ပဲရစ်အထိ သယ်ဆောင်လာခဲ့ကြတဲ့ မက်ဆီနှင့်ရာမို့်စ်တို့ရဲ့အယ်ကလက်စီကိုအမုန်းတရား

ဆာဂျီယိုရာမို့စ်နှင့်လီယွန်နယ်မက်ဆီတို့ဟာပီအက်စ်ဂျီတွင်ကစားဖော်များဖြစ်နေကြပြီဖြစ်ပေမယ့်၎င်းတို့အကြားဆက်ဆံရေးအကောင်းဆုံးပုံစံမှာမရှိသေးပါဘူး။

၎င်းတို့နှစ်ဦးဟာနှစ်ပေါင်းများစွာအယ်ကလက်စီကို ခါးသီးတဲ့ပြိုင်ဘက်များအဖြစ်ကစားခဲ့တာပါ။၎င်းတို့နှစ်ဦးဟာ၄၅ကြိမ်တိုင်တိုင်ထိပ်တိုက်တွေ့ခဲ့ကြကာတွေ့ဆုံတိုင်းလည်းရန်ပွဲဖြင့်ပြီးဆုံးခဲ့ကြပါတယ်။

ရာမို့စ်ဟာအယ်ကလက်စီကိုပွဲစဉ်များမှာမက်ဆီကိုအကြိမ်ကြိမ်ကြမ်းတမ်းစွာဖျက်ထုတ်မှုပေါင်းများစွာပြုလုပ်ခဲ့ဖူးပြီးမက်ဆိကိုလူချကစားလို့နှစ်ကြိမ်တိုင်တိုင်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရဖူးပါတယ်။

၎င်းတို့နှစ်ဦးဟာနှစ်ပေါင်းများစွာအမုန်းဆုံးပြိုင်ဘက်တွေအဖြစ်ကစားခဲ့ကြပေမယ့်ပီအက်စ်ဂျီမှာမိတ်ဆက်စဉ်တုန်းကအားလုံးရှေ့မှောက်တွင်တစ်ဦးနှင့်တစ်ဦးဖက်ကာပြုံးနေခဲ့ကြမှုကြောင့်အားလုံးကသူတို့အကြားအမုန်းတရားတွေပြီးဆုံးသွားပြီလို့တောင်ယူဆခဲ့ကြပါတယ်။

ဒါပေမယ့်တကယ်တမ်းမှာတော့၎င်းတို့အကြားမှာမပြီးဆုံးသေးပါဘူး။L’Equipe ရဲ့ဖော်ပြချက်အရရာမို့စ်နှင့်မက်ဆီတို့အကြားမှာမေးထူးခေါ်ပြောအဆင့်လောက်သာရှိသေးကြောင်းသိရပါတယ်။

ရာမို့စ်နှင့်မက်ဆီတို့အကြားမှာပီအက်စ်ဂျီအသင်းအဝတ်အစားလဲခန်းအတွင်းမှာကောင်းမွန်တဲ့ရင်းနှီးမှုမတည်ဆောက်ရသေးပါဘူး။

ရာမို့စ်ဟာခြေသလုံးဒဏ်ရာကြောင့်ယခုရာသီမှာပီအက်စ်ဂျီအတွက်တစ်ပွဲမျှမကစားရသေးဘူးဆိုပေမယ့်ပီအက်စ်ဂျီမှာကစားသမားတော်တော်များများနှင့်ခိုင်မာတဲ့ရင်းနှီးမှုတည်ဆောက်ထားနိုင်ပြီဖြစ်ပါတယ်။ဒါပေမယ့်သူဟာမက်ဆီနှင့်တော့ကောင်းမွန်တဲ့ဆက်ဆံရေးမတည်ဆောက်သေးပါဘူး။

L’Equipe ကရာမို့စ်နှင့်မက်ဆီတို့ဟာ၎င်းတို့အကြားအယ်ကလက်စီကိုအမုန်းတရားများကိုပယ်ဖျက်ကြခြင်းမရှိသေးကြောင်းဖော်ပြသွားပါတယ်။

ရာသီအစတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရာရာမို့စ်ဟာပဲရစ်တွင်နေအိမ်သစ်ရှာမရလို့ဟိုတယ်တွင်ငှားရမ်းနေထိုင်နေတဲ့မက်ဆီကိုသူ့အိမ်မှာလာပြီးနေထိုင်ဖို့ပြောပြီးငြိမ်းချမ်းရေးကမ်းလှမ်းမှုလုပ်ပေမယ့်မက်ဆီကငြင်းခဲ့ကြောင်းသိရပါတယ်။

မက်ဆီဟာယခုရာသီမှာပီအက်စ်ဂျီအတွ်က၈ပွဲကစားထားပြီးရာမို့စ်ကတော့မကစားနိုင်သေးပါဘူး။ဒါပေမယ့်ရာမို့စ်ဟာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်လို့ယခုလနှောင်းပိုင်းမှာပြန်ကစားနိုင်ဖို့ရှိပါတယ်။

ZawGyi

ပဲရစ္အထိ သယ္ေဆာင္လာခဲ့ၾကတဲ့ မက္ဆီႏွင့္ရာမို႔္စ္တို႔ရဲ႕အယ္ကလက္စီကိုအမုန္းတရား

ဆာဂ်ီယိုရာမို႔စ္ႏွင့္လီယြန္နယ္မက္ဆီတို႔ဟာပီအက္စ္ဂ်ီတြင္ကစားေဖာ္မ်ားျဖစ္ေနၾကၿပီျဖစ္ေပမယ့္၎တို႔အၾကားဆက္ဆံေရးအေကာင္းဆုံးပုံစံမွာမရွိေသးပါဘူး။

၎တို႔ႏွစ္ဦးဟာႏွစ္ေပါင္းမ်ားစြာအယ္ကလက္စီကို ခါးသီးတဲ့ၿပိဳင္ဘက္မ်ားအျဖစ္ကစားခဲ့တာပါ။၎တို႔ႏွစ္ဦးဟာ၄၅ႀကိမ္တိုင္တိုင္ထိပ္တိုက္ေတြ႕ခဲ့ၾကကာေတြ႕ဆုံတိုင္းလည္းရန္ပြဲျဖင့္ၿပီးဆုံးခဲ့ၾကပါတယ္။

ရာမို႔စ္ဟာအယ္ကလက္စီကိုပြဲစဥ္မ်ားမွာမက္ဆီကိုအႀကိမ္ႀကိမ္ၾကမ္းတမ္းစြာဖ်က္ထုတ္မႈေပါင္းမ်ားစြာျပဳလုပ္ခဲ့ဖူးၿပီးမက္ဆိကိုလူခ်ကစားလို႔ႏွစ္ႀကိမ္တိုင္တိုင္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရဖူးပါတယ္။

၎တို႔ႏွစ္ဦးဟာႏွစ္ေပါင္းမ်ားစြာအမုန္းဆုံးၿပိဳင္ဘက္ေတြအျဖစ္ကစားခဲ့ၾကေပမယ့္ပီအက္စ္ဂ်ီမွာမိတ္ဆက္စဥ္တုန္းကအားလုံးေရွ႕ေမွာက္တြင္တစ္ဦးႏွင့္တစ္ဦးဖက္ကာၿပဳံးေနခဲ့ၾကမႈေၾကာင့္အားလုံးကသူတို႔အၾကားအမုန္းတရားေတြၿပီးဆုံးသြားၿပီလို႔ေတာင္ယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္တကယ္တမ္းမွာေတာ့၎တို႔အၾကားမွာမၿပီးဆုံးေသးပါဘူး။L’Equipe ရဲ႕ေဖာ္ျပခ်က္အရရာမို႔စ္ႏွင့္မက္ဆီတို႔အၾကားမွာေမးထူးေခၚေျပာအဆင့္ေလာက္သာရွိေသးေၾကာင္းသိရပါတယ္။

ရာမို႔စ္ႏွင့္မက္ဆီတို႔အၾကားမွာပီအက္စ္ဂ်ီအသင္းအဝတ္အစားလဲခန္းအတြင္းမွာေကာင္းမြန္တဲ့ရင္းႏွီးမႈမတည္ေဆာက္ရေသးပါဘူး။

ရာမို႔စ္ဟာေျခသလုံးဒဏ္ရာေၾကာင့္ယခုရာသီမွာပီအက္စ္ဂ်ီအတြက္တစ္ပြဲမွ်မကစားရေသးဘူးဆိုေပမယ့္ပီအက္စ္ဂ်ီမွာကစားသမားေတာ္ေတာ္မ်ားမ်ားႏွင့္ခိုင္မာတဲ့ရင္းႏွီးမႈတည္ေဆာက္ထားႏိုင္ၿပီျဖစ္ပါတယ္။ဒါေပမယ့္သူဟာမက္ဆီႏွင့္ေတာ့ေကာင္းမြန္တဲ့ဆက္ဆံေရးမတည္ေဆာက္ေသးပါဘူး။

L’Equipe ကရာမို႔စ္ႏွင့္မက္ဆီတို႔ဟာ၎တို႔အၾကားအယ္ကလက္စီကိုအမုန္းတရားမ်ားကိုပယ္ဖ်က္ၾကျခင္းမရွိေသးေၾကာင္းေဖာ္ျပသြားပါတယ္။

ရာသီအစတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရာရာမို႔စ္ဟာပဲရစ္တြင္ေနအိမ္သစ္ရွာမရလို႔ဟိုတယ္တြင္ငွားရမ္းေနထိုင္ေနတဲ့မက္ဆီကိုသူ႔အိမ္မွာလာၿပီးေနထိုင္ဖို႔ေျပာၿပီးၿငိမ္းခ်မ္းေရးကမ္းလွမ္းမႈလုပ္ေပမယ့္မက္ဆီကျငင္းခဲ့ေၾကာင္းသိရပါတယ္။

မက္ဆီဟာယခုရာသီမွာပီအက္စ္ဂ်ီအတြ္က၈ပြဲကစားထားၿပီးရာမို႔စ္ကေတာ့မကစားႏိုင္ေသးပါဘူး။ဒါေပမယ့္ရာမို႔စ္ဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္လို႔ယခုလေႏွာင္းပိုင္းမွာျပန္ကစားႏိုင္ဖို႔ရွိပါတယ္။