
ရောဘတ်တိုမာတီနက်ဇ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘယ်လ်ဂျီယံအသင်းကိုအောင်မြင်မှုရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပေမဲ့လည်းပေါ်တူဂီအသင်းကိုကိုင်တွယ်ရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဝီဂန်နှင့်အဲဗာတန်နည်းပြဟောင်းဟာဘယ်လ်ဂျီယံအသင်းကိုခြောက်နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
သူဟာဘယ်လ်ဂျီယံရွှေမျိုးဆက်ကိုကိုင်တွယ်ခဲ့ရပေမဲ့လည်းဆုတစုံတရာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။
သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် ရာထူးမှထွက်ခွာခဲ့ရပါတယ်။
ယခုအခါမှာတော့သူဟာဘယ်လ်ဂျီယံအသင်းမှထွက်ခွာပြီးမကြာမီမှာဘဲပေါ်တူဂီအသင်းကိုကိုင်တွယ်ရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။
The Athletic ကရောဘတ်တိုမာတီနက်ဇ်နှင့်ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်တို့အကြားသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပြီးလာမယ့်အပတ်တွင်တရားဝင်ကြေညာလာတော့မှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။
ပေါ်တူဂီဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်တွင်မော်နာကိုအားရှုံးနိမ့်ကာထွက်ခွာခဲ့ရပြီးနောက်နည်းပြဖာနန်ဒိုဆန်းတို့စ်နှင့်လမ်းခွဲခဲ့ပါတယ်။
ZawGyi
ေပၚတူဂီနည္းျပရာထူးအတြက္ သေဘာတူညီမႈရရွိသြားၿပီျဖစ္တဲ့ ေရာဘတ္တိုမာတီနက္ဇ္
ေရာဘတ္တိုမာတီနက္ဇ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဘယ္လ္ဂ်ီယံအသင္းကိုေအာင္ျမင္မႈရရွိေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ေပမဲ့လည္းေပၚတူဂီအသင္းကိုကိုင္တြယ္ရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။
ဝီဂန္ႏွင့္အဲဗာတန္နည္းျပေဟာင္းဟာဘယ္လ္ဂ်ီယံအသင္းကိုေျခာက္ႏွစ္ၾကာကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။
သူဟာဘယ္လ္ဂ်ီယံေ႐ႊမ်ိဳးဆက္ကိုကိုင္တြယ္ခဲ့ရေပမဲ့လည္းဆုတစုံတရာရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။
သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အုပ္စုအဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ ရာထူးမွထြက္ခြာခဲ့ရပါတယ္။
ယခုအခါမွာေတာ့သူဟာဘယ္လ္ဂ်ီယံအသင္းမွထြက္ခြာၿပီးမၾကာမီမွာဘဲေပၚတူဂီအသင္းကိုကိုင္တြယ္ရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။
The Athletic ကေရာဘတ္တိုမာတီနက္ဇ္ႏွင့္ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္တို႔အၾကားသေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ၿပီးလာမယ့္အပတ္တြင္တရားဝင္ေၾကညာလာေတာ့မွာျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။
ေပၚတူဂီဟာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္တြင္ေမာ္နာကိုအားရႈံးနိမ့္ကာထြက္ခြာခဲ့ရၿပီးေနာက္နည္းျပဖာနန္ဒိုဆန္းတို႔စ္ႏွင့္လမ္းခြဲခဲ့ပါတယ္။