ပေါ်တူဂီနည်းပြသစ်ဖြစ်လာပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီအနာဂတ်ကို မာတီနက်ဇ်ပြောကြားလာ

ဘယ်လ်ဂျီယံနည်းပြဟောင်းရောဘတ်တိုမာတီနက်ဇ်ဟာဖာနန်ဒိုဆန်းတို့စ်နေရာတွင်ပေါ်တူဂီနည်းပြအဖြစ်အစားထိုးခန့်အပ်ခြင်းခံရပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းအနာဂတ်နှင့်ပတ်သက်ပြီးပြောကြားလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၁၆သင်းရှုံးထွက်အဆင့်နှင့်ကွာတားဖိုင်နယ်တို့တွင်အရန်ခုံတွင်ထိုင်နေခဲ့ရပြီး မော်ရိုကိုအားရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက်မျက်ရည်စက်လက်ဖြင့်ကွင်းအတွင်းမှထွက်ခွာသွားခဲ့သူဖြစ်ပါတယ်။

သူဟာလက်ရှိအချိန်တွင်ဆော်ဒီကလပ် Al Nassr သို့ပြောင်းရွှေ့ကစားလိုက်မှုနဲ့အတူပေါ်တူဂီအသင်းအနာဂတ်မှာမရေမရာဖြစ်လာခဲ့ပါတယ်။

ယခုအခါပေါ်တူဂီနည်းပြသစ်အဖြစ်ရောဘတ်တိုမာတီနက်ဇ်ခန့်အပ်ခြင်းခံလာရပြီးသူဟာယူရို၂၀၂၄နှင့်၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင်ဦးဆောင်လာပါမယ်။

ပေါ်တူဂီနည်းပြအဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်မာတီနက်ဇ်က “ဘောလုံးဆုံးဖြတ်ချက်တွေကကွင်းထဲမှာကစားမှုနဲ့ပဲဆုံးဖြတ်ပါမယ်။ကျွန်တော်ကရုံးမှာဆုံးဖြတ်တဲ့နည်းပြမဟုတ်ပါဘူး။ဒီတော့ကျွန်တော့်ရဲ့ပထမဆုံးခြေလှမ်းကတော့ကစားသမားအားလုံးရရှိနေဖို့ပါ။သူတို့အားလုံးနဲ့ထိတွေ့နေဖို့ပါ။ကမ္ဘာ့ဖလားလူစာရင်းမှာပါဝင်တဲ့ကစားသမား၂၆ဦးကကျွန်တော့်ပထမခြေလှမ်းပါ။ခရစ္စတီယာနိုလည်းအဲဒီစာရင်းမှာပါတဲ့သူပါ။သူကလက်ရွေးစင်အသင်းမှာကစားလာတာ၁၉နှစ်တောင်ရှိပါပြီ။သူ့မှာထိုင်ဆွေးနွေးလောက်တဲ့အထိလေးစားမှုရသင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

မာတီနက်ဇ်ဟာပေါ်တူဂီမတိုင်မီဘယ်လ်ဂျီယံအသင်းကို၆နှစ်ကြာကိုင်တွယ်ခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက် ရာထူးမှထွက်ခွာခဲ့သူဖြစ်ပါတယ်။

သူဟာဘယ်လ်ဂျီယံအသင်းကို၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တတိယရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာဘယ်လ်ဂျီယံရဲ့အကောင်းဆုံးမျိုးဆက်အသင်းကိုအောင်မြင်မှုရရှိအောင်မစွမ်းဆောင်နိုင်မှုကြောင့်ဝေဖန်မှုများကြုံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

ေပၚတူဂီနည္းျပသစ္ျဖစ္လာၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေပၚတူဂီအနာဂတ္ကို မာတီနက္ဇ္ေျပာၾကားလာ

ဘယ္လ္ဂ်ီယံနည္းျပေဟာင္းေရာဘတ္တိုမာတီနက္ဇ္ဟာဖာနန္ဒိုဆန္းတို႔စ္ေနရာတြင္ေပၚတူဂီနည္းျပအျဖစ္အစားထိုးခန႔္အပ္ျခင္းခံရၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေပၚတူဂီလက္ေ႐ြးစင္အသင္းအနာဂတ္ႏွင့္ပတ္သက္ၿပီးေျပာၾကားလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္၁၆သင္းရႈံးထြက္အဆင့္ႏွင့္ကြာတားဖိုင္နယ္တို႔တြင္အရန္ခုံတြင္ထိုင္ေနခဲ့ရၿပီး ေမာ္႐ိုကိုအားရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္မွထြက္ခြာခဲ့ရၿပီးေနာက္မ်က္ရည္စက္လက္ျဖင့္ကြင္းအတြင္းမွထြက္ခြာသြားခဲ့သူျဖစ္ပါတယ္။

သူဟာလက္ရွိအခ်ိန္တြင္ေဆာ္ဒီကလပ္ Al Nassr သို႔ေျပာင္းေ႐ႊ႕ကစားလိုက္မႈနဲ႔အတူေပၚတူဂီအသင္းအနာဂတ္မွာမေရမရာျဖစ္လာခဲ့ပါတယ္။

ယခုအခါေပၚတူဂီနည္းျပသစ္အျဖစ္ေရာဘတ္တိုမာတီနက္ဇ္ခန႔္အပ္ျခင္းခံလာရၿပီးသူဟာယူ႐ို၂၀၂၄ႏွင့္၂၀၂၆ကမာၻ႔ဖလားၿပိဳင္ပြဲတို႔တြင္ဦးေဆာင္လာပါမယ္။

ေပၚတူဂီနည္းျပအျဖစ္ခန႔္အပ္ျခင္းခံရၿပီးေနာက္မာတီနက္ဇ္က “ေဘာလုံးဆုံးျဖတ္ခ်က္ေတြကကြင္းထဲမွာကစားမႈနဲ႔ပဲဆုံးျဖတ္ပါမယ္။ကြၽန္ေတာ္က႐ုံးမွာဆုံးျဖတ္တဲ့နည္းျပမဟုတ္ပါဘူး။ဒီေတာ့ကြၽန္ေတာ့္ရဲ႕ပထမဆုံးေျခလွမ္းကေတာ့ကစားသမားအားလုံးရရွိေနဖို႔ပါ။သူတို႔အားလုံးနဲ႔ထိေတြ႕ေနဖို႔ပါ။ကမာၻ႔ဖလားလူစာရင္းမွာပါဝင္တဲ့ကစားသမား၂၆ဦးကကြၽန္ေတာ့္ပထမေျခလွမ္းပါ။ခရစၥတီယာႏိုလည္းအဲဒီစာရင္းမွာပါတဲ့သူပါ။သူကလက္ေ႐ြးစင္အသင္းမွာကစားလာတာ၁၉ႏွစ္ေတာင္ရွိပါၿပီ။သူ႔မွာထိုင္ေဆြးေႏြးေလာက္တဲ့အထိေလးစားမႈရသင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မာတီနက္ဇ္ဟာေပၚတူဂီမတိုင္မီဘယ္လ္ဂ်ီယံအသင္းကို၆ႏွစ္ၾကာကိုင္တြယ္ခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ ရာထူးမွထြက္ခြာခဲ့သူျဖစ္ပါတယ္။

သူဟာဘယ္လ္ဂ်ီယံအသင္းကို၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္တတိယရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့သူဟာဘယ္လ္ဂ်ီယံရဲ႕အေကာင္းဆုံးမ်ိဳးဆက္အသင္းကိုေအာင္ျမင္မႈရရွိေအာင္မစြမ္းေဆာင္ႏိုင္မႈေၾကာင့္ေဝဖန္မႈမ်ားႀကဳံခဲ့ရသူျဖစ္ပါတယ္။