ပေါ်တူဂီနိုင်ပွဲအပြီးတွင် ၂ မိနစ်နှင့် ၁၂ စက္ကန့်သာ ပြုလုပ်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သတင်းစာရှင်းလင်းပွဲ

ခရစ္စတီယာနိုရော်နယ်ဒိုဟာဂါနာကိုပေါ်တူဂီက၃-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးတွင်မယုံကြည်နိုင်လောက်အောင်တိုတောင်းတဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာဂါနာကိုအနိုင်ရတဲ့ပွဲတွင်ပင်နယ်တီမှတဆင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားသမိုင်းတွင် ငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ဦးဆောင်ဂိုးကိုအင်ဒရေအယောကချေပခဲ့ပေမဲ့ဖီးလစ်နှင့်လီယိုတို့ကထပ်မံဂိုးသွင်းခဲ့ခဲ့ကာဂါနာအတွက်ဒုတိယဂိုးကိုအော့စ်မန်ဘူကာရီကသွင်းယူခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်၈ဂိုးမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂါနာနှင့်ပွဲတွင်ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယင်းနောက်သူဟာပွဲအပြီးသတင်းစာရှင်းလင်းပွဲတက်ရောက်ခဲ့ရပေမဲ့ သတင်းစာရှင်းလင်းပွဲကို၂မိနစ်နှင့်၁၂စက္ကန့်သာပြုလုပ်ကာမေးခွန်းနှစ်ခုကိုတစ်ပေါင်းတည်းဖြေဆိုသွားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုက “ကျွန်တော်အရမ်းဂုဏ်ယူရတဲ့အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။ဒီစာမျက်နှာ(ယူနိုက်တက်)ကဆုံးခန်းတိုင်သွားပါပြီ။ကျန်တာတွေက ဘာမှအရေးမပါတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းသတင်းစာရှင်းလင်းပွဲတွင် မကြာသေးမီတုန်းကပီယာ့စ်မော်ဂန်နှင့်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်ပြီးတစုံတရာမေးမြန်းခြင်းမပြုလုပ်ရန်လည်း ဂျာနယ်လစ်များကိုတားဆီးမှုပြုလုပ်ခဲ့ပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးတဲ့နောက်ကလပ်လက်မဲ့ဖြစ်နေပြီး သူ့အနာဂတ်ကိုကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်မှဆုံးဖြတ်သွားဖို့ရှိပါတယ်။

မကြာသေးမီတုန်းက Marca ရဲ့ဖော်ပြချက်အရဆော်ဒီကလပ်အယ်နက်စ်ဆာာခရစ္စတီယာနိုရော်နယ်ဒိုကိုပေါင်သန်း၂၁၀တန်ကြေးရှိ ၂ ရာသီစာချုပ်ဖြင့်ကမ်းလှမ်းလာဖို့ရှိနေကြောင်းသိရပါတယ်။

ZawGyi

ေပၚတူဂီႏိုင္ပြဲအၿပီးတြင္ ၂ မိနစ္ႏွင့္ ၁၂ စကၠန႔္သာ ျပဳလုပ္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕သတင္းစာရွင္းလင္းပြဲ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂါနာကိုေပၚတူဂီက၃-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးတြင္မယုံၾကည္ႏိုင္ေလာက္ေအာင္တိုေတာင္းတဲ့သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ပါတယ္။

Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂါနာကိုအႏိုင္ရတဲ့ပြဲတြင္ပင္နယ္တီမွတဆင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဖလားသမိုင္းတြင္ ငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕ဦးေဆာင္ဂိုးကိုအင္ဒေရအေယာကေခ်ပခဲ့ေပမဲ့ဖီးလစ္ႏွင့္လီယိုတို႔ကထပ္မံဂိုးသြင္းခဲ့ခဲ့ကာဂါနာအတြက္ဒုတိယဂိုးကိုေအာ့စ္မန္ဘူကာရီကသြင္းယူခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္၈ဂိုးေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဂါနာႏွင့္ပြဲတြင္ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ယင္းေနာက္သူဟာပြဲအၿပီးသတင္းစာရွင္းလင္းပြဲတက္ေရာက္ခဲ့ရေပမဲ့ သတင္းစာရွင္းလင္းပြဲကို၂မိနစ္ႏွင့္၁၂စကၠန႔္သာျပဳလုပ္ကာေမးခြန္းႏွစ္ခုကိုတစ္ေပါင္းတည္းေျဖဆိုသြားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုက “ကြၽန္ေတာ္အရမ္းဂုဏ္ယူရတဲ့အခိုက္အတန႔္တစ္ခုျဖစ္ပါတယ္။ဒီစာမ်က္ႏွာ(ယူႏိုက္တက္)ကဆုံးခန္းတိုင္သြားပါၿပီ။က်န္တာေတြက ဘာမွအေရးမပါေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းသတင္းစာရွင္းလင္းပြဲတြင္ မၾကာေသးမီတုန္းကပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲႏွင့္ပတ္သက္ၿပီးတစုံတရာေမးျမန္းျခင္းမျပဳလုပ္ရန္လည္း ဂ်ာနယ္လစ္မ်ားကိုတားဆီးမႈျပဳလုပ္ခဲ့ပါေသးတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးတဲ့ေနာက္ကလပ္လက္မဲ့ျဖစ္ေနၿပီး သူ႔အနာဂတ္ကိုကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္မွဆုံးျဖတ္သြားဖို႔ရွိပါတယ္။

မၾကာေသးမီတုန္းက Marca ရဲ႕ေဖာ္ျပခ်က္အရေဆာ္ဒီကလပ္အယ္နက္စ္ဆာာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေပါင္သန္း၂၁၀တန္ေၾကးရွိ ၂ ရာသီစာခ်ဳပ္ျဖင့္ကမ္းလွမ္းလာဖို႔ရွိေနေၾကာင္းသိရပါတယ္။