ပဲလေ့စ်နှင့်ပွဲမှာ အမိုက်စား ဂိုးသွင်းယူပြီးနောက် ကန်တိုနာစတိုင်ဖြင့် ဂိုးသွင်းအောင်ပွဲခံခဲ့တဲ့ ကီတာ

လီဗာပူးကွင်းလယ်ကစားသမားနာဘေးကီတာဟာမနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလှပတဲ့ဂိုးတစ်ဂိုးသွင်းယူပြီးနောက်မန်ယူဂန္ထဝင်တိုက်စစ်မှူးအဲရစ်ကန်တိုနာကဲ့သို့အောင်ပွဲခံခဲ့ပါတယ်။

ယခုရာသီမှာချဲလ်ဆီးနှင့်သာသရေကျပြီးပွဲတိုင်းအနိုင်ရရှိထားတဲ့ကလော့ပ်ရဲ့လီဗာပူးဟာ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှာလည်းအကောင်းဆုံးပုံစံဆက်လက်ပြသခဲ့ပါတယ်။

လီဗာပူးဟာမိုဟာမက်ဆာလက်၊မာနေး၊ကီတာတို့ရဲ့သွင်းဂိုးများဖြင့် ပြီးခဲ့တဲ့အပတ်က စပါးစ်ကို၃ဂိုးပြတ်အနိုင်ယူခဲ့တဲ့ခရစ္စတယ်ပဲလေ့စ်ကို၃ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ယခုပွဲမှာဂိုးသွင်းခဲ့တဲ့မာနေးဟာပရီးမီးယားလိဂ်ဂိုးရာပြည့်ခဲ့ပြီဖြစ်ပါတယ်။

ယင်းပွဲစဉ်မှာပွဲပြီးခါနီးမှာကီတာဟာဧရိယာအစပ်ကနေလှပတဲ့မြေမကျဂိုးသွင်းယူခဲ့ပါတယ်။ယင်းနောက်သူဟာမန်ယူဂန္ထဝင်တိုက်စစ်မှူးအဲရစ်ကန်တိုနာလိုမလှုပ်မယှက်ဘဲ အောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးအသင်းဟာပဲလေ့စ်နိုင်ပွဲကြောင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။

ZawGyi

ပဲေလ့စ္ႏွင့္ပြဲမွာ အမိုက္စား ဂိုးသြင္းယူၿပီးေနာက္ ကန္တိုနာစတိုင္ျဖင့္ ဂိုးသြင္းေအာင္ပြဲခံခဲ့တဲ့ ကီတာ

လီဗာပူးကြင္းလယ္ကစားသမားနာေဘးကီတာဟာမေန႔ညတုန္းက ခရစၥတယ္ပဲေလ့စ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလွပတဲ့ဂိုးတစ္ဂိုးသြင္းယူၿပီးေနာက္မန္ယူဂႏၴဝင္တိုက္စစ္မႉးအဲရစ္ကန္တိုနာကဲ့သို႔ေအာင္ပြဲခံခဲ့ပါတယ္။

ယခုရာသီမွာခ်ဲလ္ဆီးႏွင့္သာသေရက်ၿပီးပြဲတိုင္းအႏိုင္ရရွိထားတဲ့ကေလာ့ပ္ရဲ႕လီဗာပူးဟာ ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္မွာလည္းအေကာင္းဆုံးပုံစံဆက္လက္ျပသခဲ့ပါတယ္။

လီဗာပူးဟာမိုဟာမက္ဆာလက္၊မာေနး၊ကီတာတို႔ရဲ႕သြင္းဂိုးမ်ားျဖင့္ ၿပီးခဲ့တဲ့အပတ္က စပါးစ္ကို၃ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ခရစၥတယ္ပဲေလ့စ္ကို၃ဂိုးျပတ္အႏိုင္ယူခဲ့ပါတယ္။ယခုပြဲမွာဂိုးသြင္းခဲ့တဲ့မာေနးဟာပရီးမီးယားလိဂ္ဂိုးရာျပည့္ခဲ့ၿပီျဖစ္ပါတယ္။

ယင္းပြဲစဥ္မွာပြဲၿပီးခါနီးမွာကီတာဟာဧရိယာအစပ္ကေနလွပတဲ့ေျမမက်ဂိုးသြင္းယူခဲ့ပါတယ္။ယင္းေနာက္သူဟာမန္ယူဂႏၴဝင္တိုက္စစ္မႉးအဲရစ္ကန္တိုနာလိုမလႈပ္မယွက္ဘဲ ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

လီဗာပူးအသင္းဟာပဲေလ့စ္ႏိုင္ပြဲေၾကာင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာသို႔တက္လွမ္းႏိုင္ခဲ့ပါတယ္။