ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုရေးအပေါ် လက်လျှော့လိုက်ပြီဖြစ်တဲ့ မန်ယူ

မန်ယူဟာပေါလ်ပေါ့ဘာအားစာချုပ်သစ်ချုပ်ဆိုရေးကြိုးပမ်းမှုကိုလက်လျှော့လိုက်ပြီဖြစ်ပြီးလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးသွားတော့မှာဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးအတွက်လအတန်ကြာဆွေးနွေးလာခဲ့ပြီဖြစ်သော်လည်းသဘောတူညီမှုရရှိရန်ခက်ခဲနေခဲ့ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်အကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။

ယနေ့မှာ ESPN ရဲ့ဖော်ပြချက်မန်ယူအသင်းတာဝန်ရှိသူများဟာပေါ့ဘာအားစာချုပ်သစ်ချုပ်ဆိုရေးအပေါ်လက်လျှော့လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

မန်ယူဟာ၂၀၁၆ခုနှစ်တုန်းကပေါ့ဘာကိုပေါင်၈၉သန်းအသုံးပြုကာပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်သူဟာမန်ယူတွင်ကစားစဉ်အတွင်းခြေစွမ်းမမှန်မှုနဲ့အတူဝေဖန်မှုများဆက်တိုက်ကြုံလာရပါတယ်။သူဟာရာသီအစတုန်းက၇ကြိမ်အထိဖန်တီးမှုပြုလုပ်နိုင်မှုကြောင့်ချီးကျူးမှုများခံခဲ့ရသော်လည်းနောက်ပိုင်းပွဲများတွင်နေရာပျောက်လာခဲ့ပါတယ်။

မန်ယူဟာပေါ့ဘာကိုစာချုပ်သစ်ချုပ်ဆိုရေးမအောင်မြင်မှုနဲ့အတူလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ရတဲ့ဈေးနှုန်းဖြင့်ရောင်းချကာငွေပြန်ဖော်သွားဖို့ရှိပါတယ်။

ZawGyi






