ပဲလေ့စ်နှင့်ပွဲစဉ်မှ အဝါကတ်ကြောင့် အာဆင်နယ်နှင့် အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်တော့မဲ့ ယူနိုက်တက်စတားကက်စ်မီရို

ယူနိုက်တက်ဟာ မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်နှင့်သရေကျတဲ့ပွဲတွင် ကက်စ်မီရိုအဝါကတ်ပြသခြင်းခံရမှုကြောင့်တနင်္ဂနွေနေ့အရေးပါတဲ့ အာဆင်နယ်နှင့်ပွဲစဉ်ကိုလွဲချော်မှာဖြစ်လို့ ကြီးမားတဲ့ထိုးနှက်ချက်ကြုံနေရပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမားဟာပဲလေ့စ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်အဝါကတ်ပြသခြင်းခံရပြီးနောက်ယခုရာသီပရီးမီးယားလိဂ်အဝါကတ် ၅ ကတ်ရှိသွားပြီဖြစ်ပြီးအမ်းမရိတ်ကွင်းသို့သွားရောက်ကစားရမဲ့ ပွဲကိုလွဲပါမယ်။

ဘရာဇီးကွင်းလယ်ကစားသမားဟာခရစ္စတယ်ပဲလေ့စ်စတားဝီဖရိုင်းဇာဟာကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့်အဝါကတ်ပြသခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာချိန်သားကိုက်အရေးပါတဲ့အာဆင်နယ်နှင့်ပွဲစဉ်ကိုအရေးပါတဲ့ကွင်းလယ်ကစားသမားကက်စ်မီရိုကိုဆုံးရှုံးရမှာဖြစ်လို့ထိုးနှက်ချက်ကြုံနေရပြီ ဖြစ်ပါတယ်။

အသက်၃၀နှစ်ရှိကက်စ်မီရိုဟာနွေရာသီတွင်ရီးရဲလ်မက်ဒရစ်မှပြောင်းရွှေ့လာပြီးနောက်ယူနိုက်တက်ကွင်းလယ်တွင်အရေးပါတဲ့သူအဖြစ်ပါဝင်လာခဲ့သူဖြစ်ပြီးပဲလေ့စ်နှင့်ပွဲမတိုင်မီ၉ပွဲဆက်နိုင်ပွဲရရှိခဲ့ရာမှာအဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့သူလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာမနေ့ညတုန်းကပဲလေ့စ်နှင့်ပွဲတွင်သရေကျမှုကြောင့် ထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၈မှတ်ကွာဟနေပါတယ်။

ဒါပေမဲ့၎င်းတို့အနေဖြင့်အမ်းမရိတ်တွင် နိုင်ပွဲရယူနိုင်မည်ဆိုပါကရမှတ် ၅ မှတ်သာကွာခြားနိုင်အောင်လုပ်ဆောင်နိုင်လာမယ်။

ZawGyi

ပဲေလ့စ္ႏွင့္ပြဲစဥ္မွ အဝါကတ္ေၾကာင့္ အာဆင္နယ္ႏွင့္ အေရးပါတဲ့ ပရီးမီးယားလိဂ္ပြဲကို လြဲေခ်ာ္ေတာ့မဲ့ ယူႏိုက္တက္စတားကက္စ္မီ႐ို

ယူႏိုက္တက္ဟာ မေန႔ညတုန္းက ခရစၥတယ္ပဲေလ့စ္ႏွင့္သေရက်တဲ့ပြဲတြင္ ကက္စ္မီ႐ိုအဝါကတ္ျပသျခင္းခံရမႈေၾကာင့္တနဂၤေႏြေန႔အေရးပါတဲ့ အာဆင္နယ္ႏွင့္ပြဲစဥ္ကိုလြဲေခ်ာ္မွာျဖစ္လို႔ ႀကီးမားတဲ့ထိုးႏွက္ခ်က္ႀကဳံေနရပါတယ္။

ယူႏိုက္တက္ကြင္းလယ္ကစားသမားဟာပဲေလ့စ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္အဝါကတ္ျပသျခင္းခံရၿပီးေနာက္ယခုရာသီပရီးမီးယားလိဂ္အဝါကတ္ ၅ ကတ္ရွိသြားၿပီျဖစ္ၿပီးအမ္းမရိတ္ကြင္းသို႔သြားေရာက္ကစားရမဲ့ ပြဲကိုလြဲပါမယ္။

ဘရာဇီးကြင္းလယ္ကစားသမားဟာခရစၥတယ္ပဲေလ့စ္စတားဝီဖ႐ိုင္းဇာဟာကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈေၾကာင့္အဝါကတ္ျပသျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာခ်ိန္သားကိုက္အေရးပါတဲ့အာဆင္နယ္ႏွင့္ပြဲစဥ္ကိုအေရးပါတဲ့ကြင္းလယ္ကစားသမားကက္စ္မီ႐ိုကိုဆုံးရႈံးရမွာျဖစ္လို႔ထိုးႏွက္ခ်က္ႀကဳံေနရၿပီ ျဖစ္ပါတယ္။

အသက္၃၀ႏွစ္ရွိကက္စ္မီ႐ိုဟာေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္မွေျပာင္းေ႐ႊ႕လာၿပီးေနာက္ယူႏိုက္တက္ကြင္းလယ္တြင္အေရးပါတဲ့သူအျဖစ္ပါဝင္လာခဲ့သူျဖစ္ၿပီးပဲေလ့စ္ႏွင့္ပြဲမတိုင္မီ၉ပြဲဆက္ႏိုင္ပြဲရရွိခဲ့ရာမွာအဓိကအခန္းက႑မွ ပါဝင္လာခဲ့သူလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ဟာမေန႔ညတုန္းကပဲေလ့စ္ႏွင့္ပြဲတြင္သေရက်မႈေၾကာင့္ ထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၈မွတ္ကြာဟေနပါတယ္။

ဒါေပမဲ့၎တို႔အေနျဖင့္အမ္းမရိတ္တြင္ ႏိုင္ပြဲရယူႏိုင္မည္ဆိုပါကရမွတ္ ၅ မွတ္သာကြာျခားႏိုင္ေအာင္လုပ္ေဆာင္ႏိုင္လာမယ္။