ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအသင်းဟိုတယ်တွင်ဗင်နီဇွဲလား Influencer နှင့်လိင်ဆက်ဆံခဲ့တယ်လို့ပေါ်တူဂီမီဒီယာများရဲ့ဖော်ပြမှုကိုဒေါသတကြီးငြင်းဆိုလာပါတယ်။
ဗင်နီဇွဲလားဘလော့ဂါGeorgilaya ကပေါ်တူဂီကစားသမားများနှင့်Selfie ဓာတ်ပုံများရိုက်ကူးပြီးနောက်သူမကိုခရစ္စတီယာနိုရော်နယ်ဒိုကမက်ဆေ့ချ်ပို့ကာဟိုတယ်အခန်းသို့လာရောက်စေခဲ့ကြောင်းဆိုသွားပါတယ်။
သူမက “မက်ဆေ့ချ်ဖတ်ကြည့်လိုက်တော့စကားပြောရုံကလေး၊တစ်ယောက်နဲ့တစ်ယောက်အသိအကျွမ်းဖွဲ့ရုံကလေးလို့ပဲထင်ခဲ့တယ်။ပြီးတော့ကျွန်မလည်းဓာတ်ပုံတွေရိုက်နိုင်မယ်လေ။ဒီလိုလိင်ဆက်ဆံတဲ့အထိဖြစ်လာမယ်လို့မထင်ခဲ့ဘူး။ဒါကဖြစ်သွားတယ်။ကျွန်မကိုယ်နှိုက်ကသဘောတူတာလည်းပါတာပေါ့။ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်မြင်ကျော်ကြားနဲ့ပါဝါတွေအောက်သို့ကြွေဆင်းခဲ့ရတာလို့ထင်တယ်”လို့ပြောကြားသွားပါတယ်။
အထက်ပါသတင်းကိုပေါ်တူဂီသတင်းစာ Correio da Manha သတင်းစာကဖော်ပြမှုပြလုပ်လာပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုဟာဒေါသတကြီးငြင်းဆိုမှုပြုလုပ်လာပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒါကသတင်းမှားပါ။ပြီးတော့အသရေဖျက်မှုပါ”လို့ပြောကြားသွားပါတယ်။
Georgilaya ကခရစ္စတီယာနိုရော်နယ်ဒိုနှင့်သူမတို့ဖြစ်ပျက်ခဲ့တာပြီးခဲ့တဲ့နှစ်မတ်လ၂၅ရက်နေ့တုန်းကဖြစ်ပါတယ်။
ဒါ့အပြင်သူမကခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဖောက်ပြန်ခဲ့မှုကြောင့်ခင်ပွန်းဖြစ်သူရဲ့အနိုင်ကျင့်ညှဉ်းပန်းမှုခံခဲ့ရပြီးကွာရှင်းခံရလုနီးပါးဖြစ်ခဲ့ကြောင်းဆိုသွားပါတယ်။
ရီးရဲလ်မက်ဒရစ်နှင့်ယူနိုက်တက်စတားဟောင်းနှင့်သူမတို့ဟာပေါ်တူဂီမြောက်ပိုင်း၊ဗီလာနိုဗာဒီဂိုင်ယာရှိ Solverde ဟိုတယ်တွင်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
သူမကခရစ္စတီယာနိုရော်နယ်ဒိုဟာသူမကိုအခန်းနံပါတ်၃၁၂သို့ခေါ်ဆောင်သွားခဲ့ပြီးနောက်လိင်ဆက်ဆံခဲ့ကြောင်းဆိုသွားပါတယ်။
ဆက်လက်ပြီးသူမကယခုသတင်းကိုကမ္ညာသိဖွင့်ချမှုမှာငွေကြေးကြောင့်သော်လည်းကောင်၊နာမည်ကြီးလိုမှုကြောင့်သော်လည်းကောင်းမဟုတ်ကြောင်းဆိုသွားပါတယ်။
ZawGyi
ပေါ်တူဂီအသင်း ဟိုတယ်တွင် ဗင်နီဇွဲလား Influencer နှင့် ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကို ခရစ္စတီယာနိုရော်နယ်ဒို တုံ့ပြန်လာ
ဗင်နီဇွဲလားဘလော့ဂါGeorgilaya ကပေါ်တူဂီကစားသမားများနှင့်Selfie ဓာတ်ပုံများရိုက်ကူးပြီးနောက်သူမကိုခရစ္စတီယာနိုရော်နယ်ဒိုကမက်ဆေ့ခ်ျပို့ကာဟိုတယ်အခန်းသို့လာရောက်စေခဲ့ကြောင်းဆိုသွားပါတယ်။
ဆက်လက်ပြီးသူမကယခုသတင်းကိုကမ်ညာသိဖွင့်ချမှုမှာငွေကြေးကြောင့်သော်လည်းကောင်၊နာမည်ကြီးလိုမှုကြောင့်သော်လည်းကောင်းမဟုတ်ကြောင်းဆိုသွားပါတယ်။