ပေါ်တူဂီကစားဖော်ပီပီရဲ့ကာတွန်းပုံကို ရေးဆွဲပြီး အတော်မသတ်အောင် ရယ်မောခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီရဲ့ဂါနာနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ အကြီးအကျယ်ရယ်မောနေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်စူပါစတားဟာပေါ်တူဂီကစားဖော်ပီပီရဲ့ခေါင်းကိုကာတွန်းပုံရေးဆွဲပြီးနောက် အတော်မသတ်နိုင်အောင်ရယ်မောနေခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီဟာကြာသပတေးနေ့တွင်ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ်ဂါနာနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးယင်းပွဲအပြီးတွင်ဥရုဂွေး၊တောင်ကိုရီးယားတို့နှင့်ရင်ဆိုင်ရပါမယ်။

ရော်နယ်ဒိုဟာကမ္ဘာ့ဖလားမတိုင်မီ ပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးကြောင့် ယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံရဖို့သေချာသလောက်ရှိနေပါတယ်။

ဒါပေမဲ့လည်းအသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအသင်းနှင့်အတူကာတာသို့ရောက်နေစဉ်မည်သည့်ဖိအားမှ ရှိနေပုံမရပါဘူး။

သူဟာာပီပီရဲ့ကာတွန်းပုံကိုစာရွက်ပေါ်တွင်ရေးဆွဲပြီးသူကိုယ်သူအတော်မသတ်နိုင်အောင်ရယ်မောနေခဲ့တာတွေ့ရပါတယ်။

အသက်၃၉နှစ်ရှိပီပီကတော့ရော်နယ်ဒိုရေးဆွဲထားတဲ့သူ့ကာတွန်းပုံကိုကြည့်ပြီးရယ်မောနေခဲ့တာတွေ့ရပါတယ်။

ပီပီနှင့်ရော်နယ်ဒိုတို့ဟာပေါ်တူဂီအသင်းတွင်သာမကကလပ်အသင်းအဆင့်တွင်လည်းစပို့တင်းလစ္စဘွန်း၊ရီးရဲလ်မက်ဒရစ်တို့ပါအတူတူကစားခဲ့ကြသူများဖြစ်ပါတယ်။

ZawGyi

ေပၚတူဂီကစားေဖာ္ပီပီရဲ႕ကာတြန္းပုံကို ေရးဆြဲၿပီး အေတာ္မသတ္ေအာင္ ရယ္ေမာခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီရဲ႕ဂါနာႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲမတိုင္မီ အႀကီးအက်ယ္ရယ္ေမာေနခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္စူပါစတားဟာေပၚတူဂီကစားေဖာ္ပီပီရဲ႕ေခါင္းကိုကာတြန္းပုံေရးဆြဲၿပီးေနာက္ အေတာ္မသတ္ႏိုင္ေအာင္ရယ္ေမာေနခဲ့တာလည္းျဖစ္ပါတယ္။

ေပၚတူဂီဟာၾကာသပေတးေန႔တြင္ကမာၻ႔ဖလားအဖြင့္ပြဲအျဖစ္ဂါနာႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးယင္းပြဲအၿပီးတြင္ဥ႐ုေဂြး၊ေတာင္ကိုရီးယားတို႔ႏွင့္ရင္ဆိုင္ရပါမယ္။

ေရာ္နယ္ဒိုဟာကမာၻ႔ဖလားမတိုင္မီ ပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးေၾကာင့္ ယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံရဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။

ဒါေပမဲ့လည္းအသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအသင္းႏွင့္အတူကာတာသို႔ေရာက္ေနစဥ္မည္သည့္ဖိအားမွ ရွိေနပုံမရပါဘူး။

သူဟာာပီပီရဲ႕ကာတြန္းပုံကိုစာ႐ြက္ေပၚတြင္ေရးဆြဲၿပီးသူကိုယ္သူအေတာ္မသတ္ႏိုင္ေအာင္ရယ္ေမာေနခဲ့တာေတြ႕ရပါတယ္။

အသက္၃၉ႏွစ္ရွိပီပီကေတာ့ေရာ္နယ္ဒိုေရးဆြဲထားတဲ့သူ႔ကာတြန္းပုံကိုၾကည့္ၿပီးရယ္ေမာေနခဲ့တာေတြ႕ရပါတယ္။

ပီပီႏွင့္ေရာ္နယ္ဒိုတို႔ဟာေပၚတူဂီအသင္းတြင္သာမကကလပ္အသင္းအဆင့္တြင္လည္းစပို႔တင္းလစၥဘြန္း၊ရီးရဲလ္မက္ဒရစ္တို႔ပါအတူတူကစားခဲ့ၾကသူမ်ားျဖစ္ပါတယ္။