ပေါ်တူဂီကလပ် ပေါ်တီမိုနက်စ်နှင့်စာချုပ်ပြီး ငါးရက်အကြာမှာဘဲ စာချုပ်ဖျက်သိမ်းခံရတဲ့ ဂျပန်ဂန္ထဝင်ဟွန်ဒါ

ဂျပန်ဂန္ထဝင်ကစားသမားကိုင်ဆူကီဟွန်ဒါဟာပေါ်တူဂီကလပ်ပေါ်တီမိုနက်စ်နှင့်စာချုပ်ချုပ်ဆိုပြီးငါးရက်အကြာမှာဘဲစာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိကွင်းလယ်ဖန်တီးရှင်ဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝ၁၇နှစ်တာကာလအတွင်းတွင်အေစီမီလန်၊စပါးတပ်မော်စကို၊ဘိုတာဖိုဂိုတို့ကဲ့သို့ထိပ်သီးကလပ်များတွင်ကစားခဲ့သူဖြစ်ပြီးပေါ်တီမိုနက်စ်သို့ခြောက်လစာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။သူ့ရဲ့စာချုပ်ထဲမှာတစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့အပတ်တုန်းကပေါ်တူဂီကလပ်သို့ပြောင်းခဲ့တာဖြစ်ပြီးသတင်းစာရှင်းလင်းပွဲမှာဂျပန်အိုလံပစ်ဘောလုံးအသင်းနှင့်အတူလာမယ့်နွေရာသီတိုကျိုအိုလံပစ်မှာပါဝင်ယှဉ်ပြိုင်နိုင်ရန်မျှော်လင့်နေကြောင်းပြောကြားသွားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်းတန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ပေါ်တီမိုနက်စ်အသင်းဟာဟွန်ဒါကိုမှတ်ပုံတင်ရန်ကြိုးပမ်းမှုအောင်မြင်ခဲ့ခြင်းမရှိမှုနဲ့အတူစာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။

ပေါ်တူဂီတွင်အောက်တိုဘာလမှစတင်၍ကလပ်လက်မဲ့ဖြစ်နေတဲ့ကစားသမားကိုသာအလွတ်ပြောင်းရွှေ့ကြေးဖြင့် မည်သည့်အချိန်တွင်မဆိုခေါ်ယူစာချုပ်နိုင်တာဖြစ်ပါတယ်။ဟွန်ဒါကတော့ဒီဇင်ဘာလတုန်းကမှဘရာဇီးကလပ်ဘို တာဖိုဂိုနှင့်စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်လို့ပေါ်တူဂီမှာကစားသမားမှတ်ပုံတင်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။

ဟွန်ဒါဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလတုန်းကဘရာဇီးထိပ်သီးဘိုတာဖိုဂိုနဲ့စာချုပ်ချုပ်ဆိုတုန်းကအထူးတောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။သူဟာလက်နက်အပြည့်အစုံဖြင့်လုံခြုံရေး၊ကျည်ကာကားတို့တောင်းဆိုခဲ့တာပါ။ သူဟာဩစတြီးယားအေလိဂ်ကလပ်မဲလ်ဘုန်းဗစ်တိုးရီးမှထွက်ခွာပြီးသုံးလအကြာမှာဘိုတာဖိုဂိုသို့ပြောင်းခဲ့တာပါ။

သူဟာတွစ်တာအကောင့်မှာမန်ယူအတွက်ကစားလိုကြောင်းကိုတောင်းဆိုပြောကြားခဲ့ပါတယ်။ ဟွန်ဒါက “ကျွန် တော့်ကိုကမ်းလှမ်းမှုဘဲလုပ်ပါ။ငွေမလိုပါဘူး။ထိပ်သီးကလပ်၊ထိပ်သီးကစားဖော်ဘဲလိုပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ေပၚတူဂီကလပ္ ေပၚတီမိုနက္စ္ႏွင့္စာခ်ဳပ္ၿပီး ငါးရက္အၾကာမွာဘဲ စာခ်ဳပ္ဖ်က္သိမ္းခံရတဲ့ ဂ်ပန္ဂႏၴဝင္ဟြန္ဒါ

ဂ်ပန္ဂႏၴဝင္ကစားသမားကိုင္ဆူကီဟြန္ဒါဟာေပၚတူဂီကလပ္ေပၚတီမိုနက္စ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးငါးရက္အၾကာမွာဘဲစာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

အသက္၃၄ႏွစ္ရွိကြင္းလယ္ဖန္တီးရွင္ဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ၁၇ႏွစ္တာကာလအတြင္းတြင္ေအစီမီလန္၊စပါးတပ္ေမာ္စကို၊ဘိုတာဖိုဂိုတို႔ကဲ့သို႔ထိပ္သီးကလပ္မ်ားတြင္ကစားခဲ့သူျဖစ္ၿပီးေပၚတီမိုနက္စ္သို႔ေျခာက္လစာခ်ဳပ္ျဖင့္ေျပာင္းခဲ့ပါတယ္။သူ႔ရဲ႕စာခ်ဳပ္ထဲမွာတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့အပတ္တုန္းကေပၚတူဂီကလပ္သို႔ေျပာင္းခဲ့တာျဖစ္ၿပီးသတင္းစာရွင္းလင္းပြဲမွာဂ်ပန္အိုလံပစ္ေဘာလုံးအသင္းႏွင့္အတူလာမယ့္ေႏြရာသီတိုက်ိဳအိုလံပစ္မွာပါဝင္ယွဥ္ၿပိဳင္ႏိုင္ရန္ေမွ်ာ္လင့္ေနေၾကာင္းေျပာၾကားသြားခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္းတန္းဆင္းဇုန္တိုက္ပြဲဝင္ေနရတဲ့ေပၚတီမိုနက္စ္အသင္းဟာဟြန္ဒါကိုမွတ္ပုံတင္ရန္ႀကိဳးပမ္းမႈေအာင္ျမင္ခဲ့ျခင္းမရွိမႈနဲ႔အတူစာခ်ဳပ္ဖ်က္သိမ္းခဲ့ရပါတယ္။

ေပၚတူဂီတြင္ေအာက္တိုဘာလမွစတင္၍ကလပ္လက္မဲ့ျဖစ္ေနတဲ့ကစားသမားကိုသာအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ မည္သည့္အခ်ိန္တြင္မဆိုေခၚယူစာခ်ဳပ္ႏိုင္တာျဖစ္ပါတယ္။ဟြန္ဒါကေတာ့ဒီဇင္ဘာလတုန္းကမွဘရာဇီးကလပ္ဘို တာဖိုဂိုႏွင့္စာခ်ဳပ္ဖ်က္သိမ္းခဲ့တာျဖစ္လို႔ေပၚတူဂီမွာကစားသမားမွတ္ပုံတင္ႏိုင္ျခင္းမရွိတာျဖစ္ပါတယ္။

ဟြန္ဒါဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလတုန္းကဘရာဇီးထိပ္သီးဘိုတာဖိုဂိုနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုတုန္းကအထူးေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။သူဟာလက္နက္အျပည့္အစုံျဖင့္လုံၿခဳံေရး၊က်ည္ကာကားတို႔ေတာင္းဆိုခဲ့တာပါ။ သူဟာဩစႀတီးယားေအလိဂ္ကလပ္မဲလ္ဘုန္းဗစ္တိုးရီးမွထြက္ခြာၿပီးသုံးလအၾကာမွာဘိုတာဖိုဂိုသို႔ေျပာင္းခဲ့တာပါ။

သူဟာတြစ္တာအေကာင့္မွာမန္ယူအတြက္ကစားလိုေၾကာင္းကိုေတာင္းဆိုေျပာၾကားခဲ့ပါတယ္။ ဟြန္ဒါက “ကြၽန္ ေတာ့္ကိုကမ္းလွမ္းမႈဘဲလုပ္ပါ။ေငြမလိုပါဘူး။ထိပ္သီးကလပ္၊ထိပ္သီးကစားေဖာ္ဘဲလိုပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။