ပေါ့ဘာကို ယူနိုက်တက်အင်္ကျီ နောက်ထပ်ဝတ်ခွင့် မပေးသင့်တော့ကြောင်း ပေါလ်စခိုးပြောကြား

မန်ယူဂန္ထဝင်ကွင်းလယ်ကစားသမားပေါလ်စခိုးကလီဗာပူးနှင့်ပွဲတွင်အနီကတ်ပြအထုတ်ခံခဲ့ရတဲ့ပေါလ်စခိုးအားမန်ယူအတွက်နောင်တွင်လုံးဝကစားခွင့်မပေးသင့်တော့ကြောင်းပြောကြားလိုက်ပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာအိုးထရက်ဖို့ဒ်မှာလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ပွဲထွက်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်ပထမပိုင်းတွင်၄-၀ဂိုးဖြင့်ရှုံးနိမ့်နေပြီးနောက်ပေါ့ဘာဟာဒုတိယပိုင်းတွင်လူစားဝင်ရောက်ကစားခဲ့ပါတယ်။

သူဟာလီဗာပူးရရှိတဲ့ပဥ္စမဂိုးတွင်တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တဲ့အပြင် နာဘေးကီတာအားကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့်တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပေါလ်စခိုးက “ပေါလ်ပေါ့ဘာဟာဒုတိယပိုင်းမှာအသင်းကိုကူညီဖို့ဆိုပြီးဝင်ရောက်လာတယ်။သူတို့ဟာဘောလုံးအပေါ်မှာရပ်ဖို့ကြိုးစားတယ်။အလယ်တန်းမှာသူကဘယ်လောက်သန်မာတယ်ဆိုတာပြသဖို့ကြိုးစားရင်း ဂိုးတစ်ဂိုးပေးခဲ့တယ်။နောက်တော့အဓိပ္ပါယ်မရှိတဲ့ဖျက်ထုတ်မှုလုပ်ပြီးအထုတ်ခံရတယ်။ဆယ်ယောက်ကျန်၅-၀ဂိုးအနေအထားမှာဘာများလုပ်နိုင်တော့မှာလဲ။တကယ်လို့အိုလီသာနည်းပြအဖြစ်ဆက်ရှိနေသေးတယ်ဆိုရင်တော့ပေါ့ဘာကိုယူနိုက်တက်အင်္ကျီဆက်ဝတ်ခိုင်းသင့်သေးသလား။သူဟာပြီးခဲ့တဲ့နှစ်တွေမှာပြဿနာရှာလာခဲ့တဲ့သူပါ။သူကပါရမီရှင်တစ်ယောက်ဆိုတာလူတိုင်းသိတယ်။လူတိုင်းသူ့ကိုယုံတယ်။နည်းပြတိုင်းလည်းသူ့ကိုယုံတယ်။သူ့ကိုခေါင်းမော့ရင်ကော့နေစေခဲ့တယ်။သူ့စိတ်ကြိုက်ကစားခွင့်ပေးခဲ့ကြတယ်။စာချုပ်မှာလက်မှတ်မထိုးဘူး။ကလပ်ကိုငွေညှစ်သလိုလုပ်နေတယ်။နောက်တော့ကွင်းထဲဝင်လာတယ်။ဒီလိုလုပ်သွားတယ်”လို့ပြောကြားသွားပါတယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားသူဖြစ်ပါတယ်။သူဟာလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်တစ်ခုနှင့်လွတ်လပ်စွာဆွေးနွေးကာအကြိုစာချုပ်ချုပ်ဆိုခွင့်ရှိနေပါတယ်။

ZawGyi

ေပါ့ဘာကို ယူႏိုက္တက္အက်ႌ ေနာက္ထပ္ဝတ္ခြင့္ မေပးသင့္ေတာ့ေၾကာင္း ေပါလ္စခိုးေျပာၾကား

မန္ယူဂႏၴဝင္ကြင္းလယ္ကစားသမားေပါလ္စခိုးကလီဗာပူးႏွင့္ပြဲတြင္အနီကတ္ျပအထုတ္ခံခဲ့ရတဲ့ေပါလ္စခိုးအားမန္ယူအတြက္ေနာင္တြင္လုံးဝကစားခြင့္မေပးသင့္ေတာ့ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမားဟာအိုးထရက္ဖို႔ဒ္မွာလီဗာပူးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ပြဲထြက္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္ပထမပိုင္းတြင္၄-၀ဂိုးျဖင့္ရႈံးနိမ့္ေနၿပီးေနာက္ေပါ့ဘာဟာဒုတိယပိုင္းတြင္လူစားဝင္ေရာက္ကစားခဲ့ပါတယ္။

သူဟာလီဗာပူးရရွိတဲ့ပၪၥမဂိုးတြင္တိုက္႐ိုက္ပါဝင္ပတ္သက္ခဲ့တဲ့အျပင္ နာေဘးကီတာအားၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈေၾကာင့္တိုက္႐ိုက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ေပါလ္စခိုးက “ေပါလ္ေပါ့ဘာဟာဒုတိယပိုင္းမွာအသင္းကိုကူညီဖို႔ဆိုၿပီးဝင္ေရာက္လာတယ္။သူတို႔ဟာေဘာလုံးအေပၚမွာရပ္ဖို႔ႀကိဳးစားတယ္။အလယ္တန္းမွာသူကဘယ္ေလာက္သန္မာတယ္ဆိုတာျပသဖို႔ႀကိဳးစားရင္း ဂိုးတစ္ဂိုးေပးခဲ့တယ္။ေနာက္ေတာ့အဓိပၸါယ္မရွိတဲ့ဖ်က္ထုတ္မႈလုပ္ၿပီးအထုတ္ခံရတယ္။ဆယ္ေယာက္က်န္၅-၀ဂိုးအေနအထားမွာဘာမ်ားလုပ္ႏိုင္ေတာ့မွာလဲ။တကယ္လို႔အိုလီသာနည္းျပအျဖစ္ဆက္ရွိေနေသးတယ္ဆိုရင္ေတာ့ေပါ့ဘာကိုယူႏိုက္တက္အက်ႌဆက္ဝတ္ခိုင္းသင့္ေသးသလား။သူဟာၿပီးခဲ့တဲ့ႏွစ္ေတြမွာျပႆနာရွာလာခဲ့တဲ့သူပါ။သူကပါရမီရွင္တစ္ေယာက္ဆိုတာလူတိုင္းသိတယ္။လူတိုင္းသူ႔ကိုယုံတယ္။နည္းျပတိုင္းလည္းသူ႔ကိုယုံတယ္။သူ႔ကိုေခါင္းေမာ့ရင္ေကာ့ေနေစခဲ့တယ္။သူ႔စိတ္ႀကိဳက္ကစားခြင့္ေပးခဲ့ၾကတယ္။စာခ်ဳပ္မွာလက္မွတ္မထိုးဘူး။ကလပ္ကိုေငြညႇစ္သလိုလုပ္ေနတယ္။ေနာက္ေတာ့ကြင္းထဲဝင္လာတယ္။ဒီလိုလုပ္သြားတယ္”လို႔ေျပာၾကားသြားပါတယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ထားသူျဖစ္ပါတယ္။သူဟာလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္တစ္ခုႏွင့္လြတ္လပ္စြာေဆြးေႏြးကာအႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုခြင့္ရွိေနပါတယ္။