
ယူနိုက်တက်စတားများဖြစ်ကြတဲ့ဘရူနိုဖာနန်ဒက်စ်နှင့်အန်တိုနီတို့ဟာSelhurst Parkတွင်ခရစ္စတယ်ပဲလေ့စ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်ကွင်းအတွင်းအချင်းများခဲ့ကြပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာအဆိုပါပွဲစဉ်တွင်ယူနိုက်တက်အတွက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့မိုက်ကယ်အိုလစ်ကဖရီးကစ်မှတဆင့်ပဲလေ့စ်အတွက်အဖိုးတန်ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ဟာကွင်းအတွင်းတွင်ဘရာဇီးတောင်ပံကစားသမားအန်တိုနီနှင့်အချင်းများခဲ့တာတွေ့ရပါတယ်။
၎င်းတို့နှစ်ဦးဟာဆယ်စက္ကန့်ကျော်ကြာအချင်းများခဲ့ကြတာလည်းဖြစ်ပါတယ်။ဗီဒီယိုဖိုင်အရအန်တိုနီဟာအသင်းခေါင်းဆောင်ဖာနန်ဒက်စ်ကိုအော်ဟစ်ပြောဆိုမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။
ယူနိုက်တက်ဟာမနေ့ညကပဲလေ့စ်နှင့်တစ်ဂိုးစီသရေကျမှုကြောင့်၉ပွဲဆက်အနိုင်ရပ်တန့်သွားခဲ့ပေမဲ့လည်းဒုတိယနေရာမှမန်စီးတီးနှင့်ရမှတ်တူသွားကာထိပ်ဆုံးမှအာဆင်နယ်နှင့်၈မှတ်သာကွာဟပါတော့တယ်။
ယူနိုက်တက်ဟာယခုအပတ်အကုန်တွင်ချန်ပီယံဆုအတွက်စိန်ခေါ်နိုင်ခြင်းရှိ/မရှိအဆုံးအဖြတ်ပေးမဲ့ပွဲအဖြစ်အမ်းမရိတ်သို့သွားရောက်ကာအာဆင်နယ်ကိုရင်ဆိုင်ကစားရပါမယ်။
ZawGyi
ပဲေလ့စ္ႏွင့္သေရက်တဲ့ပြဲတြင္ ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ အန္တိုနီတို႔ ကြင္းအတြင္း အခ်င္းမ်ား
ယူႏိုက္တက္စတားမ်ားျဖစ္ၾကတဲ့ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္အန္တိုနီတို႔ဟာSelhurst Parkတြင္ခရစၥတယ္ပဲေလ့စ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္ကြင္းအတြင္းအခ်င္းမ်ားခဲ့ၾကပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာအဆိုပါပြဲစဥ္တြင္ယူႏိုက္တက္အတြက္ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့မိုက္ကယ္အိုလစ္ကဖရီးကစ္မွတဆင့္ပဲေလ့စ္အတြက္အဖိုးတန္ေခ်ပဂိုးသြင္းယူသြားခဲ့ပါတယ္။
အဆိုပါပြဲစဥ္တြင္ယူႏိုက္တက္အသင္းေခါင္းေဆာင္ဘ႐ူႏိုဖာနန္ဒက္စ္ဟာကြင္းအတြင္းတြင္ဘရာဇီးေတာင္ပံကစားသမားအန္တိုနီႏွင့္အခ်င္းမ်ားခဲ့တာေတြ႕ရပါတယ္။
၎တို႔ႏွစ္ဦးဟာဆယ္စကၠန႔္ေက်ာ္ၾကာအခ်င္းမ်ားခဲ့ၾကတာလည္းျဖစ္ပါတယ္။ဗီဒီယိုဖိုင္အရအန္တိုနီဟာအသင္းေခါင္းေဆာင္ဖာနန္ဒက္စ္ကိုေအာ္ဟစ္ေျပာဆိုမႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။
ယူႏိုက္တက္ဟာမေန႔ညကပဲေလ့စ္ႏွင့္တစ္ဂိုးစီသေရက်မႈေၾကာင့္၉ပြဲဆက္အႏိုင္ရပ္တန႔္သြားခဲ့ေပမဲ့လည္းဒုတိယေနရာမွမန္စီးတီးႏွင့္ရမွတ္တူသြားကာထိပ္ဆုံးမွအာဆင္နယ္ႏွင့္၈မွတ္သာကြာဟပါေတာ့တယ္။
ယူႏိုက္တက္ဟာယခုအပတ္အကုန္တြင္ခ်န္ပီယံဆုအတြက္စိန္ေခၚႏိုင္ျခင္းရွိ/မရွိအဆုံးအျဖတ္ေပးမဲ့ပြဲအျဖစ္အမ္းမရိတ္သို႔သြားေရာက္ကာအာဆင္နယ္ကိုရင္ဆိုင္ကစားရပါမယ္။