ပဲလေ့စ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် ခံစစ်ပြဿနာကြုံနေရပြီဖြစ်တဲ့အာဆင်နယ်

အာဆင်နယ်ဟာပထမအသင်းကစားသမားငါးဦးအထိဒဏ်ရာရရှိနေမှုနှင့်အတူခရစ္စတယ်ပဲလေ့စ်နှင့်ရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်လန်ဒန်ဒါဘီအဖွင့်ပွဲစဉ်အတွက်ပြဿနာကြုံတွေ့နေရပြီဖြစ်ပါတယ်။

အာဆင်နယ်နည်းပြမီခေးလ်အာတီတာကနောက်ခံလူများဖြစ်ကြတဲ့ကီရန်တီယာနေး၊တာကီဟီရိုတိုမီယာဆုနှင့်ဘင်ဝှိုက်တို့မှာခရစ္စတယ်ပဲလေ့စ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကိုလွဲနိုင်ကြောင်းအတည်ပြုလာပါတယ်။

ဒါ့အပြင်အာဆင်နယ်ဟာအလယ်တန်းဖန်တီးရှင်များဖြစ်ကြတဲ့အီမီလီစမစ်ရိုးနှင့်ကစားသမားသစ်ဖေဘီယိုဗီအဲရာတို့ကိုပဲလေ့စ်နှင့်ပွဲတွင်အသုံးပြုလာနိုင်ဖို့ မရှိသေးပါဘူး။

စမစ်ရိုးမှာကြွက်သားဒဏ်ရာရရှိနေတာဖြစ်ပြီးဖေဘီယိုဗီအဲရာမှာအရိုးဒဏ်ရာရရှိနေတာဖြစ်ပါတယ်။

နွေရာသီတွင်ပေါ်တိုမှပြောင်းလာတဲ့ပေါ်တူဂီကစားသမားဗီအဲရာမှာယခုလအစောပိုင်းတုန်းက Protective Boot ဝတ်ဆင်နေခဲ့တာတွေ့ရပြီးယခုတိုင် အာဆင်နယ်နှင့်လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးပါဘူး။

အာတီတာက “ကီရန်(တီယာနေး)မှာပြဿနာနည်းနည်းရှိနေတယ်။အီမီလီ(စမစ်ရိုး)မှာလည်းကြွက်သားဒဏ်ရာရှိနေတယ်။တိုမီယာဆုနဲ့ဘင်(ဝှိုက်)မှာလည်းဒီအတိုင်းပဲ။ဗီအဲရာမှာအရိုးပြဿနာရှိတယ်။ဒီအပတ်မှာတော့လေ့ကျင့်ခန်းဆင်းနိုင်ဖို့မျှော်လင့်ရတယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီအစတုန်းကလည်းဒဏ်ရာပြဿနာများ၊ကိုဗစ်ပြဿနာများနှင့်ကြုံတွေ့ရကာ ဘရန့်ဖို့ဒ်၊ချဲလ်ဆီး၊မန်စီးတီးတို့အားသုံးပွဲဆက်အရှုံးကြုံခဲ့ရပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ပဲလေ့စ်နှင့်ရင်ဆိုင်ရပါမယ်။အာဆင်နယ်ဟာပဲလေ့စ်နှင့်နောက်ဆုံး၈ပွဲရင်ဆိုင်ရမှာတစ်ပွဲတည်းသာအနိုင်ရထားပါတယ်။အာဆင်နယ်ဟာပဲလေ့စ်ပွဲအပြီးတွင်လက်စတာ၊ဘုန်းမောက်၊ဖူလ်ဟမ်တို့နှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ပဲေလ့စ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲအတြက္ ခံစစ္ျပႆနာႀကဳံေနရၿပီျဖစ္တဲ့အာဆင္နယ္

အာဆင္နယ္ဟာပထမအသင္းကစားသမားငါးဦးအထိဒဏ္ရာရရွိေနမႈႏွင့္အတူခရစၥတယ္ပဲေလ့စ္ႏွင့္ရင္ဆိုင္ရမယ့္ပရီးမီးယားလိဂ္လန္ဒန္ဒါဘီအဖြင့္ပြဲစဥ္အတြက္ျပႆနာႀကဳံေတြ႕ေနရၿပီျဖစ္ပါတယ္။

အာဆင္နယ္နည္းျပမီေခးလ္အာတီတာကေနာက္ခံလူမ်ားျဖစ္ၾကတဲ့ကီရန္တီယာေနး၊တာကီဟီ႐ိုတိုမီယာဆုႏွင့္ဘင္ဝႈိက္တို႔မွာခရစၥတယ္ပဲေလ့စ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲကိုလြဲႏိုင္ေၾကာင္းအတည္ျပဳလာပါတယ္။

ဒါ့အျပင္အာဆင္နယ္ဟာအလယ္တန္းဖန္တီးရွင္မ်ားျဖစ္ၾကတဲ့အီမီလီစမစ္႐ိုးႏွင့္ကစားသမားသစ္ေဖဘီယိုဗီအဲရာတို႔ကိုပဲေလ့စ္ႏွင့္ပြဲတြင္အသုံးျပဳလာႏိုင္ဖို႔ မရွိေသးပါဘူး။

စမစ္႐ိုးမွာႂကြက္သားဒဏ္ရာရရွိေနတာျဖစ္ၿပီးေဖဘီယိုဗီအဲရာမွာအ႐ိုးဒဏ္ရာရရွိေနတာျဖစ္ပါတယ္။

ေႏြရာသီတြင္ေပၚတိုမွေျပာင္းလာတဲ့ေပၚတူဂီကစားသမားဗီအဲရာမွာယခုလအေစာပိုင္းတုန္းက Protective Boot ဝတ္ဆင္ေနခဲ့တာေတြ႕ရၿပီးယခုတိုင္ အာဆင္နယ္ႏွင့္ေလ့က်င့္ခန္းဆင္းႏိုင္ျခင္းမရွိေသးပါဘူး။

အာတီတာက “ကီရန္(တီယာေနး)မွာျပႆနာနည္းနည္းရွိေနတယ္။အီမီလီ(စမစ္႐ိုး)မွာလည္းႂကြက္သားဒဏ္ရာရွိေနတယ္။တိုမီယာဆုနဲ႔ဘင္(ဝႈိက္)မွာလည္းဒီအတိုင္းပဲ။ဗီအဲရာမွာအ႐ိုးျပႆနာရွိတယ္။ဒီအပတ္မွာေတာ့ေလ့က်င့္ခန္းဆင္းႏိုင္ဖို႔ေမွ်ာ္လင့္ရတယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအစတုန္းကလည္းဒဏ္ရာျပႆနာမ်ား၊ကိုဗစ္ျပႆနာမ်ားႏွင့္ႀကဳံေတြ႕ရကာ ဘရန႔္ဖို႔ဒ္၊ခ်ဲလ္ဆီး၊မန္စီးတီးတို႔အားသုံးပြဲဆက္အရႈံးႀကဳံခဲ့ရပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ပဲေလ့စ္ႏွင့္ရင္ဆိုင္ရပါမယ္။အာဆင္နယ္ဟာပဲေလ့စ္ႏွင့္ေနာက္ဆုံး၈ပြဲရင္ဆိုင္ရမွာတစ္ပြဲတည္းသာအႏိုင္ရထားပါတယ္။အာဆင္နယ္ဟာပဲေလ့စ္ပြဲအၿပီးတြင္လက္စတာ၊ဘုန္းေမာက္၊ဖူလ္ဟမ္တို႔ႏွင့္ရင္ဆိုင္ရပါမယ္။