ပေါ်တူဂီဘက်သို့ ဂိုးသွင်းပြီးနောက် သူ့ရဲ့ SIUU ဖြင့် ဂိုးသွင်းအောင်ပွဲခံခဲ့တဲ့ ဂါနာကစားသမားကို ခရစ္စတီယာနိုရော်နယ်ဒိုပေါက်ကွဲ

ခရစ္စတီယာရော်နယ်ဒိုဟာပေါ်တူဂီဘက်သို့ဂိုးသွင်းယူပြီးနောက်ဂါနာရဲ့အော့စ်မန်ဘာကာရီကသူ့ရဲ့နာမည်ကျော်အောင်ပွဲခံမှု SIUU ကိုအသုံးပြုကာအောင်ပွဲသွားပြီးနောက် အကြီးအကျယ်ဒေါသထွက်ကျန်ရစ်ခဲ့ရပါတယ်။

အသက်၃၇နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာဂါနာကို၃-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပင်နယ်တီမှတဆင့်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ယင်းဂိုးကခရစ္စတီယာနိုရော်နယ်ဒိုရဲ့၈ဂိုးမြောက်ကမ္ဘာ့ဖလားဂိုးဖြစ်ပြီးယင်းဂိုးကြောင့် ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ယင်းနောက်ပေါ်တူဂီဟာဖီးလစ်နှင့်ရာဖေးလ်လီယိုတို့ရဲ့ဂိုးကြောင့်ဂါနာကို၃-၁ဖြင့်ဦးဆောင်နိုင်ခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုမှာလည်းလူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ပွဲပြီးခါနီးတွင်ဘူကာရီကဂါနာအတွက်ဒုတိယချေပဂိုးသွင်းယူလာခဲ့ပါတယ်။သူဟာဂိုးသွင်းယူပြီးနောက်အလံတိုင်ရှိရာသို့ပြေးသွားကာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ SIUU အောင်ပွဲခံမှုဖြင့်အောင်ပွဲခံခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဘူကာရီရဲ့အောင်ပွဲခံမှုကိုအရန်ခုံမှထိုင်ကြည့်နေခဲ့ပြီးလက်ကိုမြှောက်အော်ဟစ်ကာဒေါသထွက်နေခဲ့တာတွေ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုဆွတ်ခူးခဲ့ပြီး တိုတောင်းတဲ့သတင်းစာရှင်းလင်းပွဲသာပြုလုပ်ခဲ့ပါတယ်။

ZawGyi

ေပၚတူဂီဘက္သို႔ ဂိုးသြင္းၿပီးေနာက္ သူ႔ရဲ႕ SIUU ျဖင့္ ဂိုးသြင္းေအာင္ပြဲခံခဲ့တဲ့ ဂါနာကစားသမားကို ခရစၥတီယာႏိုေရာ္နယ္ဒိုေပါက္ကြဲ

ခရစၥတီယာေရာ္နယ္ဒိုဟာေပၚတူဂီဘက္သို႔ဂိုးသြင္းယူၿပီးေနာက္ဂါနာရဲ႕ေအာ့စ္မန္ဘာကာရီကသူ႔ရဲ႕နာမည္ေက်ာ္ေအာင္ပြဲခံမႈ SIUU ကိုအသုံးျပဳကာေအာင္ပြဲသြားၿပီးေနာက္ အႀကီးအက်ယ္ေဒါသထြက္က်န္ရစ္ခဲ့ရပါတယ္။

အသက္၃၇ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ဟာဂါနာကို၃-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပင္နယ္တီမွတဆင့္ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ယင္းဂိုးကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕၈ဂိုးေျမာက္ကမာၻ႔ဖလားဂိုးျဖစ္ၿပီးယင္းဂိုးေၾကာင့္ ကမာၻ႔ဖလားငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။

ယင္းေနာက္ေပၚတူဂီဟာဖီးလစ္ႏွင့္ရာေဖးလ္လီယိုတို႔ရဲ႕ဂိုးေၾကာင့္ဂါနာကို၃-၁ျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုမွာလည္းလူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့ပြဲၿပီးခါနီးတြင္ဘူကာရီကဂါနာအတြက္ဒုတိယေခ်ပဂိုးသြင္းယူလာခဲ့ပါတယ္။သူဟာဂိုးသြင္းယူၿပီးေနာက္အလံတိုင္ရွိရာသို႔ေျပးသြားကာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ SIUU ေအာင္ပြဲခံမႈျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဘူကာရီရဲ႕ေအာင္ပြဲခံမႈကိုအရန္ခုံမွထိုင္ၾကည့္ေနခဲ့ၿပီးလက္ကိုေျမႇာက္ေအာ္ဟစ္ကာေဒါသထြက္ေနခဲ့တာေတြ႕ရပါတယ္။

အဆိုပါပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုဆြတ္ခူးခဲ့ၿပီး တိုေတာင္းတဲ့သတင္းစာရွင္းလင္းပြဲသာျပဳလုပ္ခဲ့ပါတယ္။