ပဲရစ်တွင် အထိုင်ကျရန် ခက်ခဲနေပြီး တစ်ညပေါင် ၁၇၀၀၀ ပေးရတဲ့ဟိုတယ်တွင် လီယွန်နယ်မက်ဆီတည်းခိုနေရဆဲဖြစ်

လီယွန်နယ်မက်ဆီဟာပဲရစ်တွင်အထိုင်ကျရန်အခက်အခဲများနှင့်ရင်ဆိုင်နေရပြီးမိသားစုနှင့်အတူနေထိုင်ရန်အိမ်ရှာဖွေမရဖြစ်နေကြောင်းသိရပါတယ်။

မက်ဆီရဲ့ပီအက်စ်ဂျီနှင့်အာဂျင်တီးနားအသင်းကစားဖော်အိန်ဂျယ်ဒီမာရီယာကအာဂျင်တီးနားစူပါစတားမှာပဲရစ်တွင်စိတ်တိုင်းကျနေထိုင်နိုင်ခြင်းမရှိသေးကြောင်းဆိုသွားပါတယ်။

အထူးသဖြင့်လီယွန်နယ်မက်ဆီဟာပရိသတ်များဝိုင်းရံလိုက်ပါနေမှုကြောင့် လွတ်လပ်စွာနေထိုင်နိုင်ရန်အလွန်ခက်ခဲနေတာလည်းဖြစ်ပါတယ်။

ဒီမာရီယာက “ညစာစားဖို့လီယိုလာပြီဆိုရင်သူ့အနားမှာကားတွေဆိုင်ကယ်တွေတပြုံကြီးပါ။ဒီလူတွေကတစ်ဖက်ကိုတလေးတစားရှိတဲ့သူတွေပါ။ကျွန်တော်တို့ထွက်သွားပြီဆိုရင်ကျွန်တော်တို့ကိုထားခဲ့တာပါပဲ။အခုလီယိုနဲ့ကျတော့ကျွန်တော်တို့လည်းသွားစရာမရှိဘူးဖြစ်နေတယ်”လို့ပြောကြားသွားပါတယ်။

မက်ဆီဟာပဲရစ်မှာမိသားစုနဲ့အတူနေထိုင်ရန်အိမ်သစ်ရှာမရဖြစ်နေတုန်းပါ။ဒါကြောင့်မက်ဆီဟာပဲရစ်ရှိ Le Royal Monceau တွင်တည်းခိုနေထိုင်တုန်းလို့ယူဆရပါတယ်။

ယင်းဟိုတယ်ရဲ့ဈေးနှုန်းအသက်သာဆုံးအခန်းမှာတစ်ညလျှင်ပေါင်၈၅၅ရှိပါတယ်။ယင်းကြယ်ငါးပွင့်အဆင့်ဟိုတယ်တွင်စားသောက်ဆိုင်ကြီးခြောက်ခုအထိပါဝင်ပြီး သီးသန့်ရုပ်ရှင်ရုံလည်းရှိပါတယ်။

ZawGyi

ပဲရစ္တြင္ အထိုင္က်ရန္ ခက္ခဲေနၿပီး တစ္ညေပါင္ ၁၇၀၀၀ ေပးရတဲ့ဟိုတယ္တြင္ လီယြန္နယ္မက္ဆီတည္းခိုေနရဆဲျဖစ္

လီယြန္နယ္မက္ဆီဟာပဲရစ္တြင္အထိုင္က်ရန္အခက္အခဲမ်ားႏွင့္ရင္ဆိုင္ေနရၿပီးမိသားစုႏွင့္အတူေနထိုင္ရန္အိမ္ရွာေဖြမရျဖစ္ေနေၾကာင္းသိရပါတယ္။

မက္ဆီရဲ႕ပီအက္စ္ဂ်ီႏွင့္အာဂ်င္တီးနားအသင္းကစားေဖာ္အိန္ဂ်ယ္ဒီမာရီယာကအာဂ်င္တီးနားစူပါစတားမွာပဲရစ္တြင္စိတ္တိုင္းက်ေနထိုင္ႏိုင္ျခင္းမရွိေသးေၾကာင္းဆိုသြားပါတယ္။

အထူးသျဖင့္လီယြန္နယ္မက္ဆီဟာပရိသတ္မ်ားဝိုင္းရံလိုက္ပါေနမႈေၾကာင့္ လြတ္လပ္စြာေနထိုင္ႏိုင္ရန္အလြန္ခက္ခဲေနတာလည္းျဖစ္ပါတယ္။

ဒီမာရီယာက “ညစာစားဖို႔လီယိုလာၿပီဆိုရင္သူ႔အနားမွာကားေတြဆိုင္ကယ္ေတြတၿပဳံႀကီးပါ။ဒီလူေတြကတစ္ဖက္ကိုတေလးတစားရွိတဲ့သူေတြပါ။ကြၽန္ေတာ္တို႔ထြက္သြားၿပီဆိုရင္ကြၽန္ေတာ္တို႔ကိုထားခဲ့တာပါပဲ။အခုလီယိုနဲ႔က်ေတာ့ကြၽန္ေတာ္တို႔လည္းသြားစရာမရွိဘူးျဖစ္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီဟာပဲရစ္မွာမိသားစုနဲ႔အတူေနထိုင္ရန္အိမ္သစ္ရွာမရျဖစ္ေနတုန္းပါ။ဒါေၾကာင့္မက္ဆီဟာပဲရစ္ရွိ Le Royal Monceau တြင္တည္းခိုေနထိုင္တုန္းလို႔ယူဆရပါတယ္။

ယင္းဟိုတယ္ရဲ႕ေဈးႏႈန္းအသက္သာဆုံးအခန္းမွာတစ္ညလွ်င္ေပါင္၈၅၅ရွိပါတယ္။ယင္းၾကယ္ငါးပြင့္အဆင့္ဟိုတယ္တြင္စားေသာက္ဆိုင္ႀကီးေျခာက္ခုအထိပါဝင္ၿပီး သီးသန႔္႐ုပ္ရွင္႐ုံလည္းရွိပါတယ္။