ပေါ်တူဂီအဝတ်အစားလဲခန်းတွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုကို ဘရူနိုဖာနန်ဒက်စ်ဖွင့်ချလာ

ဘရူနိုဖာနန်ဒက်စ်ဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးထွက်ပေါ်လာပြီးနောက် ပေါ်တူဂီအသင်းအဝတ်အစားလဲခန်းအတွင်းတွင်စူပါစတားကစားသမားများကိုမျက်နှာသေဖြင့်တုံ့ပြန်ခဲ့မှုနှင့်ပတ်သက်ပြီးဖွင့်ဟမှုပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်ပတ်သက်ပြီးထားတဲ့ TalkTV အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။

ယင်းအင်တာဗျူးအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်၊ပိုင်ရှင်ဂလေဇာ၊နည်းပြအဲရစ်တန်ဟက်၊ယူနိုက်တက်လူငယ်စတားများတို့ကိုဝေဖန်မှုပြုလုပ်ထားပါတယ်။

ယင်းနောက် CNN ကဖော်ပြလာတဲ့ပေါ်တူဂီအဝတ်အစားလဲခန်းအတွင်းရိုက်ကူးဖော်ပြလာတဲ့ဗီဒီယိုဖိုင်အရဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီအဝတ်အစားလဲခန်းအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုကိုမျက်နှာသေဖြင့်တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။

ယခုအခါယင်းနှင့်ပတ်သက်ပြီးဘရူနိုဖာနန်ဒက်စ်က “အေးတာ၊ဆိုးတာနဲ့ပတ်သက်ပြီးပြောပြတဲ့ရုပ်သံလိုင်းတစ်ခုကိုကြည့်နေတာ။သူတို့(CNN ဝန်ထမ်း)အနားယူဖို့သွားကြတယ်။လက်ရွေးစင်အသင်းကသူတို့ကိုအသံပါတဲ့ဗီဒီယိုဖိုင်ပို့လိုက်တယ်။အဲဒီအသံမှာသူကကျွန်တော်နဲ့ပတ်သက်ပြီးနောက်ထားတာပါတယ်။တကယ်လို့များသူတို့သာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတကယ့်အမှန်တရားကိုရှင်းပြရင်လူတွေလည်းသိလာကြမှာပါ”လို့ဆိုသွားပါတယ်။

ဒါ့အပြင်ဘရူနိုဖာနန်ဒက်စ်ကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးကိုလည်းမကြည့်ကြောင်းဆိုသွားပါတယ်။

၎င်းက “အင်တာဗျူးမဖတ်ပါဘူး။ကျွန်တော့်အတွက်အဆင်ပြေပါတယ်။အရင်ကပြောသလိုပေါ့အခုကပေါ်တူဂီအသင်းနဲ့အတူရှိနေတာလို့။ကျွန်တော့်စိတ်ကရှင်းရှင်းလေးပါ။လက်ရွေးစင်အသင်းကိုပဲအာရုံစိုက်တယ်။ကမ္ဘာ့ဖလားကအကြိမ်များစွာမရောက်လာတော့ကမ္ဘာ့ဖလားကိုပဲအာရုံစိုက်နေပါတယ်။ခရစ္စတီယာနိုကငါးကြိမ်မြောက်(ကမ္ဘာ့ဖလား)ကစားခွင့်ရတာကံကောင်းပါတယ်။ဒီပြိုင်ပွဲကသူ့အတွက်ငါးကြိမ်မြောက်ဖြစ်လာမယ်။အားလုံးလည်းအဆင်သင့်ဖြစ်နေကြတယ်။အားလုံးလည်းအကောင်းဆုံးကြိုးစားပေးကြမှာပါ။ဘယ်သူနဲ့မှပြဿနာမရှိပါဘူး။ငါ့အလုပ်ငါ့လုပ်တယ်။ တစ်ခါတုန်းကနည်းပြတစ်ဦးကျွန်တော့်ကိုပြောခဲ့သလိုပေါ့။အားလုံးကကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှုပဲဆိုတာလေ။အားလုံးလည်းဒီအတိုင်းပဲတွေးကြမယ်ထင်တယ်။ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရမယ်။အကောင်းဆုံးပေးရမယ်။ပြီးမှဘာဖြစ်လာမလဲကြည့်ရမယ်”လို့ဆိုသွားပါတယ်။

ZawGyi

ေပၚတူဂီအဝတ္အစားလဲခန္းတြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ျဖစ္ပ်က္ခဲ့တဲ့ မေတာ္တဆမႈကို ဘ႐ူႏိုဖာနန္ဒက္စ္ဖြင့္ခ်လာ

ဘ႐ူႏိုဖာနန္ဒက္စ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးထြက္ေပၚလာၿပီးေနာက္ ေပၚတူဂီအသင္းအဝတ္အစားလဲခန္းအတြင္းတြင္စူပါစတားကစားသမားမ်ားကိုမ်က္ႏွာေသျဖင့္တုံ႔ျပန္ခဲ့မႈႏွင့္ပတ္သက္ၿပီးဖြင့္ဟမႈျပဳလုပ္လာခဲ့ၿပီျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာပီယာ့စ္ေမာ္ဂန္ႏွင့္ပတ္သက္ၿပီးထားတဲ့ TalkTV အင္တာဗ်ဴးျပဳလုပ္ခဲ့ပါတယ္။

ယင္းအင္တာဗ်ဴးအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္၊ပိုင္ရွင္ဂေလဇာ၊နည္းျပအဲရစ္တန္ဟက္၊ယူႏိုက္တက္လူငယ္စတားမ်ားတို႔ကိုေဝဖန္မႈျပဳလုပ္ထားပါတယ္။

ယင္းေနာက္ CNN ကေဖာ္ျပလာတဲ့ေပၚတူဂီအဝတ္အစားလဲခန္းအတြင္း႐ိုက္ကူးေဖာ္ျပလာတဲ့ဗီဒီယိုဖိုင္အရဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေပၚတူဂီအဝတ္အစားလဲခန္းအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုမ်က္ႏွာေသျဖင့္တုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။

ယခုအခါယင္းႏွင့္ပတ္သက္ၿပီးဘ႐ူႏိုဖာနန္ဒက္စ္က “ေအးတာ၊ဆိုးတာနဲ႔ပတ္သက္ၿပီးေျပာျပတဲ့႐ုပ္သံလိုင္းတစ္ခုကိုၾကည့္ေနတာ။သူတို႔(CNN ဝန္ထမ္း)အနားယူဖို႔သြားၾကတယ္။လက္ေ႐ြးစင္အသင္းကသူတို႔ကိုအသံပါတဲ့ဗီဒီယိုဖိုင္ပို႔လိုက္တယ္။အဲဒီအသံမွာသူကကြၽန္ေတာ္နဲ႔ပတ္သက္ၿပီးေနာက္ထားတာပါတယ္။တကယ္လို႔မ်ားသူတို႔သာဒီဗီဒီယိုနဲ႔ပတ္သက္ၿပီးတကယ့္အမွန္တရားကိုရွင္းျပရင္လူေတြလည္းသိလာၾကမွာပါ”လို႔ဆိုသြားပါတယ္။

ဒါ့အျပင္ဘ႐ူႏိုဖာနန္ဒက္စ္ကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးကိုလည္းမၾကည့္ေၾကာင္းဆိုသြားပါတယ္။

၎က “အင္တာဗ်ဴးမဖတ္ပါဘူး။ကြၽန္ေတာ့္အတြက္အဆင္ေျပပါတယ္။အရင္ကေျပာသလိုေပါ့အခုကေပၚတူဂီအသင္းနဲ႔အတူရွိေနတာလို႔။ကြၽန္ေတာ့္စိတ္ကရွင္းရွင္းေလးပါ။လက္ေ႐ြးစင္အသင္းကိုပဲအာ႐ုံစိုက္တယ္။ကမာၻ႔ဖလားကအႀကိမ္မ်ားစြာမေရာက္လာေတာ့ကမာၻ႔ဖလားကိုပဲအာ႐ုံစိုက္ေနပါတယ္။ခရစၥတီယာႏိုကငါးႀကိမ္ေျမာက္(ကမာၻ႔ဖလား)ကစားခြင့္ရတာကံေကာင္းပါတယ္။ဒီၿပိဳင္ပြဲကသူ႔အတြက္ငါးႀကိမ္ေျမာက္ျဖစ္လာမယ္။အားလုံးလည္းအဆင္သင့္ျဖစ္ေနၾကတယ္။အားလုံးလည္းအေကာင္းဆုံးႀကိဳးစားေပးၾကမွာပါ။ဘယ္သူနဲ႔မွျပႆနာမရွိပါဘူး။ငါ့အလုပ္ငါ့လုပ္တယ္။ တစ္ခါတုန္းကနည္းျပတစ္ဦးကြၽန္ေတာ့္ကိုေျပာခဲ့သလိုေပါ့။အားလုံးကကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ႏိုင္မႈပဲဆိုတာေလ။အားလုံးလည္းဒီအတိုင္းပဲေတြးၾကမယ္ထင္တယ္။ကိုယ့္ကိုယ္ကိုယ္ထိန္းခ်ဳပ္ရမယ္။အေကာင္းဆုံးေပးရမယ္။ၿပီးမွဘာျဖစ္လာမလဲၾကည့္ရမယ္”လို႔ဆိုသြားပါတယ္။