ပေါ်တိုတွင် ရုပ်ပျက်ဆင်းပျက်ရန်ပွဲနွဲခဲ့ကြတဲ့ ချဲလ်ဆီးနှင့်မန်စီးတီးပရိသတ်များ

မန်စီးတီးနှင့်ချဲလ်ဆီးပရိသတ်များဟာချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီပေါ်တိုတွင်ရုပ်ပျက်ဆင်းပျက်အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

ရာပေါင်းများစွာသောမန်စီးတီးနှင့်ချဲလ်ဆီးပရိသတ်များဟာအသင်းရဲ့အကြီးအကျယ်ဆုံးပွဲအတွက်ပေါ်တူဂီသို့ရောက်ရှိနေကြပါတယ်။

ဒါပေမယ့်မန်စီးတီးနှင့်ချဲလ်ဆီးပရိသတ်များဟာပေါ်တူဂီသို့ရောက်ရှိနေစဉ်အတွင်းတွင်ဘားများတွင်ဝင်ရောက်အရက်သောက်ခဲ့ကြကာအကြီးအကျယ်ခိုက်ရန်ဖြစ်ခဲ့ပါတယ်။

ဗီဒီယိုဖိုင်တစ်ခုတွင်ဘားတစ်ခုရဲ့အပြင်ဘက်တွင်နှစ်ဖက်ပရိသတ်အုပ်စုငယ်နှစ်ခုတို့ခိုက်ရန်ဖြစ်ပွားနေခဲ့ပြီးလူငယ်နှစ်ဦးတို့ထိုးကြိတ်ကန်ကျောက်နေကြတာတွေ့ရပါတယ်။ဒါ့အပြင်အခြားသူများမှာလည်းပုလင်းများဖြင့်အပြန်အလှန်ပစ်ပေါက်နေကြပါတယ်။

ပေါ်တိုရှိရဲတပ်ဖွဲ့များဟာနံပါတ်တုတ်များဖြင့်ရောက်လာကာရန်ပွဲကိုဖြေရှင်းခဲ့ကြရပါတယ်။

မန်စီးတီးနှင့်ချဲလ်ဆီးပရိသတ်များဟာသောကြာနေ့ကတည်းကပေါ်တိုသို့ရောက်နေကြတာဖြစ်ပြီးကိုဗစ်ကန့်သတ်ချက်ကိုလိုက်နာခြင်းမရှိဘဲည၁၀နာရီ၊၃၀မိနစ်ကျော်အထိလမ်းပေါ်တွင်အရက်သောက်နေခဲ့ကြပါတယ်။

ချဲလ်ဆီးနှင့်မန်စီးတီးပရိသတ်များအကြားရန်ပွဲကြောင့်ပရိသတ်နှစ်ဦးမှာဒဏ်ရာရရှိခဲ့ပြီးယင်းအထဲမှတစ်ဦးကချဲလ်ဆီးပရိသတ်ဖြစ်ပါတယ်။

ZawGyi







