ပေါ့ဘာကို မန်ယူမှ ထွက်ခွာပြီး ဘာစီလိုနာပြောင်းရန် အစ်ကိုဖြစ်သူတိုက်တွန်း

ပေါလ်ပေါ့ဘာရဲ့အစ်ကိုမားသီးယပ်စ်ပေါ့ဘာကပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားအားမန်ချက်စတာယူနိုက်တက်မှထွက်ခွာကာဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန်တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြင်သစ်လက်ရွေးင်ကစားသမားပေါလ်ပေါ့ဘာဟာယခုရာသီတွင်ခြေစွမ်းပြကစားလျက်ရှိပြီးအိုးထရက်ဖို့ဒ်တွင်ပိုမိုအထိုင်ကျလာတာတွေ့ရပါတယ်။

ဒါပေမယ့်အစ်ကိုဖြစ်သူကတော့ညီဖြစ်သူအနေဖြင့်မန်ယူမှထွက်ခွာပြီးနျူးကမ့်သို့ပြောင်းရွှေ့ကစားသင့်ကြောင်းဆိုသွားပါတယ်။

အသက်၂၈နှစ်ရှိပေါ့ဘာဟာလာမယ့်၂၀၂၂ခုနှစ်နွေရာသီတွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်အတွက်တစ်ပတ်ပေါင်၄၀၀၀၀၀အထိအလိုရှိနေသူလည်းဖြစ်ပါတယ်။

မန်ယူအနေဖြင့်ပေါ့ဘာကိုစာချုပ်သစ်ချုပ်ဆိုရေးမအောင်မြင်လျှင်လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းတွင်ရောင်းချသွားဖို့ရှိနေပါတယ်။

၎င်းကိုဂျူဗင်တပ်၊ရီးရဲလ်မက်ဒရစ်နှင့်ဘာစီလိုနာတို့ကစိတ်ဝင်စားနေသော်လည်းကိုဗစ်ကြောင့်ငွေကြေးအကြပ်ဆိုက်နေမှုနဲ့အတူပြောင်းရွှေ့ကြေးမြင့်မားစွာသုံးနိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့်ဘာစီလိုနာဥက္ကဌသစ်လာပေါ်တာဟာလာမယ့်နွေရာသီတွင်အသင်းကိုအကြီးအကျယ်အပြောင်းအလဲလုပ်ရန်စီစဉ်နေပြီးကစားသမားများစွာထွက်ခွာမှု၊ခေါ်ဆောင်မှုပြုလုပ်သွားဖို့ရှိပါတယ်။

မားသီးယပ်စ်က “သူယူရိုပါလိဂ်ဖလားရပြီးတဲ့အချိန်ကျရင်စကားပြောပါမယ်။အခုဘာမှမပြောနိုင်သေးပါဘူး။ကျွန်တော်သာဆိုရင်တော့ကမ်းလှမ်းလာရင်ချက်ချင်းဘဲလက်မှတ်ထိုးပါမယ်။သူ့ကိုလည်းဘာစီလိုနာသို့ပြောင်းဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာဟာမာ့ခ်အင်ဒရေတာစတီဂန်၊လီယွန်နယ်မက်ဆီ၊အန်ဆူးဖာတီ၊ဖရန်ကီဒီဂျောင်အပါအဝင်ကစားသမားကိုးဦးကိုသာအသင်းတွင်ဆက်ထိန်းထားရန်အာမခံထားပြီးကော်တင်ဟို၊ဒမ်ဘီလီ၊ပီယာနစ်နှင့်ကစားသမားအများစုတို့ကိုရောင်းချသွားရန်စီစဉ်ထားပါတယ်။

ZawGyi

ေပါ့ဘာကို မန္ယူမွ ထြက္ခြာၿပီး ဘာစီလိုနာေျပာင္းရန္ အစ္ကိုျဖစ္သူတိုက္တြန္း

ေပါလ္ေပါ့ဘာရဲ႕အစ္ကိုမားသီးယပ္စ္ေပါ့ဘာကျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားအားမန္ခ်က္စတာယူႏိုက္တက္မွထြက္ခြာကာဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

ျပင္သစ္လက္ေ႐ြးင္ကစားသမားေပါလ္ေပါ့ဘာဟာယခုရာသီတြင္ေျခစြမ္းျပကစားလ်က္ရွိၿပီးအိုးထရက္ဖို႔ဒ္တြင္ပိုမိုအထိုင္က်လာတာေတြ႕ရပါတယ္။

ဒါေပမယ့္အစ္ကိုျဖစ္သူကေတာ့ညီျဖစ္သူအေနျဖင့္မန္ယူမွထြက္ခြာၿပီးန်ဴးကမ့္သို႔ေျပာင္းေ႐ႊ႕ကစားသင့္ေၾကာင္းဆိုသြားပါတယ္။

အသက္၂၈ႏွစ္ရွိေပါ့ဘာဟာလာမယ့္၂၀၂၂ခုႏွစ္ေႏြရာသီတြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သစ္အတြက္တစ္ပတ္ေပါင္၄၀၀၀၀၀အထိအလိုရွိေနသူလည္းျဖစ္ပါတယ္။

မန္ယူအေနျဖင့္ေပါ့ဘာကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးမေအာင္ျမင္လွ်င္လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္းတြင္ေရာင္းခ်သြားဖို႔ရွိေနပါတယ္။

၎ကိုဂ်ဴဗင္တပ္၊ရီးရဲလ္မက္ဒရစ္ႏွင့္ဘာစီလိုနာတို႔ကစိတ္ဝင္စားေနေသာ္လည္းကိုဗစ္ေၾကာင့္ေငြေၾကးအၾကပ္ဆိုက္ေနမႈနဲ႔အတူေျပာင္းေ႐ႊ႕ေၾကးျမင့္မားစြာသုံးႏိုင္မွာမဟုတ္ပါဘူး။

ဒါေပမယ့္ဘာစီလိုနာဥကၠဌသစ္လာေပၚတာဟာလာမယ့္ေႏြရာသီတြင္အသင္းကိုအႀကီးအက်ယ္အေျပာင္းအလဲလုပ္ရန္စီစဥ္ေနၿပီးကစားသမားမ်ားစြာထြက္ခြာမႈ၊ေခၚေဆာင္မႈျပဳလုပ္သြားဖို႔ရွိပါတယ္။

မားသီးယပ္စ္က “သူယူ႐ိုပါလိဂ္ဖလားရၿပီးတဲ့အခ်ိန္က်ရင္စကားေျပာပါမယ္။အခုဘာမွမေျပာႏိုင္ေသးပါဘူး။ကြၽန္ေတာ္သာဆိုရင္ေတာ့ကမ္းလွမ္းလာရင္ခ်က္ခ်င္းဘဲလက္မွတ္ထိုးပါမယ္။သူ႔ကိုလည္းဘာစီလိုနာသို႔ေျပာင္းဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာဟာမာ့ခ္အင္ဒေရတာစတီဂန္၊လီယြန္နယ္မက္ဆီ၊အန္ဆူးဖာတီ၊ဖရန္ကီဒီေဂ်ာင္အပါအဝင္ကစားသမားကိုးဦးကိုသာအသင္းတြင္ဆက္ထိန္းထားရန္အာမခံထားၿပီးေကာ္တင္ဟို၊ဒမ္ဘီလီ၊ပီယာနစ္ႏွင့္ကစားသမားအမ်ားစုတို႔ကိုေရာင္းခ်သြားရန္စီစဥ္ထားပါတယ္။