ပေါ့ဘာမှာ ဘယ်အရာမဆို လုပ်ပြနိုင်စွမ်းရှိကြောင်း ဆိုးလ်ရှားပြောကြား

မန်ယူနည်းပြဆိုးလ်ရှားကဖူလ်ဟမ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလှပတဲ့အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့တဲ့ကွင်းလယ် ကစားသမားပေါလ်ပေါ့ဘာမှာမည်သည့်အရာကိုမဆိုလုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်းချီးကျူးပြောကြားလိုက်ပါတယ်။

ပေါလ်ပေါ့ဘာဟာကိုဗစ်ကူးစက်ခံရခြင်း၊ဒဏ်ရာပြဿနာများကြုံရခြင်းတို့ကြောင့်ယခုရာသီအစောပိုင်းတွင် အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ခဲ့ရပြီးခြေစွမ်းမပြနိုင်မှုကြောင့်နေရာရရှိရန်ပင်ရုန်းကန်ခဲ့ရပါတယ်။ဒါပေမယ့်ပြီးခဲ့တဲ့ရက်သတ္တပတ်များမှာတော့ပေါလ်ပေါ့ဘာဟာအကောင်းဆုံးပုံစံဖြင့်ကစားနေပါတယ်။

ပေါ့ဘာဟာမန်ယူအတွက်ပရီးမီးယားလိဂ်ငါးပွဲဆက်တိုက်ပွဲထွက်ကစားခွင့်ရရှိထားပြီးနှစ်ဂိုးသွင်းယူထားပါတယ်။ သူဟာဗုဒ္ဓဟူးနေ့တုန်းကဖူလ်ဟမ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်းပွဲချိန်၆၅မိနစ်မှာဧရိယာအပြင်ကနေ ဘယ်ခြေဖြင့်အပြင်းကန်သွင်းကာမန်ယူအတွက်အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

မန်ယူဟာဖူလ်ဟမ်နိုင်ပွဲကြောင့်ဗီလာကိုအနိုင်ရပြီးဇယားထိပ်တွင်ယာယီရပ်တည်ထားနိုင်တဲ့မန်စီးတီးရဲ့အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုပြန်လည်လွဲပြောင်းရယူခဲ့ပါတယ်။

ဆိုးလ်ရှားက “ပေါလ်ကဘာမဆိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာကျွန်တော်တို့အမြဲတမ်းပြောလာခဲ့တာပါ။သူကတောင်ပံ မှာကစားနိုင်တယ်။အလယ်တန်းမှာလည်းကစားနိုင်တယ်။အခွင့်အရေးတွေဖန်တီးနိုင်တယ်။ကန်ချက်တွေပြုလုပ်နိုင်တယ်။ဒီနေ့သူဟာအလယ်တန်းမှာကစားတယ်။ဘယ်ခြေနဲ့သွင်းလိုက်တဲ့သူ့ဂိုးဘယ်လောက်ကောင်းလိုက်သလဲ။သူအပြည့်အဝကြိုးစားအားထုတ်ခဲ့တယ်။ဖျက်ထုတ်မှုတွေလည်းကောင်းကောင်းလုပ်ခဲ့ပါတယ်။သူအကောင်းဆုံးပုံစံပြန်ရနေပါပြီ။ကြံ့ခိုင်မှုကောင်းနေတယ်။အလယ်တန်းမှာရောတောင်ပံမှာပါသူကစားနိုင်တယ်။သူတွေကပေါလ်အ တွက်အရေးအကြီးဆုံးပါ။သူကစားတာအရမ်းကောင်းတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ေပါ့ဘာမွာ ဘယ္အရာမဆို လုပ္ျပႏိုင္စြမ္းရွိေၾကာင္း ဆိုးလ္ရွားေျပာၾကား

မန္ယူနည္းျပဆိုးလ္ရွားကဖူလ္ဟမ္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလွပတဲ့အဖိုးတန္အႏိုင္ဂိုးသြင္းယူခဲ့တဲ့ကြင္းလယ္ ကစားသမားေပါလ္ေပါ့ဘာမွာမည္သည့္အရာကိုမဆိုလုပ္ႏိုင္စြမ္းရွိသူျဖစ္ေၾကာင္းခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။

ေပါလ္ေပါ့ဘာဟာကိုဗစ္ကူးစက္ခံရျခင္း၊ဒဏ္ရာျပႆနာမ်ားႀကဳံရျခင္းတို႔ေၾကာင့္ယခုရာသီအေစာပိုင္းတြင္ အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ခဲ့ရၿပီးေျခစြမ္းမျပႏိုင္မႈေၾကာင့္ေနရာရရွိရန္ပင္႐ုန္းကန္ခဲ့ရပါတယ္။ဒါေပမယ့္ၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားမွာေတာ့ေပါလ္ေပါ့ဘာဟာအေကာင္းဆုံးပုံစံျဖင့္ကစားေနပါတယ္။

ေပါ့ဘာဟာမန္ယူအတြက္ပရီးမီးယားလိဂ္ငါးပြဲဆက္တိုက္ပြဲထြက္ကစားခြင့္ရရွိထားၿပီးႏွစ္ဂိုးသြင္းယူထားပါတယ္။ သူဟာဗုဒၶဟူးေန႔တုန္းကဖူလ္ဟမ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလည္းပြဲခ်ိန္၆၅မိနစ္မွာဧရိယာအျပင္ကေန ဘယ္ေျချဖင့္အျပင္းကန္သြင္းကာမန္ယူအတြက္အႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

မန္ယူဟာဖူလ္ဟမ္ႏိုင္ပြဲေၾကာင့္ဗီလာကိုအႏိုင္ရၿပီးဇယားထိပ္တြင္ယာယီရပ္တည္ထားႏိုင္တဲ့မန္စီးတီးရဲ႕အမွတ္ေပးဇယားထိပ္ဆုံးေနရာကိုျပန္လည္လြဲေျပာင္းရယူခဲ့ပါတယ္။

ဆိုးလ္ရွားက “ေပါလ္ကဘာမဆိုလုပ္ႏိုင္စြမ္းရွိတယ္ဆိုတာကြၽန္ေတာ္တို႔အၿမဲတမ္းေျပာလာခဲ့တာပါ။သူကေတာင္ပံ မွာကစားႏိုင္တယ္။အလယ္တန္းမွာလည္းကစားႏိုင္တယ္။အခြင့္အေရးေတြဖန္တီးႏိုင္တယ္။ကန္ခ်က္ေတြျပဳလုပ္ႏိုင္တယ္။ဒီေန႔သူဟာအလယ္တန္းမွာကစားတယ္။ဘယ္ေျခနဲ႔သြင္းလိုက္တဲ့သူ႔ဂိုးဘယ္ေလာက္ေကာင္းလိုက္သလဲ။သူအျပည့္အဝႀကိဳးစားအားထုတ္ခဲ့တယ္။ဖ်က္ထုတ္မႈေတြလည္းေကာင္းေကာင္းလုပ္ခဲ့ပါတယ္။သူအေကာင္းဆုံးပုံစံျပန္ရေနပါၿပီ။ႀကံ့ခိုင္မႈေကာင္းေနတယ္။အလယ္တန္းမွာေရာေတာင္ပံမွာပါသူကစားႏိုင္တယ္။သူေတြကေပါလ္အ တြက္အေရးအႀကီးဆုံးပါ။သူကစားတာအရမ္းေကာင္းတယ္”လို႔ေျပာၾကားခဲ့ပါတယ္။