ပေါ်တိုနှင့်ပွဲတွင် ပရိသတ်များရဲ့လှောင်ပြောင်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ အက်သလက်တီကိုတကျော့ပြန် ဂရက်ဇ်မန်း

အန်တိုနီဂရက်ဇ်မန်းဟာမနေ့ညတုန်းကပေါ်တိုနှင့်ဂိုးမရှိသရေကျတဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင်အက်သလက်တီကိုပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

ပြင်သစ်စတားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်ဘာစီလိုနာမှအက်သလက်တီကိုမက်ဒရစ်သို့အငှားဖြင့်ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်အက်သလက်တီကိုပရိသတ်များဟာအန်တိုနီဂရက်ဇ်မန်းအားဝမ်းပန်းတသာဖြင့်လှပစွာကြိုဆိုခဲ့ကြခြင်းမရှိပါဘူး။

၂၀၁၉ခုနှစ်တုန်းကအသင်းကိုစွန့်ခွာပြီးပြိုင်ဘက်ဘာစီလိုနာသို့ပြောင်းသွားခဲ့မှုအပေါ်ဒေါသထွက်နေကြဆဲဖြစ်တဲ့အက်သလက်တီကိုပရိသတ်များဟာဂရက်ဇ်မန်းအားပေါ်တိုနှင့်ပွဲမတိုင်မီအချိန်တွင်ရောပွဲကစားချိန်တွင်ပါလှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။

ဂရက်ဇ်မန်းဟာပေါ်တိုနှင့်ပွဲမှာအက်သလက်တီကိုမက်ဒရစ်ရဲ့အရန်စာရင်းမှာပါဝင်ခဲ့ပါတယ်။ပရိသတ်များဟာသူ့အမည်ကိုကြေညာချိန်မှာလှောင်ပြောင်မှုပြုလုပ်ခဲ့တဲ့အပြင်ပွဲချိန်၅၆မိနစ်မှာလူစားဝင်ရောက်ကစားချိန်မှာလည်းလှောင်ပြောင်ခဲ့ပါတယ်။

ZawGyi

ေပၚတိုႏွင့္ပြဲတြင္ ပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ခဲ့ရတဲ့ အက္သလက္တီကိုတေက်ာ့ျပန္ ဂရက္ဇ္မန္း

အန္တိုနီဂရက္ဇ္မန္းဟာမေန႔ညတုန္းကေပၚတိုႏွင့္ဂိုးမရွိသေရက်တဲ့ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္တြင္အက္သလက္တီကိုပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

ျပင္သစ္စတားဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔တြင္ဘာစီလိုနာမွအက္သလက္တီကိုမက္ဒရစ္သို႔အငွားျဖင့္ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္အက္သလက္တီကိုပရိသတ္မ်ားဟာအန္တိုနီဂရက္ဇ္မန္းအားဝမ္းပန္းတသာျဖင့္လွပစြာႀကိဳဆိုခဲ့ၾကျခင္းမရွိပါဘူး။

၂၀၁၉ခုႏွစ္တုန္းကအသင္းကိုစြန႔္ခြာၿပီးၿပိဳင္ဘက္ဘာစီလိုနာသို႔ေျပာင္းသြားခဲ့မႈအေပၚေဒါသထြက္ေနၾကဆဲျဖစ္တဲ့အက္သလက္တီကိုပရိသတ္မ်ားဟာဂရက္ဇ္မန္းအားေပၚတိုႏွင့္ပြဲမတိုင္မီအခ်ိန္တြင္ေရာပြဲကစားခ်ိန္တြင္ပါေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။

ဂရက္ဇ္မန္းဟာေပၚတိုႏွင့္ပြဲမွာအက္သလက္တီကိုမက္ဒရစ္ရဲ႕အရန္စာရင္းမွာပါဝင္ခဲ့ပါတယ္။ပရိသတ္မ်ားဟာသူ႔အမည္ကိုေၾကညာခ်ိန္မွာေလွာင္ေျပာင္မႈျပဳလုပ္ခဲ့တဲ့အျပင္ပြဲခ်ိန္၅၆မိနစ္မွာလူစားဝင္ေရာက္ကစားခ်ိန္မွာလည္းေလွာင္ေျပာင္ခဲ့ပါတယ္။