
ပီအက်စ်ဂျီသို့ပြောင်းရွှေ့လာပြီးနောက်အိမ်သစ်ရှာမရဖြစ်နေခဲ့တဲ့လီယွန်နယ်မက်ဆီနှင့်သူ့မိသားစုဟာယခုအခါ အိမ်သစ်ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ပါတယ်။
မက်ဆီနှင့်သူ့မိသားစုဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပီအက်စ်ဂျီသို့ပြောင်းလာပြီးနောက်ပဲရစ်ရှိ Royal Monceau တွင်နေထိုင်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်းဇနီးသည်အန်တိုနယ်လာဟာသူတို့မိသားစုအမြဲတမ်းနေထိုင်ဖို့အတွက်နေအိမ်တစ်လုံးရှာဖွေနေခဲ့တာဖြစ်ပြီးယခုအခါပြီးပြည့်စုံတဲ့အိမ်တစ်လုံးရှာဖွေတွေ့ရှိသွားပြီဖြစ်ပါတယ်။
မက်ဆီရဲ့ဇနီးသည်ဟာပေါင်၄၁သန်းအထိတန်ဖိုးရှိတဲ့ရဲတိုက်တစ်လုံးတွေ့ရှိသွားခဲ့ပြီဖြစ်ပါတယ်။အဆိုပါရဲတိုက်ကို၁၈၉၉ခုနှစ်တုန်းကတည်ဆောက်ခဲ့တာဖြစ်ပြီးအိပ်ခန်းပေါင်း ၃၀ပါဝင်တဲ့အပြင်ရေကူးကန်၊အိမ်တွင်းရုပ်ရှင်ရုံ၊အားကစားခန်းမ၊တင်းနစ်ကွင်းတို့လည်းပါဝင်ပါတယ်။ဒါ့အပြင်ဂိုထောင်ပါဝင်တဲ့အပြင်ဝန်ထမ်းများအတွက်အိမ်ယာလည်းပါဝင်ပါသေးတယ်။
လက်ရှိအချိန်တွင်အန်တိုနယ်လာဟာယင်းရဲတိုက်ကိုအကြိုက်တွေ့နေပြီးခင်ပွန်းသည်မက်ဆီနှင့်တိုင်ပင်ကာအပြီးသတ်ဆုံးဖြတ်ချက်ချသွားပါမယ်။
အဆိုပါရဲတိုက်မှာပီအက်စ်ဂျီအသင်းရဲ့လေ့ကျင့်ရေးကွင်းနှင့်၁၅မိနစ်အကွာအဝေးတွင်သာရှိရာမက်ဆီမှာလည်းအကြိုက်တွေ့လာရဖို့ရှိနေပါတယ်။
ယင်းရဲတိုက်တွင်၁၉၄၀ဒုတိယကမ္ဘာစစ်တုန်းကပြင်သစ်သမ္မတဟောင်းချားလ်ဒီဂူလ်လဲ သုံးရက်ကြာနေထိုင်ခဲ့ဖူးပါတယ်။
မက်ဆီဟာလာမယ့်တနင်္ဂနွေနေ့မှာကစားမယ့်လိုင်ယွန်နှင့်ပွဲတွင်ပီအက်စ်ဂျီအတွက်ပထမဆုံးအိမ်ကွင်းပွဲစဉ်ကစားသွားဖို့ရှိပါတယ်။
ZawGyi
ပဲရစ်အနီး ပေါင် ၄၁ သန်းတန် အိပ်ခန်း ၃၀ ပါ ရဲတိုက်သို့ ပြောင်းရွှေ့နေထိုင်တော့မယ့် လီယွန်နယ်မက်ဆီ