ပေါ်တူဂီစတားရာမို့စ်အတွက် ဈေးနှုန်းပြောရန် ယူနိုက်တက်အကြောင်းကြား

မန်ချက်စတာယူနိုက်တက်ဟာပေါ်တူဂီစတားဂွန်ကာလိုရာမို့စ်အတွက်ဈေးနှုန်းပြောကြားရန်ဘင်ဖီကာအသင်းကိုအကြောင်းကြားလာပါတယ်။

Record ရဲ့ဖော်ပြချက်အရဘင်ဖီကာဟာယခုရာသီတွင်ကလပ်အတွက်၂၁ပွဲကစားထားရာမှာ၁၄ဂိုးသွင်းပြီး၆ကြိမ်ဖန်တီးမှုပြုလုပ်ထားတဲ့အသက်၂၁နှစ်ရှိဂွန်ကာလိုရာမို့စ်ကိုယူရိုသန်း၄၀သတ်မှတ်ထားကြောင်းသိရပါတယ်။

အဲရစ်တန်ဟက်ဟာပြီးခဲ့တဲ့လတုန်းကကလပ်နှင့်သူ့ကိုဝေဖန်မှုပြုလုပ်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်ဖျက်သိမ်းထားရာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တိုက်စစ်သမားတစ်ဦးမဖြစ်မနေအားဖြည့်ရမယ့်အခြေအနေမှာရှိနေပါတယ်။

ရာမို့စ်ဟာအင်္ဂါနေ့တုန်းကပေါ်တူဂီကဆွစ်ဇာလန်ကို၆-၁ဂိုးဖြင့်အနိုင်ရတဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအစား ပွဲထွက်ကစားခွင့်ရပြီးနောက်ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာကမ္ဘာ့ဖလားသမိုင်းတွင်ကလိုဆေးနောက်ဆုံးပထမဆုံးပွဲထွက်ကစားခွင့်ရတဲ့ကမ္ဘာ့ဖလားပွဲတွင်ဟက်ထရစ်သွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာသလိုကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပထမဆုံးဟက်ထရစ်သွင်းနိုင်သူဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ဈေးကွက်အတွင်းတွင်တိုက်စစ်သမားတစ်ဦးရှာဖွေနေပါတယ်။

ယူနိုက်တက်ဟာတိုက်စစ်အတွက်မားကပ်စ်ရှက်ဖို့ဒ်တစ်ဦးတည်းကိုသာအားကိုးနေရပြီးပြင်သစ်တိုက်စစ်သမားအန်တိုနီယိုမာရှယ်မှာလည်းဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာပရီးမီးယားလိဂ်ပွဲ၅ပွဲတည်းသာကစားထားနိုင်ပါတယ်။

ရာမို့စ်မှာတိုက်စစ်တွင်နေရာစုံကစားနိုင်သလိုငယ်ရွယ်ပြီးကောင်းမွန်တဲ့ဂိုးသွင်းမှတ်တမ်းပိုင်ဆိုင်ထားမှုနှင့်အတူ အဲရစ်တန်ဟက်ရဲ့စိတ်ကြိုက်တိုက်စစ်သမားတစ်ဦးဖြစ်နေပါတယ်။

ZawGyi

ေပၚတူဂီစတားရာမို႔စ္အတြက္ ေဈးႏႈန္းေျပာရန္ ယူႏိုက္တက္အေၾကာင္းၾကား

မန္ခ်က္စတာယူႏိုက္တက္ဟာေပၚတူဂီစတားဂြန္ကာလိုရာမို႔စ္အတြက္ေဈးႏႈန္းေျပာၾကားရန္ဘင္ဖီကာအသင္းကိုအေၾကာင္းၾကားလာပါတယ္။

Record ရဲ႕ေဖာ္ျပခ်က္အရဘင္ဖီကာဟာယခုရာသီတြင္ကလပ္အတြက္၂၁ပြဲကစားထားရာမွာ၁၄ဂိုးသြင္းၿပီး၆ႀကိမ္ဖန္တီးမႈျပဳလုပ္ထားတဲ့အသက္၂၁ႏွစ္ရွိဂြန္ကာလိုရာမို႔စ္ကိုယူ႐ိုသန္း၄၀သတ္မွတ္ထားေၾကာင္းသိရပါတယ္။

အဲရစ္တန္ဟက္ဟာၿပီးခဲ့တဲ့လတုန္းကကလပ္ႏွင့္သူ႔ကိုေဝဖန္မႈျပဳလုပ္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္ဖ်က္သိမ္းထားရာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တိုက္စစ္သမားတစ္ဦးမျဖစ္မေနအားျဖည့္ရမယ့္အေျခအေနမွာရွိေနပါတယ္။

ရာမို႔စ္ဟာအဂၤါေန႔တုန္းကေပၚတူဂီကဆြစ္ဇာလန္ကို၆-၁ဂိုးျဖင့္အႏိုင္ရတဲ့ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအစား ပြဲထြက္ကစားခြင့္ရၿပီးေနာက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာကမာၻ႔ဖလားသမိုင္းတြင္ကလိုေဆးေနာက္ဆုံးပထမဆုံးပြဲထြက္ကစားခြင့္ရတဲ့ကမာၻ႔ဖလားပြဲတြင္ဟက္ထရစ္သြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာသလိုကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပထမဆုံးဟက္ထရစ္သြင္းႏိုင္သူျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္ေဈးကြက္အတြင္းတြင္တိုက္စစ္သမားတစ္ဦးရွာေဖြေနပါတယ္။

ယူႏိုက္တက္ဟာတိုက္စစ္အတြက္မားကပ္စ္ရွက္ဖို႔ဒ္တစ္ဦးတည္းကိုသာအားကိုးေနရၿပီးျပင္သစ္တိုက္စစ္သမားအန္တိုနီယိုမာရွယ္မွာလည္းဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရကာပရီးမီးယားလိဂ္ပြဲ၅ပြဲတည္းသာကစားထားႏိုင္ပါတယ္။

ရာမို႔စ္မွာတိုက္စစ္တြင္ေနရာစုံကစားႏိုင္သလိုငယ္႐ြယ္ၿပီးေကာင္းမြန္တဲ့ဂိုးသြင္းမွတ္တမ္းပိုင္ဆိုင္ထားမႈႏွင့္အတူ အဲရစ္တန္ဟက္ရဲ႕စိတ္ႀကိဳက္တိုက္စစ္သမားတစ္ဦးျဖစ္ေနပါတယ္။