ပေါ့ဘာနှင့်အလဲအထပ်လုပ်ပြိး အိုးထရက်ဖို့ဒ်သို့ တစ်ကျော့ပြန်ရောက်လာနိုင်တဲ့ စူပါစတား

မန်ယူဟာဂျူဗင်တပ်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုအားပေါလ်ပေါ့ဘာနှင့်အလဲအထပ်လုပ်ပြီးခေါ်ယူမှုပြုလုပ်ရန်စိတ်ဝင်စားနေကြောင်းသတင်းထွက်နေပါတယ်။

အကယ်၍ပရီးမီးယားလိဂ်ထိပ်သီးနှင့်စီးရီးအေထိပ်သီးအကြားသဘောတူညီမှုရရှိပါကပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုမှာ၁၂နှစ်အကြာတွင်အောင်မြေဖြစ်တဲ့အိုးထရက်ဖို့ဒ်သို့တစ်ကျော့ပြန်ရောက်လာပါမယ်။

La Gazzetta dello Sport ရဲ့ဖော်ပြချက်အရကလပ်နှစ်ခုစလုံးဟာကစားသမားကိုအပြန်အလှန်အလဲအထပ်လုပ်ရန်ဆန္ဒရှိနေပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့လုပ်ခမြင့်မားမှုကြောင့်ပေါလ်ပေါ့ဘာအတွက်ငွေကြေးတချို့ရရှိလိုနေပါသေးတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာမန်ယူတွင်ခြောက်နှစ်ကြာကစားစဉ်အတွင်းပရီးမီးယားလိဂ်ဖလား၂ကြိမ်၊လိဂ်ဖလား၂ကြိမ်၊ချန်ပီယံလိဂ်၁ကြိမ်နှင့်အက်ဖ်အေဖလား၁ကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။

အခြားတစ်ဖက်တွင်မန်ယူအကယ်ဒမီထွက်ကမ္ဘာ့ဖလားဆုရှင်အသက်၂၈နှစ်ရှိပေါလ်ပေါ့ဘာမှာလည်းဂျူဗင်တပ်တွင်၂၀၁၂ခုနှစ်မှ၂၀၁၆ခုနှစ်အထိကစားခဲ့စဉ်အတွင်းစီးရီးအေဖလား၄ကြိမ်နှင့်ကိုပါအီတာလီယာဖလား၂ကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပေါလ်ပေါ့ဘာတို့အားအလဲအထပ်လုပ်ရေးမှာဂျူဗင်တပ်နည်းပြသစ်အဖြစ်မက်ဆီမိုအယ်လ်လီဂရီဖြစ်လာပြီးနောက်ပိုမိုအသံထွက်လာပါတယ်။အယ်လီဂရီဟာ၂၀၁၉ခုနှစ်တုန်းကဂျူဗင်တပ်မှထုတ်ပယ်ခြင်းမခံရမီတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုရောင်းချရန်ကလပ်ကိုပြောကြားခဲ့ဖူးကြောင်းသတင်းထွက်ခဲ့ဖူးပါတယ်။အယ်လ်လီဂရီဟာတူရင်တွင်သူနဲ့လက်တွဲဖူးတဲ့ပေါလ်ပေါ့ဘာနှင့်ပြန်လည်လက်တွဲလိုနေပါတယ်။

ZawGyi

ေပါ့ဘာႏွင့္အလဲအထပ္လုပ္ၿပိး အိုးထရက္ဖို႔ဒ္သို႔ တစ္ေက်ာ့ျပန္ေရာက္လာႏိုင္တဲ့ စူပါစတား

မန္ယူဟာဂ်ဴဗင္တပ္စူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုအားေပါလ္ေပါ့ဘာႏွင့္အလဲအထပ္လုပ္ၿပီးေခၚယူမႈျပဳလုပ္ရန္စိတ္ဝင္စားေနေၾကာင္းသတင္းထြက္ေနပါတယ္။

အကယ္၍ပရီးမီးယားလိဂ္ထိပ္သီးႏွင့္စီးရီးေအထိပ္သီးအၾကားသေဘာတူညီမႈရရွိပါကေပၚတူဂီအသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာ၁၂ႏွစ္အၾကာတြင္ေအာင္ေျမျဖစ္တဲ့အိုးထရက္ဖို႔ဒ္သို႔တစ္ေက်ာ့ျပန္ေရာက္လာပါမယ္။

La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရကလပ္ႏွစ္ခုစလုံးဟာကစားသမားကိုအျပန္အလွန္အလဲအထပ္လုပ္ရန္ဆႏၵရွိေနပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕လုပ္ချမင့္မားမႈေၾကာင့္ေပါလ္ေပါ့ဘာအတြက္ေငြေၾကးတခ်ိဳ႕ရရွိလိုေနပါေသးတယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာမန္ယူတြင္ေျခာက္ႏွစ္ၾကာကစားစဥ္အတြင္းပရီးမီးယားလိဂ္ဖလား၂ႀကိမ္၊လိဂ္ဖလား၂ႀကိမ္၊ခ်န္ပီယံလိဂ္၁ႀကိမ္ႏွင့္အက္ဖ္ေအဖလား၁ႀကိမ္ဆြတ္ခူးခဲ့ဖူးပါတယ္။

အျခားတစ္ဖက္တြင္မန္ယူအကယ္ဒမီထြက္ကမာၻ႔ဖလားဆုရွင္အသက္၂၈ႏွစ္ရွိေပါလ္ေပါ့ဘာမွာလည္းဂ်ဴဗင္တပ္တြင္၂၀၁၂ခုႏွစ္မွ၂၀၁၆ခုႏွစ္အထိကစားခဲ့စဥ္အတြင္းစီးရီးေအဖလား၄ႀကိမ္ႏွင့္ကိုပါအီတာလီယာဖလား၂ႀကိမ္ဆြတ္ခူးခဲ့ဖူးပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေပါလ္ေပါ့ဘာတို႔အားအလဲအထပ္လုပ္ေရးမွာဂ်ဴဗင္တပ္နည္းျပသစ္အျဖစ္မက္ဆီမိုအယ္လ္လီဂရီျဖစ္လာၿပီးေနာက္ပိုမိုအသံထြက္လာပါတယ္။အယ္လီဂရီဟာ၂၀၁၉ခုႏွစ္တုန္းကဂ်ဴဗင္တပ္မွထုတ္ပယ္ျခင္းမခံရမီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကိုေရာင္းခ်ရန္ကလပ္ကိုေျပာၾကားခဲ့ဖူးေၾကာင္းသတင္းထြက္ခဲ့ဖူးပါတယ္။အယ္လ္လီဂရီဟာတူရင္တြင္သူနဲ႔လက္တြဲဖူးတဲ့ေပါလ္ေပါ့ဘာႏွင့္ျပန္လည္လက္တြဲလိုေနပါတယ္။