ပေါ့ဘာရဲ့နှလုံးသားထဲတွင် ရှိနေတဲ့ ကလပ်အမည်ကို အေးဂျင့်ရိုင်အိုလာဖွင့်ချလာ

ပေါလ်ပေါ့ဘာရဲ့အေးဂျင့်မီနိုရိုင်အိုလာဟာမန်ချက်စတာစတားဘက်ကအသင်းပြောင်းရွှေ့ကစားဖို့အမြဲတမ်းတံခါးဖွင့်ထားတဲ့ကလပ်အမည်ကိုဖွင့်ဟပြောကြားလာပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာယခုရာသီအကုန်မှာမန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကစားသမားလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းသူ့ကိုရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီနှင့်အသင်းဟောင်းဂျူဗင်တပ်တို့က အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ယခုအခါမီနိုရိုင်အိုလာကပေါလ်ပေါ့ဘာမှာအသင်းဟောင်းဂျူဗင်တပ်သို့ပြောင်းရွှေ့ကစားရန်တံခါးဖွင့်ထားကြောင်းပြောကြားလာပါတယ်။

ရိုင်အိုလာက “ပေါလ်ပေါ့ဘာကဇွန်လမှာစာချုပ်သက်တမ်းကုန်ပါမယ်။ဒီတော့ကျွန်တော်တို့မန်ယူနဲ့ဆွေးနွေးပါမယ်။ဘာဖြစ်လာမလဲကြည့်ရပါမယ်။ဂျူဗင်တပ်လား။ပေါလ်ဟာတူရင်ကိုချစ်မြတ်နိုးတုန်းပါ။ဂျူဗင်တပ်သို့ပေါ့ဘာပြန်နိုင်ခြေရှိသလားဆိုရင်ရှိတယ်လို့ပြောရပါမယ်။ဒါပေမယ့်ဒါကလည်းဂျူဗင်တပ်ရဲ့အစီအစဉ်အပေါ်မှာမူတည်ပါတယ်”လို့ပြောကြားသွားပါတယ်။

အသက်၂၈နှစ်ရှိပေါလ်ပေါ့ဘာဟာ၂၀၁၆ခုနှစ်တွင်ဂျူဗင်တပ်မှမန်ယူသို့ပေါင်၈၉.၃သန်းဖြင့်ပြန်လည်ပြောင်းခဲ့သူဖြစ်ပါတယ်။

ပေါ့ဘာဟာမန်ယူတွင်ကစားစဉ်ကာလအတွင်းခြေစွမ်းအနိမ့်အမြင့်အတက်အကျများကြောင့်မန်ယူပရိသတ်များချစ်မြတ်နိုးမှုကိုအပြည့်အဝမရသေးသောသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာယခုရာသီမှာတော့မန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၄ပွဲကစားထားရာမှာ၇ကြိမ်အထိဖန်တီးမှုပြုလုပ်ထားနိုင်ပါတယ်။

ZawGyi

ေပါ့ဘာရဲ႕ႏွလုံးသားထဲတြင္ ရွိေနတဲ့ ကလပ္အမည္ကို ေအးဂ်င့္႐ိုင္အိုလာဖြင့္ခ်လာ

ေပါလ္ေပါ့ဘာရဲ႕ေအးဂ်င့္မီႏို႐ိုင္အိုလာဟာမန္ခ်က္စတာစတားဘက္ကအသင္းေျပာင္းေ႐ႊ႕ကစားဖို႔အၿမဲတမ္းတံခါးဖြင့္ထားတဲ့ကလပ္အမည္ကိုဖြင့္ဟေျပာၾကားလာပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာယခုရာသီအကုန္မွာမန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ကစားသမားလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းသူ႔ကိုရီးရဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီႏွင့္အသင္းေဟာင္းဂ်ဴဗင္တပ္တို႔က အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ယခုအခါမီႏို႐ိုင္အိုလာကေပါလ္ေပါ့ဘာမွာအသင္းေဟာင္းဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕ကစားရန္တံခါးဖြင့္ထားေၾကာင္းေျပာၾကားလာပါတယ္။

႐ိုင္အိုလာက “ေပါလ္ေပါ့ဘာကဇြန္လမွာစာခ်ဳပ္သက္တမ္းကုန္ပါမယ္။ဒီေတာ့ကြၽန္ေတာ္တို႔မန္ယူနဲ႔ေဆြးေႏြးပါမယ္။ဘာျဖစ္လာမလဲၾကည့္ရပါမယ္။ဂ်ဴဗင္တပ္လား။ေပါလ္ဟာတူရင္ကိုခ်စ္ျမတ္ႏိုးတုန္းပါ။ဂ်ဴဗင္တပ္သို႔ေပါ့ဘာျပန္ႏိုင္ေျခရွိသလားဆိုရင္ရွိတယ္လို႔ေျပာရပါမယ္။ဒါေပမယ့္ဒါကလည္းဂ်ဴဗင္တပ္ရဲ႕အစီအစဥ္အေပၚမွာမူတည္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၈ႏွစ္ရွိေပါလ္ေပါ့ဘာဟာ၂၀၁၆ခုႏွစ္တြင္ဂ်ဴဗင္တပ္မွမန္ယူသို႔ေပါင္၈၉.၃သန္းျဖင့္ျပန္လည္ေျပာင္းခဲ့သူျဖစ္ပါတယ္။

ေပါ့ဘာဟာမန္ယူတြင္ကစားစဥ္ကာလအတြင္းေျခစြမ္းအနိမ့္အျမင့္အတက္အက်မ်ားေၾကာင့္မန္ယူပရိသတ္မ်ားခ်စ္ျမတ္ႏိုးမႈကိုအျပည့္အဝမရေသးေသာသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာယခုရာသီမွာေတာ့မန္ယူအတြက္ပရီးမီးယားလိဂ္ပြဲ၄ပြဲကစားထားရာမွာ၇ႀကိမ္အထိဖန္တီးမႈျပဳလုပ္ထားႏိုင္ပါတယ္။