
အင်တာမီလန်ကစားသမားများဖြစ်ကြတဲ့အင်ဒရေအိုနာနာနှင့်အေဒင်ဂျက်ကိုတို့ဟာမနေ့ညကပေါ်တိုနှင့် ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်ကွင်းအတွင်းအချင်းများခဲ့ကြပါတယ်။
ဂိုးသမားအိုနာနာဟာကစားဖော်တိုက်စစ်မှူးအေဒင်ဂျက်ကိုအားဒေါသတကြီးအော်ဟစ်ပြောဆိုမှုများပြုလုပ်နေခဲ့တာတွေ့ရပြီးကစားဖော်ဟာကန်ကယ်ဟန်နိုဂလူကပါးစပ်ကိုအတင်းပိတ်ကာထိန်းသိမ်းခဲ့ရတာတွေ့ရပါတယ်။
၎င်းတို့နှစ်ဦးဟာမနေ့ညတုန်းကပေါ်တိုကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာအချင်းများခဲ့ကြတာပါ။
အိုနာနာဟာဒိုင်လူကြီးကိုအပြစ်တင်ညဉ်းတွားနေမှုရပ်ဆိုင်းရန်တိုက်စစ်မှူးရဲ့ပြောကြားခြင်းခံရပြီးနောက်ဒေါသထွက်ခဲ့တာလည်းဖြစ်ပါတယ်။
ကင်မရွန်းလက်ရွေးစင်ဟောင်းကဂျက်ကိုအားပါးစပ်ထားရန်ပြောဆိုခဲ့သလိုဒေါသတကြီးအမူအရာများဖြင့်ပြောဆိုခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်လူကာကူနှင့်အေဒင်ဂျက်ကိုတို့အချင်းများခဲ့ကြပေမဲ့လည်းအင်တာမီလန်ဟာပွဲချိန်၈၆မိနစ်တွင်လူကာကူရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
မကြာသေးမီတုန်းကလည်းအူဒီးနီးစ်နှင့်ပွဲစဉ်တွင်လူကာကူနှင့်ကစားဖော်နီကိုလိုဘာရယ်လာတို့အချင်းများခဲ့ကြပါသေးတယ်။ဒါပေမဲ့လူကာကူဟာဘာရယ်လာရဲ့ဖန်တီးမှုကနေ ပေါ်တိုနှင့်ပွဲမှာတစ်လုံးတည်းသောအနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
ZawGyi
ေပၚတိုကို အႏိုင္ရရွိတဲ့ ပြဲစဥ္တြင္ အင္တာမီလန္ကစားေဖာ္မ်ားျဖစ္ၾကတဲ့ အိုနာနာႏွင့္ ဂ်က္ကိုတို႔ အခ်င္းမ်ားခဲ့ၾက
အင္တာမီလန္ကစားသမားမ်ားျဖစ္ၾကတဲ့အင္ဒေရအိုနာနာႏွင့္ေအဒင္ဂ်က္ကိုတို႔ဟာမေန႔ညကေပၚတိုႏွင့္ ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ကြင္းအတြင္းအခ်င္းမ်ားခဲ့ၾကပါတယ္။
ဂိုးသမားအိုနာနာဟာကစားေဖာ္တိုက္စစ္မႉးေအဒင္ဂ်က္ကိုအားေဒါသတႀကီးေအာ္ဟစ္ေျပာဆိုမႈမ်ားျပဳလုပ္ေနခဲ့တာေတြ႕ရၿပီးကစားေဖာ္ဟာကန္ကယ္ဟန္ႏိုဂလူကပါးစပ္ကိုအတင္းပိတ္ကာထိန္းသိမ္းခဲ့ရတာေတြ႕ရပါတယ္။
၎တို႔ႏွစ္ဦးဟာမေန႔ညတုန္းကေပၚတိုကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္ရဲ႕ဒုတိယပိုင္းမွာအခ်င္းမ်ားခဲ့ၾကတာပါ။
အိုနာနာဟာဒိုင္လူႀကီးကိုအျပစ္တင္ညဥ္းတြားေနမႈရပ္ဆိုင္းရန္တိုက္စစ္မႉးရဲ႕ေျပာၾကားျခင္းခံရၿပီးေနာက္ေဒါသထြက္ခဲ့တာလည္းျဖစ္ပါတယ္။
ကင္မ႐ြန္းလက္ေ႐ြးစင္ေဟာင္းကဂ်က္ကိုအားပါးစပ္ထားရန္ေျပာဆိုခဲ့သလိုေဒါသတႀကီးအမူအရာမ်ားျဖင့္ေျပာဆိုခဲ့ပါတယ္။
အဆိုပါပြဲစဥ္တြင္လူကာကူႏွင့္ေအဒင္ဂ်က္ကိုတို႔အခ်င္းမ်ားခဲ့ၾကေပမဲ့လည္းအင္တာမီလန္ဟာပြဲခ်ိန္၈၆မိနစ္တြင္လူကာကူရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
မၾကာေသးမီတုန္းကလည္းအူဒီးနီးစ္ႏွင့္ပြဲစဥ္တြင္လူကာကူႏွင့္ကစားေဖာ္နီကိုလိုဘာရယ္လာတို႔အခ်င္းမ်ားခဲ့ၾကပါေသးတယ္။ဒါေပမဲ့လူကာကူဟာဘာရယ္လာရဲ႕ဖန္တီးမႈကေန ေပၚတိုႏွင့္ပြဲမွာတစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။