
အဲဗာတန်ဟာမေလ၁၉ရက်နေ့တုန်းကဂူဒီဆင်ပါ့ခ်တွင်ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရရှိတဲ့ပွဲစဉ်အတွင်းနှစ်ကြိမ်တိုင်တိုင်ပရိသတ်များကွင်းအတွင်းဝင်ရောက်မှုကြောင့်ပေါင်၃၀၀၀၀၀ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
အိမ်ရှင်အဲဗာတန်ဟာယင်းပွဲစဉ်တွင်အနိုင်ရရှိကာပရီးမီးယားလိဂ်တွင်ဆက်လက်ရှင်သန်ရေးသေချာသွားခဲ့ပါတယ်။
ပရိသတ်များဟာပွဲချိန်၈၅မိနစ်တွင်ဒိုမီနစ်ကယ်ဗတ်လူးဝစ်က ၈၅မိနစ်မှာအနိုင်ဂိုးသွင်းလိုက်ပြီးနောက် ကွင်းအတွင်းဝင်ရောက်ခဲ့သလိုပွဲအပြီးတွင်လည်းကွင်းအတွင်းဝင်ရောက်ခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်ဟာကွင်းအတွင်းပရိသတ်များဝင်ရောက်တဲ့ဖြစ်ရပ်များကြောင့်အကြီးအကျယ်တုန်လှုပ်ခဲ့ရပြီးယခုရာသီမှစတင်ကာကွင်းအတွင်းဝင်ရောက်သူများကိုတစ်နှစ်ကြာပွဲကြည့်ခွင့်ပိတ်ပင်မယ်လို့ကြေညာခဲ့ပါတယ်။
အဲဗာတန်နှင့်ပွဲအပြီးတွင်ခရစ္စတယ်ပဲလေ့စ်နည်းပြပက်ထရစ်ဗီအဲရာဟာကွင်းအတွင်းမှထွက်ခွာလာစဉ်သူ့ကိုရန်မူရန်ကြိုးပမ်းတဲ့အဲဗာတန်ပရိသတ်တစ်ဦးကိုပြန်လည်တိုက်ခိုက်မှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။ဗီအဲရာဟာအထက်ပါဖြစ်ရပ်အတွက်တစုံတရာအရေးယူခြင်းမခံခဲ့ရပါဘူး။
ZawGyi
ပဲေလ့စ္ႏွင့္ပြဲတြင္ ပရိသတ္မ်ား ကြင္းအတြင္း ဝင္ေရာက္မႈေၾကာင့္ အဲဗာတန္ ေပါင္ ၃၀၀၀၀၀ ဒဏ္႐ိုက္ခံရ
အဲဗာတန္ဟာေမလ၁၉ရက္ေန႔တုန္းကဂူဒီဆင္ပါ့ခ္တြင္ခရစၥတယ္ပဲေလ့စ္ကိုအႏိုင္ရရွိတဲ့ပြဲစဥ္အတြင္းႏွစ္ႀကိမ္တိုင္တိုင္ပရိသတ္မ်ားကြင္းအတြင္းဝင္ေရာက္မႈေၾကာင့္ေပါင္၃၀၀၀၀၀ဒဏ္႐ိုက္ျခင္းခံလာရပါတယ္။
အိမ္ရွင္အဲဗာတန္ဟာယင္းပြဲစဥ္တြင္အႏိုင္ရရွိကာပရီးမီးယားလိဂ္တြင္ဆက္လက္ရွင္သန္ေရးေသခ်ာသြားခဲ့ပါတယ္။
ပရိသတ္မ်ားဟာပြဲခ်ိန္၈၅မိနစ္တြင္ဒိုမီနစ္ကယ္ဗတ္လူးဝစ္က ၈၅မိနစ္မွာအႏိုင္ဂိုးသြင္းလိုက္ၿပီးေနာက္ ကြင္းအတြင္းဝင္ေရာက္ခဲ့သလိုပြဲအၿပီးတြင္လည္းကြင္းအတြင္းဝင္ေရာက္ခဲ့ၾကပါတယ္။
ပရီးမီးယားလိဂ္ဟာကြင္းအတြင္းပရိသတ္မ်ားဝင္ေရာက္တဲ့ျဖစ္ရပ္မ်ားေၾကာင့္အႀကီးအက်ယ္တုန္လႈပ္ခဲ့ရၿပီးယခုရာသီမွစတင္ကာကြင္းအတြင္းဝင္ေရာက္သူမ်ားကိုတစ္ႏွစ္ၾကာပြဲၾကည့္ခြင့္ပိတ္ပင္မယ္လို႔ေၾကညာခဲ့ပါတယ္။
အဲဗာတန္ႏွင့္ပြဲအၿပီးတြင္ခရစၥတယ္ပဲေလ့စ္နည္းျပပက္ထရစ္ဗီအဲရာဟာကြင္းအတြင္းမွထြက္ခြာလာစဥ္သူ႔ကိုရန္မူရန္ႀကိဳးပမ္းတဲ့အဲဗာတန္ပရိသတ္တစ္ဦးကိုျပန္လည္တိုက္ခိုက္မႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။ဗီအဲရာဟာအထက္ပါျဖစ္ရပ္အတြက္တစုံတရာအေရးယူျခင္းမခံခဲ့ရပါဘူး။