ပေါ်တူဂီဂန္ထဝင်ပူလိုဖူထရီရဲ့အမှတ်တရလက်မှတ်တောင်းဆိုခြင်းခံရတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာပေါ်တူဂီဂန္ထဝင်ကစားသမားပူလိုဖူထရီရဲ့အမှတ်တရလက်မှတ်ရေးထိုးပေးရန်တောင်းဆိုခြင်းခံရတဲ့ဒုတိယမြောက်ကစားသမားဖြစ်လာပါတယ်။

ဖူထရီဟာဗုဒ္ဓဟူးနေ့တုန်းကဘင်ဖီကာနှင့်ပွဲစဉ်တွင်ပီအက်စ်ဂျီအတွက်လှပတဲ့ဂိုးတစ်ဂိုးကို လီယွန်နယ်မက်ဆီသွင်းယူမတိုင်မီအမှတ်တရလက်မှတ်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတစ်ဂိုးစီသရေကျပေမဲ့လည်းမက်ဆီဟာကစားဖော်များဖြစ်ကြတဲ့နေမာ၊ကိုင်လီယန်ဘက်ပေးတို့နှင့်လှပစွာချိတ်ဆက်ပြီးဂိုးသွင်းယူခဲ့ပါ။

ဖူထရီဟာယင်းပွဲမတိုင်မီကတည်းကလီယွန်နယ်မက်ဆီထံမှအမှတ်တရလက်မှတ်ရယူခဲ့တာပါ။

မက်ဆီကလည်းဖူထရီတောင်းဆိုတဲ့အတိုင်းအမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။မက်ဆီကဖူထရီရဲ့ဘဝမှာဒုတိယမြောက်အမှတ်တရလက်မှတ်ရေးထိုးပေးဖို့တောင်းဆိုခံရတဲ့ကစားသမားဖြစ်လာပါတယ်။

ဖူထရီဟာသူ့ရဲ့အက်သလက်တီမက်ဒရစ်အင်္ကျီမှာလီယွန်နယ်မက်ဆီကိုအမှတ်တရထိုးပေးဖို့တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဖူထရီဘဝမှာမက်ဆီမတိုင်မီကစားသမားတစ်ဦးတည်းဆီကသာအမှတ်တရလက်မှတ်ရေးထိုးပေးဖို့တောင်းဆိုခဲ့ဖူးပါတယ်။ယင်းကစားသမားကအာဂျင်တီးနားဂန္ထဝင်မာရာဒိုနာဖြစ်ပါတယ်။

ZawGyi







