
ပဲရစ်ဟာပြင်သစ်ရှိအခြားမြို့အမြောက်အမြားများနှင့်အတူ ကာတာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်သဘာဝပတ်ဝန်းကျင်ဖျက်ဆီးနေမှုများအပေါ် သပိတ်မှောက်တဲ့အနေဖြင့် Public Area နှင့် Fan Zone များပြုလုပ်ကာကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုရုပ်သံမှပြသသွားမှာမဟုတ်ပါဘူး။
ပြင်သစ်ရှိ မြို့များဟာ“last minute crisis of conscience” အစီအစဉ်ဖြင့် လာမယ့်လတွင်ကာတာနိုင်ငံကကျင်းပမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကိုသပိတ်မှောက်မှုပြုလုပ်လာကြမှာဖြစ်ပါတယ်။
မာဆေးလ်၊လိုင်လီ၊ဘော်ဒိုး၊ရိမ်း၊နန်စီ၊ရိုဒီနှင့်ပဲရစ်တို့မှဒေသခံအာဏာပိုင်တို့ကကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်ရဲ့ပွဲများကို Public Area တွင်ပြသသွားမှာမဟုတ်ကြောင်းကြေညာလာပါတယ်။
ထူးခြားတာကတော့ပဲရစ်မှာ ကာတာအစိုးရပိုင် ပီအက်စ်ဂျီအသင်းအခြေစိုက်နေတဲ့မြို့လည်းဖြစ်နေတာဖြစ်ပါတယ်။
ဒါ့အပြင်ပြင်သစ်နှင့်ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးအဲရစ်ကန်တိုနာကလည်းလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပွဲတစ်ပွဲမျှကြည့်သွားမှာမဟုတ်ကြောင်းလည်းဆိုထားပါတယ်။
ZawGyi
ပဲရစ်အပါအဝင် ပြင်သစ်ရှိ မြို့အမြောက်အမြားတွင် ကမ္ဘာ့ဖလားပွဲများကို ရုပ်သံမှမပြဘဲ သပိတ်မှောက်မည်