ပေါ်တူဂီရဲ့ယူရိုအကြိုနောက်ဆုံးခြေစမ်းပွဲရဲ့နောက်ဆုံးမိနစ်မှာ ဒုံးပျံကစ်ဖြင့် ဂိုးသွင်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ယူစတားဘရူနိုဖာနန်ဒက်စ်ဟာပေါ်တူဂီရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်ပြင်ဆင်တဲ့နောက်ဆုံးခြေစမ်းပွဲရဲ့နောက်ဆုံးမိနစ်မှာဧရိယာအပြင်ဘက်မှဒုံးပျံကန်ချက်ဖြင့်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မနေ့ညတုန်းကအစ္စရေးအား၄-ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဘရူနိုဖာနန်ဒက်စ်ဟာပေါ်တူဂီအတွက်အဖွင့်ဂိုးကိုသွင်းသွင်းခဲ့သူလည်းဖြစ်ပါတယ်။ပွဲပြီးခါနီးအချိန်အထိပေါ်တူဂီဟာခရစ္စတီယာနိုရော်နယ်ဒို၊ကန်စီလိုတို့ကလည်းဂိုးသွင်းနိုင်ခဲ့လို့အစ္စရေးကို၃-၀ဂိုးဖြင့်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ပွဲပြီးခါနီးအချိန်မှာဘရူနိုဖာနန်ဒက်စ်ဟာဧရိယာအပြင်ဘက်မှာဘောလုံးရရှိပြီးနောက်ဂိုးရဲ့အပေါ်ထောင့်သို့ကန်သွင်းပြီးပေါ်တူဂီအတွက်စတုတ္ထဂိုးကိုသွင်းခဲ့ပါတယ်။အစ္စရေးဂိုးသမားဟာဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်ကိုကာကွယ်ဖို့ကြိုးပမ်းခဲ့ပေမယ့်မမီခဲ့ပါဘူး။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမန်ယူအတွက်၂၈ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်ရဲ့ပေါ်တူဂီဟာယူရို၂၀၂၀ပြိုင်ပွဲမှာပြင်သစ်၊ဂျာမနီ၊ဟန်ဂေရီတို့နှင့်အတူသေမင်းတမန်အုပ်စုမှာကျရောက်နေပါတယ်။

အစ္စရေးနှင့်ပွဲမှာဂိုးသွင်းယူနိုင်ခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုအတွက်ယင်းဂိုးကပေါ်တူဂီအတွက်၁၀၄ဂိုးမြောက်ဂိုးဖြစ်ပါတယ်။ရော်နယ်ဒိုဟာပေါ်တူဂီအတွက်ကစားတဲ့နောက်ဆုံး၄၂ပွဲမှာ၄၃ဂိုးအထိသွင်းထားနိုင်ပါတယ်။

သူဟာအီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါယီရဲ့၁၀၉ဂိုးစံချိန်ကိုလိုက်မီတဖြည်းဖြည်းနီးကပ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

ZawGyi

ေပၚတူဂီရဲ႕ယူ႐ိုအႀကိဳေနာက္ဆုံးေျခစမ္းပြဲရဲ႕ေနာက္ဆုံးမိနစ္မွာ ဒုံးပ်ံကစ္ျဖင့္ ဂိုးသြင္းခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

မန္ယူစတားဘ႐ူႏိုဖာနန္ဒက္စ္ဟာေပၚတူဂီရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ျပင္ဆင္တဲ့ေနာက္ဆုံးေျခစမ္းပြဲရဲ႕ေနာက္ဆုံးမိနစ္မွာဧရိယာအျပင္ဘက္မွဒုံးပ်ံကန္ခ်က္ျဖင့္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

မေန႔ညတုန္းကအစၥေရးအား၄-ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဘ႐ူႏိုဖာနန္ဒက္စ္ဟာေပၚတူဂီအတြက္အဖြင့္ဂိုးကိုသြင္းသြင္းခဲ့သူလည္းျဖစ္ပါတယ္။ပြဲၿပီးခါနီးအခ်ိန္အထိေပၚတူဂီဟာခရစၥတီယာႏိုေရာ္နယ္ဒို၊ကန္စီလိုတို႔ကလည္းဂိုးသြင္းႏိုင္ခဲ့လို႔အစၥေရးကို၃-၀ဂိုးျဖင့္ဦးေဆာင္ထားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ပြဲၿပီးခါနီးအခ်ိန္မွာဘ႐ူႏိုဖာနန္ဒက္စ္ဟာဧရိယာအျပင္ဘက္မွာေဘာလုံးရရွိၿပီးေနာက္ဂိုးရဲ႕အေပၚေထာင့္သို႔ကန္သြင္းၿပီးေပၚတူဂီအတြက္စတုတၳဂိုးကိုသြင္းခဲ့ပါတယ္။အစၥေရးဂိုးသမားဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ကန္ခ်က္ကိုကာကြယ္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္မမီခဲ့ပါဘူး။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကမန္ယူအတြက္၂၈ဂိုးအထိသြင္းယူႏိုင္ခဲ့တဲ့ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေပၚတူဂီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာျပင္သစ္၊ဂ်ာမနီ၊ဟန္ေဂရီတို႔ႏွင့္အတူေသမင္းတမန္အုပ္စုမွာက်ေရာက္ေနပါတယ္။

အစၥေရးႏွင့္ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ယင္းဂိုးကေပၚတူဂီအတြက္၁၀၄ဂိုးေျမာက္ဂိုးျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာေပၚတူဂီအတြက္ကစားတဲ့ေနာက္ဆုံး၄၂ပြဲမွာ၄၃ဂိုးအထိသြင္းထားႏိုင္ပါတယ္။

သူဟာအီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါယီရဲ႕၁၀၉ဂိုးစံခ်ိန္ကိုလိုက္မီတျဖည္းျဖည္းနီးကပ္လာခဲ့ၿပီလည္းျဖစ္ပါတယ္။