၁၂ရာသီပါ။ထွက်ခွာတောင်စဉ်းစားခဲ့တယ်။အဲဒီနှစ်မှာသူနဲ့ပတ်သက်ပြီးအရမ်းနာကျင်ခဲ့ရတယ်”လို့ပြောကြားခဲ့ပါတယ်။

ယင်းရာသီအကုန်မှာတော့ဘာစီလိုနာကနေပက်ဂွါဒီယိုလာထွက်ခွာသွားခဲ့ပါတယ်။ပီကေးဟာဘာစီလိုနာမှာအရေးပါတဲ့သူတစ်ဦးအဖြစ်ဆက်လက်ကစားခဲ့ပြီး၂၀၁၄-၁၅ရာသီမှာသမိုင်းဝင်ဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာယခုရာသီမှာလည်းဘာစီလိုနာအသင်းဘဏ္ဍာရေးအကြပ်အတည်းတွေ့နေမှုကြောင့်လုပ်ခ၅၀ရာခိုင်နှုန်းလျှော့ယူခြင်း၊လုပ်ခများကိုအချိန်ဆိုင်းရယူပေးခြင်းတို့ပြုလုပ်ပေးထားပါတယ်။

သူဟာ၂၀၁၁ခုနှစ်တွင်ရှာကီရာနဲ့စတင်ချစ်ကြိုက်ပြီးနောက်ယခုတိုင်လက်တွဲနေကာကလေးနှစ်ဦးမွေးဖွားထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းကအင်တာဗျူးတစ်ခုမှာပီကေးက၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းကတောင်အာဖရိကနိုင်ငံရဲ့ရာသီဥတုအခြေအနေကိုမေးမြန်းကာစတင်ပိုးပန်းမှုပြလုပ်ခဲ့ကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ZawGyi

ေပါ့စတားရွာကီရာႏွင့္ ခ်စ္ႀကိဳက္ၿပီးေနာက္ပိုင္းတြင္ ဂြါဒီယိုလာႏွင့္ဆက္ဆံေရး လုံးဝ ေျပာင္းလဲသြားခဲ့ေၾကာင္း ပီေကးဖြင့္ဟလာ

ဂါရတ္ပီေကးကေပါ့စတားရွာကီရာႏွင့္စတင္ခ်စ္ႀကိဳက္ၿပီးေနာက္ပိုင္းတြင္ပက္ဂြါဒီယိုလာႏွင့္ဆက္ဆံေရးအေပၚဖြင့္ခ်ေျပာၾကားလာပါတယ္။

အသက္၃၄ႏွစ္ရွိေနာက္ခံလူဟာရွာကီရာႏွင့္ခ်စ္ႀကိဳက္ၿပီးေနာက္ပိုင္းတြင္နည္းျပဂြါဒီယိုလာႏွင့္ဆက္ဆံေရးအေျခအေနမွာလုံးဝေျပာင္းလဲသြားခဲ့ၿပီးဘာစီလိုနာမွထြက္ခြာရန္အထိစဥ္းစားခဲ့ပါတယ္။

ပီေကးဟာ၂၀၁၀ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ကိုလံဘီယာေပါ့စတားႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့ၾကတာျဖစ္ပါတယ္။

ပီေကးက “သူနဲ႔အေရးပါတဲ့အေျခအေနတစ္ခုအထိတင္းမာခဲ့ၾကတာပါ။အဝတ္အစားလဲခန္းမွာေတာ့ပုံမွန္လိုပဲျဖစ္ခဲ့တယ္။ဟိုေဆးေမာ္ရင္ဟိုနဲ႔ယွဥ္ၿပိဳင္မႈကလည္းအရမ္းကို စိတ္ပင္းပန္ေစပါတယ္။ပက္ကျဖစ္ပ်က္တာေတြအားလုံးကိုထိန္းခ်ဳပ္ခ်င္ပါတယ္။ကြၽန္ေတာ္ရွာကီရာနဲ႔စၿပီးေတာ့တြဲတယ္။အဲဒီမွာကြၽန္ေတာ္တို႔အၾကားဆက္ဆံေရးကလုံးဝေျပာင္းလဲသြားခဲ့ေတာ့တာပဲ။အခုေတာ့ျပန္ေကာင္းေနပါၿပီ။ဖိအားေတြအရမ္းမ်ားခဲ့တယ္။ေလ့က်င့္ေရးကြင္းမွာအားလုံးအျပည့္စုံဆုံးျဖစ္ေအာင္လုပ္တယ္။အဲဒီတုန္းက၂၀၁၁-၁၂ရာသီပါ။ထြက္ခြာေတာင္စဥ္းစားခဲ့တယ္။အဲဒီႏွစ္မွာသူနဲ႔ပတ္သက္ၿပီးအရမ္းနာက်င္ခဲ့ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယင္းရာသီအကုန္မွာေတာ့ဘာစီလိုနာကေနပက္ဂြါဒီယိုလာထြက္ခြာသြားခဲ့ပါတယ္။ပီေကးဟာဘာစီလိုနာမွာအေရးပါတဲ့သူတစ္ဦးအျဖစ္ဆက္လက္ကစားခဲ့ၿပီး၂၀၁၄-၁၅ရာသီမွာသမိုင္းဝင္ဖလားသုံးလုံးဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာယခုရာသီမွာလည္းဘာစီလိုနာအသင္းဘ႑ာေရးအၾကပ္အတည္းေတြ႕ေနမႈေၾကာင့္လုပ္ခ၅၀ရာခိုင္ႏႈန္းေလွ်ာ့ယူျခင္း၊လုပ္ခမ်ားကိုအခ်ိန္ဆိုင္းရယူေပးျခင္းတို႔ျပဳလုပ္ေပးထားပါတယ္။

သူဟာ၂၀၁၁ခုႏွစ္တြင္ရွာကီရာနဲ႔စတင္ခ်စ္ႀကိဳက္ၿပီးေနာက္ယခုတိုင္လက္တြဲေနကာကေလးႏွစ္ဦးေမြးဖြားထားပါတယ္။

ၿပီးခဲ့တဲ့ဧၿပီလတုန္းကအင္တာဗ်ဴးတစ္ခုမွာပီေကးက၂၀၁၀ကမာၻ႔ဖလားၿပိဳင္ပြဲကာလတုန္းကေတာင္အာဖရိကႏိုင္ငံရဲ႕ရာသီဥတုအေျခအေနကိုေမးျမန္းကာစတင္ပိုးပန္းမႈျပလုပ္ခဲ့ေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။