ပဲရစ်တွင် မက်ဆီ ရုန်းကန်နေရတဲ့အဓိကအကြောင်းရင်းကို ကစားဖော်ဟောင်း ဟင်နရီထောက်ပြလာ

သီယာရီဟင်နရီကပီအက်စ်ဂျီအသင်းတွင်ဘာစီလိုနာကစားဖော်ဟောင်းလီယွန်နယ်မက်ဆီ ရုန်းကန်နေရတဲ့အဓိကအကြောင်းရင်းကိုဝေဖန်ထောက်ပြလာပါတယ်။

မက်ဆီဟာနွေရာသီတုန်းကပီအက်စ်ဂျီသို့ရောက်လာခဲ့ပါတယ်။ပီအက်စ်ဂျီတိုက်စစ်တွင်နေမာ၊ဘက်ပေးနှင့်မက်ဆီတို့ရှိနေမှုနဲ့အတူစာရွက်ပေါ်တွင်အလွန်ကြောက်စရာကောင်းနေပါတယ်။

ဒါပေမယ့်လည်းမက်ဆီဟာပြင်သစ်ဘောလုံးလောကတွင်ထင်မှတ်ထားသလိုအောင်မြင်ခြင်းမရှိဘဲလီဂူး၁တွင်တစ်ဂိုးမျှသွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။

ဟင်နရီဟာဘာစီလိုနာတွင်မက်ဆီနှင့်အတူတွဲကစားခဲ့ဖူးသူဖြစ်ပြီး၀၈/၀၉ရာသီတုန်းကဖလားသုံးလုံးဆွတ်ခူးခဲ့ဖူးပါတယ်။ဟင်နရီဟာကစားဖော်ဟောင်းမှာဘာကြောင့်လိဂ်သစ်တွင်ကျရှုံးမှုနှင့်ရင်ဆိုင်နေရသလဲ ထောက်ပြလာပါတယ်။

ဟင်နရီက “မော်ရီစီယိုပိုချက်တီကိုအပြစ်မတင်လိုပါဘူး။ကစားသမားတွေဟာနောက်ကျမှပြောင်းရွှေ့တဲ့အချိန်မှာအလုပ်လုပ်ဖို့အချိန်မရဘဲသုံးရက်တစ်ပွဲနှုန်းပွဲကစားရပါတယ်။အချိန်ရလာပြီလို့ထင်တဲ့အချိန်မှာနိုင်ငံတကာပွဲသွားကစားရပြန်ပါတယ်။ကစားဟန်တစ်ခုကိုတွေ့ဖို့ဆိုတာမလွယ်ကူပါဘူး။ဘာစီလိုနာမှာဆိုရင်လည်းသမိုင်းကြောင်းကြောင့်လိုက်နာရတာရှိပါတယ်။ရီနပ်စ်မိုက်ကယ်ရှိခဲ့တယ်။နောက်ခရိုက်ဖ်ရှိခဲ့တယ်။ပိုချက်တီနိုလည်းစနစ်တစ်ခုရှာနေပါတယ်။ကစားသမားဆယ့်တစ်ဦးလုံးလိုက်နာကစားရပါမယ်”လို့ပြောကြားသွားပါတယ်။

လီယွန်နယ်မက်ဆီဟာလီဂူး၁မှာဂိုးသွင်းနိုင်ခြင်း၊ဖန်တီးပေးနိုင်ခြင်းမရှိသေးပေမယ့်ချန်ပီယံလိဂ်မှာသုံးဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

ပဲရစ္တြင္ မက္ဆီ ႐ုန္းကန္ေနရတဲ့အဓိကအေၾကာင္းရင္းကို ကစားေဖာ္ေဟာင္း ဟင္နရီေထာက္ျပလာ

သီယာရီဟင္နရီကပီအက္စ္ဂ်ီအသင္းတြင္ဘာစီလိုနာကစားေဖာ္ေဟာင္းလီယြန္နယ္မက္ဆီ ႐ုန္းကန္ေနရတဲ့အဓိကအေၾကာင္းရင္းကိုေဝဖန္ေထာက္ျပလာပါတယ္။

မက္ဆီဟာေႏြရာသီတုန္းကပီအက္စ္ဂ်ီသို႔ေရာက္လာခဲ့ပါတယ္။ပီအက္စ္ဂ်ီတိုက္စစ္တြင္ေနမာ၊ဘက္ေပးႏွင့္မက္ဆီတို႔ရွိေနမႈနဲ႔အတူစာ႐ြက္ေပၚတြင္အလြန္ေၾကာက္စရာေကာင္းေနပါတယ္။

ဒါေပမယ့္လည္းမက္ဆီဟာျပင္သစ္ေဘာလုံးေလာကတြင္ထင္မွတ္ထားသလိုေအာင္ျမင္ျခင္းမရွိဘဲလီဂူး၁တြင္တစ္ဂိုးမွ်သြင္းယူထားႏိုင္ျခင္းမရွိေသးပါဘူး။

ဟင္နရီဟာဘာစီလိုနာတြင္မက္ဆီႏွင့္အတူတြဲကစားခဲ့ဖူးသူျဖစ္ၿပီး၀၈/၀၉ရာသီတုန္းကဖလားသုံးလုံးဆြတ္ခူးခဲ့ဖူးပါတယ္။ဟင္နရီဟာကစားေဖာ္ေဟာင္းမွာဘာေၾကာင့္လိဂ္သစ္တြင္က်ရႈံးမႈႏွင့္ရင္ဆိုင္ေနရသလဲ ေထာက္ျပလာပါတယ္။

ဟင္နရီက “ေမာ္ရီစီယိုပိုခ်က္တီကိုအျပစ္မတင္လိုပါဘူး။ကစားသမားေတြဟာေနာက္က်မွေျပာင္းေ႐ႊ႕တဲ့အခ်ိန္မွာအလုပ္လုပ္ဖို႔အခ်ိန္မရဘဲသုံးရက္တစ္ပြဲႏႈန္းပြဲကစားရပါတယ္။အခ်ိန္ရလာၿပီလို႔ထင္တဲ့အခ်ိန္မွာႏိုင္ငံတကာပြဲသြားကစားရျပန္ပါတယ္။ကစားဟန္တစ္ခုကိုေတြ႕ဖို႔ဆိုတာမလြယ္ကူပါဘူး။ဘာစီလိုနာမွာဆိုရင္လည္းသမိုင္းေၾကာင္းေၾကာင့္လိုက္နာရတာရွိပါတယ္။ရီနပ္စ္မိုက္ကယ္ရွိခဲ့တယ္။ေနာက္ခ႐ိုက္ဖ္ရွိခဲ့တယ္။ပိုခ်က္တီႏိုလည္းစနစ္တစ္ခုရွာေနပါတယ္။ကစားသမားဆယ့္တစ္ဦးလုံးလိုက္နာကစားရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

လီယြန္နယ္မက္ဆီဟာလီဂူး၁မွာဂိုးသြင္းႏိုင္ျခင္း၊ဖန္တီးေပးႏိုင္ျခင္းမရွိေသးေပမယ့္ခ်န္ပီယံလိဂ္မွာသုံးဂိုးသြင္းယူထားႏိုင္ပါတယ္။