ပေါ့ဘာရဲ့နေအိမ်ဟောင်းတွင်နေထိုင်နေပြီး အိမ်ရှိ PP အမှတ်တံဆိပ်များကို AS လို့ပြောင်းလဲလိုက်တော့မယ့် အန်တိုနီ

မန်ချက်စတာယူနိုက်တက်ကစားသမားသစ်အန်တိုနီဟာပေါလ်ပေါ့ဘာနေထိုင်ခဲ့နေအိမ်ဟောင်းတွင်နေထိုင်လျက်ရှိပါတယ်။

အသက်၂၂နှစ်ရှိဘရာဇီးလက်ရွေးစင်ဟာနွေရာသီတွင်ဒတ်ချ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၈၅.၅သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက် ပြီးခဲ့တဲ့လတုန်းကအာဆင်နယ်နှင့်ပွဲတွင်ယူနိုက်တက်အတွက်ပထမဆုံးပွဲကစားခဲ့ရာတွင်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာယူနိုက်တက်သို့ရောက်လာပြီးနောက်ယူနိုက်တက်ကစားသမားဟောင်းပေါလ်ပေါ့ဘာနေထိုင်ခဲ့တဲ့ အိပ်ခန်းငါးခန်းပါနေအိမ်တွင်ကောင်းမွန်စွာအထိုင်ကျကာနေထိုင်နေပါတယ်။

အဆိုပါနေအိမ်တွင်မျက်စိစူးချင်စရာစိန်စီထိုင်ထားတဲ့လှေကားထစ်များပါဝင်သလို ပေါလ်ပေါ့ဘာရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ PP ပါအသုံးအဆောင်ပစ္စည်းများလည်းရှိနေပါတယ်။

လက်ရှိအချိန်တွင် PP ဆိုတဲ့စာလုံးရှိနေသေးပေမဲ့လည်းမကြာမီကာလအတွင်းမှာအန်တိုနီဟာ သူ့အမည်ရဲ့အတိုကောက် AS ဆိုပြီးပြောင်းလဲသွားတော့မှာလည်းဖြစ်ပါတယ်။

အန်တိုနီက “ပြောင်းလဲဖို့လိုအပ်နေတယ်။ဒီအိမ်ကပေါ့ဘာနေခဲ့တဲ့အိမ်ပါ။ဒီတော့စားပွဲမှာ သူ့ PP ဆိုတဲ့စာလုံးတွေရှိနေတယ်။အခုကျွန်တော်စပြီးတော့ပြောင်းသွားတော့မယ်။ အန်တိုနီဆန်းတို့စ်ရဲ့အတိုကောက် AS လို့ပြောင်းသွားပါမယ်”လို့ESPN သို့ပြောကြားသွားပါတယ်။

အဆိုပါနေအိမ်ရဲ့ပန်းခြံတွင်ဘောလုံးကစားနိုင်တဲ့ကွင်းပါဝင်သလို နေအိမ်အတွင်းတွင်လည်း ဘောလုံးကွင်းငယ်တစ်ခုပါဝင်ပါသေးတယ်။ဒါ့အပြင် အိမ်တွင်းရေကူးကန်နှင့်အားကစားခန်းမလည်းပါဝင်ပါသေးတယ်။

ZawGyi

ေပါ့ဘာရဲ႕ေနအိမ္ေဟာင္းတြင္ေနထိုင္ေနၿပီး အိမ္ရွိ PP အမွတ္တံဆိပ္မ်ားကို AS လို႔ေျပာင္းလဲလိုက္ေတာ့မယ့္ အန္တိုနီ

မန္ခ်က္စတာယူႏိုက္တက္ကစားသမားသစ္အန္တိုနီဟာေပါလ္ေပါ့ဘာေနထိုင္ခဲ့ေနအိမ္ေဟာင္းတြင္ေနထိုင္လ်က္ရွိပါတယ္။

အသက္၂၂ႏွစ္ရွိဘရာဇီးလက္ေ႐ြးစင္ဟာေႏြရာသီတြင္ဒတ္ခ်္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၈၅.၅သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၿပီးခဲ့တဲ့လတုန္းကအာဆင္နယ္ႏွင့္ပြဲတြင္ယူႏိုက္တက္အတြက္ပထမဆုံးပြဲကစားခဲ့ရာတြင္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္ယူႏိုက္တက္ကစားသမားေဟာင္းေပါလ္ေပါ့ဘာေနထိုင္ခဲ့တဲ့ အိပ္ခန္းငါးခန္းပါေနအိမ္တြင္ေကာင္းမြန္စြာအထိုင္က်ကာေနထိုင္ေနပါတယ္။

အဆိုပါေနအိမ္တြင္မ်က္စိစူးခ်င္စရာစိန္စီထိုင္ထားတဲ့ေလွကားထစ္မ်ားပါဝင္သလို ေပါလ္ေပါ့ဘာရဲ႕အမွတ္တံဆိပ္ျဖစ္တဲ့ PP ပါအသုံးအေဆာင္ပစၥည္းမ်ားလည္းရွိေနပါတယ္။

လက္ရွိအခ်ိန္တြင္ PP ဆိုတဲ့စာလုံးရွိေနေသးေပမဲ့လည္းမၾကာမီကာလအတြင္းမွာအန္တိုနီဟာ သူ႔အမည္ရဲ႕အတိုေကာက္ AS ဆိုၿပီးေျပာင္းလဲသြားေတာ့မွာလည္းျဖစ္ပါတယ္။

အန္တိုနီက “ေျပာင္းလဲဖို႔လိုအပ္ေနတယ္။ဒီအိမ္ကေပါ့ဘာေနခဲ့တဲ့အိမ္ပါ။ဒီေတာ့စားပြဲမွာ သူ႔ PP ဆိုတဲ့စာလုံးေတြရွိေနတယ္။အခုကြၽန္ေတာ္စၿပီးေတာ့ေျပာင္းသြားေတာ့မယ္။ အန္တိုနီဆန္းတို႔စ္ရဲ႕အတိုေကာက္ AS လို႔ေျပာင္းသြားပါမယ္”လို႔ESPN သို႔ေျပာၾကားသြားပါတယ္။

အဆိုပါေနအိမ္ရဲ႕ပန္းၿခံတြင္ေဘာလုံးကစားႏိုင္တဲ့ကြင္းပါဝင္သလို ေနအိမ္အတြင္းတြင္လည္း ေဘာလုံးကြင္းငယ္တစ္ခုပါဝင္ပါေသးတယ္။ဒါ့အျပင္ အိမ္တြင္းေရကူးကန္ႏွင့္အားကစားခန္းမလည္းပါဝင္ပါေသးတယ္။